Sunday, March 16, 2014

ကမ္ဘောဒီးယား သစ်ခုတ် သမား ၁၅ ဦး ကို ထိုင်း စစ်တပ် ပစ်သတ်

ထိုင်း နယ်မြေ တွင်း သို့ တရား မဝင် ဝင်ရောက် ပြီး အဖိုးတန် သစ်များ ခုတ်ယူ ရန် ကြံစည် သည့် ကမ္ဘောဒီးယား ရွာသား ၁၅ ဦး ကို ထိုင်း စစ်သား များ က သောကြာနေ့ တွင် ပစ်သတ် ခဲ့သည်ဟု ကမ္ဘောဒီးယား တပ်မတော် က စွပ်စွဲ ပြောကြား လိုက်ကြောင်း CNA သတင်း တွင် ဖော်ပြ ထားသည်။ သစ်ခုတ် သမားများ ကို ထိုင်း တပ်မတော် က ပစ်သတ် သည်ဟု ကမ္ဘောဒီးယား က စွပ်စွဲ ပြောကြား ခဲ့သော်လည်း ထိုင်း အရာရှိ များ က ၎င်း သတင်း ကို ငြင်းဆို ထားသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ ကလည်း ထိုင်း နယ်မြေ တွင်းသို့ ကျူးကျော် သစ်ခုတ် သည့် ကမ္ဘောဒီးယား သစ်ခုတ် သမား ၁၂ ဦး ပစ် သတ် ခံခဲ့ ရပြီး ယင်း မတိုင် ခင် ရက် သတ္တ တစ်ပတ် အတွင်း ကလည်း သုံးဦး ပစ်သတ် ခံခဲ့ ရကြောင်း ကမ္ဘောဒီးယား ထောက်လှမ်း ရေး အရာရှိ ပရတ် က ပြော ကြား သည်။ “နယ်စပ် ဖြတ်ကျော် ပြီး သစ်မခုတ် ဖို့ အာဏာပိုင် တွေက ပြည်သူ တွေကို ပညာပေး ပြောကြား တာပဲ။ ဒါပေမဲ့ သစ်မာ က အရမ်း ကို တန်ဖိုး ကြီး တယ်” ဟု ၎င်းက ပြောကြား သည်။

ယင်းကဲ့ သို့သော ပစ်ခတ် မှုများ ဖြစ်ပွား ခဲ့ကြောင်း နယ်မြေ ခံ ကမ္ဘောဒီးယား စစ် ဒေသမှူး ပန်ဆောင် က အတည် ပြု ပြောကြား လိုက်သည်။

“ကမ္ဘောဒီးယား သစ်ခုတ် သမားတွေ ကို မသတ် ဖို့ ထိုင်း စစ်တပ် ကို အကြောင်း ကြား ထား ပါတယ်။ သူ တို့ကို ဖမ်းဆီး ထိန်းသိမ်း ဖို့၊ ဒဏ်ရိုက် ဖို့ပဲ ပြောထား ပါတယ်။ ဒါပေမဲ့ လည်း ထိုင်း တွေက ဆက်သတ် နေကြ ပါတယ်။ ကျွန်တော် တို့တွေ လည်း ဘာ ဆက်လုပ် ရမလဲ မသိပါ ဘူး” ဟု ပန်ဆောင် က ဆက်လက်ေ ပြာကြား သည်။

သို့သော် လည်း ယင်း ကဲ့သို့သော ပြောကြား ချက်ကို ဒေသခံ ထိုင်း စစ်တပ် ပြောရေး ဆိုခွင့် ရှိသူက ငြင်းဆို လိုက်ပြီး ကမ္ဘောဒီးယား နိုင်ငံ သား အများ အပြား သာ သတ်ဖြတ် ခံရ ပါက ဖနွမ်းပင် ထံမှ တရားဝင် ကန့်ကွက် မှုများ ပေါ်ပေါက် လာမည် ဖြစ်သည် ဟု တုံ့ပြန် လိုက်သည်။ ဒေါ်လာ ထောင် နှင့် ချီတန် သော သစ်မာ များ ကို ရှာဖွေ နိုင်ရန် ထိုင်း နယ်မြေ တွင်း သို့ ကမ္ဘောဒီးယား သစ်ခုတ် သမားများ မကြာ ခဏ ခိုးဝင် လေ့ ရှိပြီး တရုတ် နှင့် ဗီယက်နမ် နိုင်ငံ တို့တွင် သစ်မာ ဝယ်လို အား များပြား လျက် ရှိသည်။
ကမ္ဘော ဒီးယား နိုင်ငံ တွင်း နှစ်ပေါင်း များစွာ မဆင် မခြင် သစ်ခုတ် လှဲ ခဲ့ခြင်း ကြောင့် နိုင်ငံ၏ အဖိုးတန် သစ်တော သယံဇာတ များ ဆုံးရှုံး ခဲ့ရပြီး ယခု ကဲ့သို့ ထိုင်း နိုင်ငံ တွင်းသို့ တရား မဝင် ဝင်ရောက် ရှာဖွေ နေရ ခြင်း ဖြစ်သည်။ ယင်း ကဲ့သို့ သော ဝင်ရောက် ခုတ်လှဲ သူများ ကို ပစ်သတ် ခြင်း မပြု ဘဲ ဖမ်းဆီး ထိန်းသိမ်း ပေးရန် ကမ္ဘောဒီးယား ဝန်ကြီး ချုပ် ဟွန်ဆန် အပါ ဝင် အစိုးရ အရာရှိ များစွာ က ထိုင်း နိုင်ငံ ကို မကြာ ခဏ တိုက်တွန်း ပြော ကြား ထားသည်။

ထိုင်းနှင့် ကမ္ဘော ဒီးယား နှစ် နိုင်ငံ ကြားရှိ နယ်နိမိတ် ကိုလည်း လက်ရှိ အချိန်ထိ တရား ဝင် သတ်မှတ် ရခြင်း မရှိ သေးဘဲ နယ်စပ် ဖြတ်ကျော် ဝင်ရောက် သည့် ကမ္ဘော ဒီးယား သစ်ခုတ် သမား ၆၉ ဦး ကို ပြီးခဲ့ သည့် နှစ် အတွင်း ထိုင်း တပ်ဖွဲ့ဝင် များ က ပစ်သတ် ခဲ့ကြောင်း ကမ္ဘော ဒီးယား ပြည်ထဲရေး ဝန်ကြီး ဌာန က ထုတ်ပြန် ထားသည်။

The Voice Weekly

No comments:

Post a Comment