၂၄.၃.၂၀၁၄ ရက်နေ့ ၂၁၀၀အချိန်တွင်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုပြည့်စုံနိုင်မှ ၎င်း၏ညီဝမ်း ကွဲတော်စပ်သူ များသည် (၂၁)ရပ်ကွက်၊ လှော်ကား လမ်းထိပ်ရှိ
မိဘဂုဏ်ရှိန်သစ်စက်ရှေ့၌ ရပ်၍ ဖုန်းပြောနေစဉ်
သစ်ဆိုင်သို့လာသော ယာဉ်နှင့်မလွတ်သဖြင့်ဖယ်ခိုင်းရာမှစတင်ကာ သစ်စက်အလုပ်သမား
များနှင့် စကားများရန်ဖြစ်နေကြောင်းကြားသိရ၍ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊အဆိုပါနေရာတွင် ညီဖြစ်သူ များဖြစ်ကြသော ငြိမ်းချမ်းအောင်၊ ရန်နိုင်ထွန်း၊
နိုင်မင်းထွန်း၊ ဇင်ဖြိုးအောင်နှင့် ရဲမင်းထွန်းတို့မှာ
သစ်စက် အလုပ်သမားများနှင့် စကားများရန်ဖြစ်နေကြသည်ကို တွေ့ရှိရကြောင်း၊
ထိုသိုရန်ဖြစ်နေသဖြင့် ၎င်းမှ ၀င်ရောက်ဖျန်ဖြေပေးနေစဉ် သစ်စက်အလုပ်သမားများမှ
တုတ်၊ ဓါးများဖြင့် ၀ိုင်းဝန်းရိုက်နှက် ထိုးခုတ်ခဲ့ ကြကြောင်း၊
ထိုသို့ဖြစ်ပွားခဲ့သဖြင့် နိုင်မင်းထွန်း၊ (၂၈)နှစ်၊ (ဘ)ဦးဇော်ဝင်း၊
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်နေသူမှာ ယာနားထင်ပြတ်ရှဒဏ်ရာ၊
ဝမ်းဗိုက်အူထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေ ဆုံး သွားခဲ့ကြောင်း၊
၎င်းပါ(၅)ဦးတွင်လည်း ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းဆေးရုံနှင့်
ရန်ကုန်ဆေးရုံကြီးတို့၌ တက်ရောက်ကုသလျက် ရှိကြောင်းနှင့် ယင်းသို့ပြစ်မှုကျူးလွန်သူများကို အရေး ယူပေး ပါရန် တိုင်တန်းလာခဲ့ပါသည်။
ထိုသို့တိုင်တန်းချက်အရ
ဒဂုံတောင်မြို့မရဲစခန်း(ပ)၂၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၄/၃၂၅/၁၁၄ ဖြင့်
အမှု ဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ
ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ် သည့်
အဆိုပါသစ်စက် အလုပ်သမားများဖြစ်ကြသော ဟိန်းထက်စိုး (ဘ) ဦးအေးမောင်၊ ကိုဇင်(ဘ)
ဦးထွန်းငွေ၊ ခင်မောင်စန်း(ဘ)ဦးသောင်းရှိန်၊
အောင်ဖြိုးဝေ(ဘ)ဦးထွန်းကျော်နှင့် စိုးသူ(ဘ)ဦးနက်ကျော် တို့ (၅) ဦး ကို
ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းနှင့် ကျန်ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment