Saturday, March 1, 2014

ကလေးမြို့တွင် တစ်ပီပါအထက် လောင်စာဆီသိုလှောင်မှုများအား အရေးယူ

Photo: ကလေးမြို့တွင် တစ်ပီပါအထက် လောင်စာဆီသိုလှောင်မှုများအား အရေးယူ
Saturday, March 1, 2014

ကလေးမြို့တွင် နွေရာသီမီးဘေး အန္တရာယ်အတွက် တစ်ပီပါ အထက် လောင်စာဆီသိုလှောင်မှုများအား ဖမ်းဆီး အရေးယူနေကြောင်း သိရသည်။ ကလေးမြို့ အနီး ကျေး ရွာတစ်ရွာတွင် မီးလောင်မှု ဖြစ်ပြီးနောက် ပိုင်း ခရိုင်စီမံချက်ဖြင့် ယခုကဲ့သို့စစ်ဆေးအရေးယူမှုများကိုလည်း စတင်ခဲ့ကြောင်း မြို့နယ်ရဲဌာန စခန်းမှူး ဦးစိုး မြင့် က ပြော သည်။

လောင်စာဆီသိုလှောင်မှုများအား စစ်ဆေးအရေးယူခြင်းနှင့်ပတ်သက်ပြီး ကြို့သုံးပင်ရပ်ကွက်နေ ဆီသိုလှောင်ရောင်းချသူ ဦးနံပွီးက ”ကျွန်တော်အခု ဆီပီပါ ၈ လုံး ပါသွား တယ်။ နွေပေါက်တော့ ၁ ပီပါလောက်ထားပါလို့ သူတို့က ပြောတယ်။ အခုတင်ပဲဖမ်းရင်း ပြောသွားတာပါ။ အရင်က ခရက၊ မယက အစည်းအဝေးတွေ မှာ နွေ ပေါက် တဲ့အခါများများမသိုလှောင် နဲ့ ဝေးဝေးတွေမှာ ထားပါလို့ပြောထားတာတော့ ရှိပါတယ်”လို့ ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကလေးမြို့နယ်ရဲဌာနသို့သွားရောက် မေးမြန်း ရာတွင်မြို့နယ်ရဲစခန်း တာဝန်ရှိသူ ရဲဝန်ထမ်းတစ်ဦးက ”ဒီအမှုတွေက ရဲအရေးပိုင်အမှုတွေ မ ဟုတ်ပါဘူး။ တရားရုံးကပဲ စစ်ဆေးမှာပါ။ အချက်အလက်ကလေးတွေတော့ ရှိပါတယ်”ဟု ပေါ်ပြူလာနယူးစ် သို့ ဖြေကြားခဲ့သည်။ ဆီသိုလှောင်မှု ပမာဏတစ်ပီပါ ထက်ကျော်သော သိုလှောင်မှုများကို လိုက်လံစစ်ဆေးအရေးယူပြီး တစ်ပီပါထက်ပိုသောဆီ များအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး အရေး ယူမှုအနေဖြင့် သတ် မှတ်ချက်ထက် ကျော်လွန်သောဆီသိုလှောင်သူ များ ရောင်းချသူများ အား ဒဏ်ကြေးငွေ ကျပ် ၅ဝဝ အား ချမှတ်ခဲ့ကြောင်း သိရသည်။

ယခင်က ၎င်းတို့ဆီဆိုင်များအတွက်သီးသန့်နေရာသတ်မှတ်ပေး သည့် နေ ရာတွင် ရောင်းခဲ့ကြောင်း ယခုဆီအရောင်း ဇုန်သတ်မှတ်ပေးရန် လည်းလိုအပ်ကြောင်း ယခု အစိုးရအနေဖြင့် သတ်မှတ်ပေးထားခြင်းမရှိသေး ပဲ စစ်ဆေးအရေးယူမှု လုပ်ခြင်းထက် သတ်မှတ်နေရာတွေ စီစဉ်ပေးပြီးမှ လုပ်တာက ပိုကောင်းမယ်ထင်ကြောင်း ဆီ သိုလှောင်မှုတွင် အရေးယူခံခဲ့ရ သူ ဆီဆိုင်ရှင်တစ်ဦးက ပြောပြချက်အရ သိရသည်။

ဆက်လက်ပြီး ၎င်းက ”တကယ်တော့ ဒီလိုဆီသိုလှောင်တာတွေကို ဖမ်းဆီးစစ်ဆေးတာဟာ တရားမမျှတဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က မြို့ပြင်ဘက်ကျတဲ့နေ ရာမှာ ရောင်းတာ။ ရပ်ကွက်သစ် သတ်မှတ်တာတောင် တစ်နှစ်လောက်ပဲ ရှိသေးတယ်။ မြို့ထဲမှာ တကယ်ကို အန္တရာယ်ရှိပြီး လူဦးရေ ထူထပ်တဲ့နေရာတွေမှာ ပီပါနဲ့ချ ပြီး ရောင်းနေ တာတွေ ရှိတယ်။သူတို့ကျတော့ အရေးယူခံရတဲ့အထဲမှာ မပါဘူး” ဟုလည်း ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ လောင်စာဆီသိုလှောင်မှုတွင် မြို့ နယ်ရဲ တပ်ဖွဲ့မှတ်တမ်းအရ ဆီသို လှောင်သူလေးဦး အရေးယူခံရကြောင်း သိရပြီး လောင်စာဆီ အက်ဥပဒေပုဒ်မ ၂၃ ဖြင့် အရေးယူခံခဲ့ရကြောင်း လည်း သိရသည်။

ချစ်သူမောင်
Popular Myanmar News Journal
ကလေးမြို့တွင် နွေရာသီမီးဘေး အန္တရာယ်အတွက် တစ်ပီပါ အထက် လောင်စာဆီသိုလှောင်မှုများအား ဖမ်းဆီး အရေးယူနေကြောင်း သိရသည်။ ကလေးမြို့ အနီး ကျေး ရွာတစ်ရွာတွင် မီးလောင်မှု ဖြစ်ပြီးနောက် ပိုင်း ခရိုင်စီမံချက်ဖြင့် ယခုကဲ့သို့စစ်ဆေးအရေးယူမှုများကိုလည်း စတင်ခဲ့ကြောင်း မြို့နယ်ရဲဌာန စခန်းမှူး ဦးစိုး မြင့် က ပြော သည်။


လောင်စာဆီသိုလှောင်မှုများအား စစ်ဆေးအရေးယူခြင်းနှင့်ပတ်သက်ပြီး ကြို့သုံးပင်ရပ်ကွက်နေ ဆီသိုလှော င်ရောင်း ချသူ ဦးနံပွီးက ”ကျွန်တော်အခု ဆီပီပါ ၈ လုံး ပါသွား တယ်။ နွေပေါက်တော့ ၁ ပီပါလောက် ထားပါလို့ သူတို့က ပြောတယ်။ အခုတင်ပဲဖမ်းရင်း ပြောသွားတာပါ။ အရင်က ခရက၊ မယက အစည်းအဝေးတွေ မှာ နွေ ပေါက် တဲ့အခါများများမသိုလှောင် နဲ့ ဝေးဝေးတွေမှာ ထားပါလို့ပြောထား တာတော့ ရှိပါတယ်”လို့ ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကလေးမြို့နယ်ရဲဌာနသို့သွားရောက် မေးမြန်း ရာတွင်မြို့နယ်ရဲစခန်း တာဝန်ရှိ သူ ရဲဝန်ထမ်းတစ်ဦးက ”ဒီအမှုတွေက ရဲအရေးပိုင်အမှုတွေ မ ဟုတ်ပါဘူး။ တရားရုံးကပဲ စစ်ဆေးမှာပါ။ အချက်အလက်ကလေးတွေတော့ ရှိပါတယ်”ဟု ပေါ်ပြူလာနယူးစ် သို့ ဖြေကြားခဲ့သည်။ ဆီသိုလှောင်မှု ပမာဏတစ်ပီပါ ထက်ကျော်သော သိုလှောင်မှုများကို လိုက်လံစစ်ဆေးအရေးယူပြီး တစ်ပီပါထက်ပိုသောဆီ များအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး အရေး ယူမှုအနေဖြင့် သတ် မှတ်ချက်ထက် ကျော်လွန်သောဆီသိုလှောင်သူ များ ရောင်းချသူများ အား ဒဏ်ကြေးငွေ ကျပ် ၅ဝဝ အား ချမှတ်ခဲ့ကြောင်း သိရသည်။

ယခင်က ၎င်းတို့ဆီဆိုင်များအတွက်သီးသန့်နေရာသတ်မှတ်ပေး သည့် နေ ရာတွင် ရောင်းခဲ့ကြောင်း ယခုဆီအရောင်း ဇုန်သတ်မှတ်ပေးရန် လည်းလိုအပ်ကြောင်း ယခု အစိုးရအနေဖြင့် သတ်မှတ်ပေး ထားခြင်း မရှိသေး ပဲ စစ်ဆေးအရေးယူမှု လုပ်ခြင်းထက် သတ်မှတ်နေရာတွေ စီစဉ်ပေးပြီးမှ လုပ်တာက ပိုကောင်းမယ် ထင်ကြောင်း ဆီ သိုလှောင်မှုတွင် အရေးယူခံခဲ့ရ သူ ဆီဆိုင်ရှင်တစ်ဦးက ပြောပြချက်အရ သိရသည်။

ဆက်လက်ပြီး ၎င်းက ”တကယ်တော့ ဒီလိုဆီသိုလှောင်တာတွေကို ဖမ်းဆီးစစ်ဆေးတာဟာ တရားမမျှတ ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က မြို့ပြင်ဘက်ကျတဲ့နေ ရာမှာ ရောင်းတာ။ ရပ်ကွက်သစ် သတ်မှတ် တာတောင် တစ်နှစ်လောက်ပဲ ရှိသေးတယ်။ မြို့ထဲမှာ တကယ်ကို အန္တရာယ်ရှိပြီး လူဦးရေ ထူထပ်တဲ့နေ ရာတွေမှာ ပီပါနဲ့ချ ပြီး ရောင်းနေ တာတွေ ရှိတယ်။သူတို့ကျတော့ အရေးယူခံရတဲ့အထဲမှာ မပါဘူး” ဟုလည်း ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ လောင်စာဆီသိုလှောင်မှုတွင် မြို့ နယ်ရဲ တပ်ဖွဲ့မှတ်တမ်းအရ ဆီသို လှောင်သူလေးဦး အရေးယူခံရကြောင်း သိရပြီး လောင်စာဆီ အက်ဥပဒေပုဒ်မ ၂၃ ဖြင့် အရေးယူ ခံခဲ့ရကြောင်း လည်း သိရသည်။

ချစ်သူမောင်
Popular Myanmar News Journal

No comments:

Post a Comment