Thursday, March 6, 2014

ထောင်ဒဏ်အား ပယ်ဖျက်ခြင်းမရှိဘဲ လျှော့ပေါ့ခြင်းဖြင့်သာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု

Photo: ထောင်ဒဏ်အား ပယ်ဖျက်ခြင်းမရှိဘဲ လျှော့ပေါ့ခြင်းဖြင့်သာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု
Thursday, March 6, 2014

ထောင်ဒဏ်အား ပယ်ဖျက်ခြင်းမရှိဘဲ လျှော့ပေါ့ခြင်းဖြင့်သာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား မတ် ၅ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီက လွှတ်တော်သို့ အဆိုပြုချက်များဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကော်မတီ၏ တင်သွင်းချက်အား ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ညှိနှိုင်းမှုများ ပြုလုပ်၍ လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြင်ဆင်ရာတွင် မူလဥပဒေတစ်ခုလုံးတွင် ပါရှိသော“ခွင့်ပြုမိန့်”ဆိုသည့် စကားရပ်ကို“ခွင့်ပြုချက်”ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ မူလဥပဒေပုဒ်မ (၄)(ဂ)၌ ပါရှိသော “ကိုယ်ရေးအချက်အလက်” ဆိုသည့်စကားရပ်ကို “အမည်နှင့် ဆက်သွယ်ရမည့် နေရပ်လိပ်စာအပြည့်အစုံ” ဆိုသည့် စကားရပ်ဖြင့် ပြင်ဆင်အတည်ပြုရန်၊ ထို့ပြင် မူလဥပဒေပါ အခန်း ၄ ခေါင်းစဉ်ဖြစ်သော “ ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခြင်း”စကားရပ်မှ “ငြင်းပယ်ခြင်း8 ဆိုသည့် စကားရပ်၊  ပုဒ်မ ၆ ၌ ပါရှိသော “သို့မဟုတ် ထုတ်ပေးရန် ငြင်းပယ်ခြင်းတို့” ဆိုသည့် စကားရပ်နှင့်  ပုဒ်မ (၇) (ခ) နှင့် ပုဒ်မ (၉) တို့အား ပယ်ဖျက်၍ ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။

သို့ဖြစ်၍ ငြင်းပယ်ခြင်း ပြဋ္ဌာန်းချက်အား ပယ်ဖျက်ခဲ့သည့် ဆန္ဒပြရန်လျှောက်ထားလာသူကို ငြင်းပယ်ခွင့်မရှိဘဲ အချက်အလက်ပြည့်စုံပါက သက်ဆိုင်ရာက ခွင့်ပြုချက်ပေးရမည်ဖြစ်ပြီး ခွင့်ပြုချက် လျှောက်ထားခြင်းမရှိသူများကို အရေးယူမည်ဖြစ်သည်။

၎င်းအပြင် မူလဥပဒေ၏ ဥပဒေပုဒ်မ (၁၂) ပုဒ်မခွဲ (ဋ) အား ပုဒ်မခွဲ(က)မှ ပုဒ်မခွဲ (ည) အထိပါ စည်းကမ်းချက် တစ်ရပ်ရပ်ကိုလိုက်နာခြင်းမရှိ၍ ခွင့်ပြုချက် ရုပ်သိမ်းခြင်းခံရပါက ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ လူစုခွဲရမည်” ဟု စကားဖြင့် ပြင်ဆင်အတည်ပြုခဲ့သည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၏ အဓိကပုဒ်မဖြစ်သော ပုဒ်မ ၁၈ အား ဥပဒေကြမ်းတင်သွင်းသည့် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောက်ရွက်ရေးကော်မတီက ပယ်ဖျက်ရန် အဆိုပြုခဲ့သော်လည်း  ဥပဒေကြမ်းအား ဆွေးနွေးသည့်အခါတွင် မအောင်မြင်ခဲ့ပေ။

အလားတူ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပုဒ်မ ၁၈ တွင်ပါရှိသော “တစ်နှစ်ထက်မပိုသော  ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ” ဆိုသည့်စကားရပ်နှင့် ပုဒ်မ ၁၉ တွင်ပါရှိသော“ခြောက်လထက် မပိုသော ထောင်ဒဏ်”ဆိုသည့်စကားရပ်တို့အား “ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ် တစ်လ ချမှတ်ရမည်” စကားရပ်ဖြင့် ပြင်ဆင်ရန် အဆိုပြုခဲ့သော်လည်း ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်နှင့် ယှဉ်ပြိုင်၍  မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့် ဥပဒေကြမ်းကော်မတီ၏ ပုဒ်မ ၁၇ တွင်ပါရှိသော “နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်”ဆိုသည့်စကားရပ်ကို “တစ်နှစ်ထက် မပိုသောထောင်ဒဏ်”ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မ ၁၈ တွင်ပါရှိသော “တစ်နှစ်ထက် မပိုသော ထောင်ဒဏ်”ဆိုသည့် စကားရပ်ကို“ခြောက်လထက် မပိုသောထောင်ဒဏ်”ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ ပုဒ်မ ၁၉ တွင်ပါရှိသော“ခြောက်လထက် မပိုသောထောင်ဒဏ်”ဆိုသည့်စကားရပ်ကို“တစ်လ ထက်မပိုသော ထောင်ဒဏ်”ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း ပြင်ဆင်ထားသည့်အတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေး အတည်ပြုမည်ဖြစ်ပြီး အကယ်၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

၂၀၁၄ နှစ်ဆန်းပိုင်းကပြုလုပ်ခဲ့သော ပုဒ်မ ၁၈ ဖျက်သိမ်းရေး ဆန္ဒပြပွဲမြင်ကွင်းတစ်ခု (ဓာတ်ပုံ-အောင်ဇော်ထွန်း)
၂၀၁၄ နှစ်ဆန်းပိုင်းကပြုလုပ်ခဲ့သော ပုဒ်မ ၁၈ ဖျက်သိမ်းရေး ဆန္ဒပြပွဲမြင်ကွင်းတစ်ခု (ဓာတ်ပုံ-အောင်ဇော်ထွန်း)

ထောင်ဒဏ်အား ပယ်ဖျက်ခြင်းမရှိဘဲ လျှော့ပေါ့ခြင်းဖြင့်သာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား မတ် ၅ ရက်တွင် ပြုလုပ်သော ပြည်သူ့ လွှတ်တော် တွင် အတည်ပြုခဲ့သည်။


အဆိုပါ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနား ခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီက လွှတ်တော်သို့ အဆိုပြုချက်များဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကော်မတီ၏ တင်သွင်းချက်အား ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ညှိနှိုင်းမှုများ ပြုလုပ်၍ လွှတ်တော်၏ သဘောထားရယူကာ အတည်ပြု ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြင်ဆင်ရာတွင် မူလဥပဒေတစ်ခုလုံးတွင် ပါရှိသော“ခွင့်ပြုမိန့်”ဆိုသည့် စကားရပ်ကို“ခွင့်ပြုချက်” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ မူလဥပဒေပုဒ်မ (၄)(ဂ)၌ ပါရှိသော “ကိုယ်ရေးအချက်အလက်” ဆိုသည့်စကားရပ်ကို “အမည်နှင့် ဆက်သွယ်ရမည့် နေရပ်လိပ်စာအပြည့်အစုံ” ဆိုသည့် စကားရပ်ဖြင့် ပြင်ဆင်အတည်ပြုရန်၊ ထို့ပြင် မူလဥပဒေပါ အခန်း ၄ ခေါင်းစဉ်ဖြစ်သော “ ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခြင်း”စကားရပ်မှ “ငြင်းပယ်ခြင်း8 ဆိုသည့် စကားရပ်၊  ပုဒ်မ ၆ ၌ ပါရှိသော “သို့မဟုတ် ထုတ်ပေး ရန် ငြင်းပယ်ခြင်းတို့” ဆိုသည့် စကားရပ်နှင့်  ပုဒ်မ (၇) (ခ) နှင့် ပုဒ်မ (၉) တို့အား ပယ်ဖျက်၍ ပြည်သူ့ လွှတ်တော် မှ အတည်ပြုခဲ့သည်။

သို့ဖြစ်၍ ငြင်းပယ်ခြင်း ပြဋ္ဌာန်းချက်အား ပယ်ဖျက်ခဲ့သည့် ဆန္ဒပြရန်လျှောက်ထားလာသူကို ငြင်းပယ်ခွင့် မရှိဘဲ အချက်အလက်ပြည့်စုံပါက သက်ဆိုင်ရာက ခွင့်ပြုချက်ပေးရမည်ဖြစ်ပြီး ခွင့်ပြုချက် လျှောက်ထားခြင်း မရှိသူများကို အရေးယူမည်ဖြစ်သည်။

၎င်းအပြင် မူလဥပဒေ၏ ဥပဒေပုဒ်မ (၁၂) ပုဒ်မခွဲ (ဋ) အား ပုဒ်မခွဲ(က)မှ ပုဒ်မခွဲ (ည) အထိပါ စည်းကမ်းချက် တစ်ရပ်ရပ်ကိုလိုက်နာခြင်းမရှိ၍ ခွင့်ပြုချက် ရုပ်သိမ်းခြင်းခံရပါက ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ လူစုခွဲရမည်” ဟု စကားဖြင့် ပြင်ဆင်အတည်ပြုခဲ့သည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၏ အဓိကပုဒ်မဖြစ်သော ပုဒ်မ ၁၈ အား ဥပဒေကြမ်းတင်သွင်းသည့် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောက်ရွက်ရေးကော်မတီက ပယ်ဖျက်ရန် အဆိုပြုခဲ့သော်လည်း  ဥပဒေကြမ်းအား ဆွေးနွေးသည့် အခါတွင် မအောင်မြင်ခဲ့ပေ။

အလားတူ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပုဒ်မ ၁၈ တွင်ပါရှိသော “တစ်နှစ်ထက်မပိုသော  ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ” ဆိုသည့်စကားရပ်နှင့် ပုဒ်မ ၁၉ တွင်ပါရှိသော“ခြောက်လထက် မပိုသော ထောင်ဒဏ်”ဆိုသည့် စကားရပ်တို့အား “ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ် တစ်လ ချမှတ်ရမည်” စကားရပ်ဖြင့် ပြင်ဆင်ရန် အဆိုပြုခဲ့သော်လည်း ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်နှင့် ယှဉ်ပြိုင်၍  မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့် ဥပဒေကြမ်းကော်မတီ၏ ပုဒ်မ ၁၇ တွင်ပါရှိသော “နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်”ဆိုသည့် စကားရပ်ကို “တစ်နှစ်ထက် မပိုသောထောင်ဒဏ်”ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မ ၁၈ တွင်ပါရှိသော “တစ်နှစ်ထက် မပိုသော ထောင်ဒဏ်”ဆိုသည့် စကားရပ်ကို“ခြောက်လထက် မပိုသောထောင် ဒဏ်” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ ပုဒ်မ ၁၉ တွင်ပါရှိသော“ခြောက်လထက် မပိုသောထောင်ဒဏ်”ဆိုသည့်စကားရပ်ကို“တစ်လ ထက်မပိုသော ထောင်ဒဏ်”ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း ပြင်ဆင်ထားသည့်အတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်တွင် ဆက် လက်ဆွေးနွေး အတည်ပြုမည်ဖြစ်ပြီး အကယ်၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲပါက ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment