Thursday, March 6, 2014

အာဆီယံ၌ သမားရိုးကျမဟုတ်သော ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

အာဆီယံဒေသတွင်း နိုင်ငံများတွင် ကျရောက်တက်သည့် သမာရိုးကျမဟုတ်သော ကာကွယ်ရေး ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရမည်ဟု မတ် ၅ ရက်က နေပြည်၌ကျင်းပသည့် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း မတ် ၅ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြ ချက် အရ သိရသည်။


အဆိုပါအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘော ဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း ၊ ဗီယက်နမ် နိုင်ငံ များမှ တပ်ပိုင်းဆိုင်ရာ အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်၍ အာဆီယံတပ်မတော်များ ၂၀၁၄၊ ၂၀၁၆ နှစ်နှစ်လုပ်ငန်းစီမံ ချက်အား ဆွေးနွေးခဲ့ကြပြီး အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး ပူးတွဲထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ယခုဆွေးနွေးမှုများမှာ အရှေ့တောင်အာရှဒေသကြီးရဲ့ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍများမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ လက်ရှိဆောင်ရွက်နေသည့် ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုထိရောက်အောင် မည်ကဲ့သို့ ဆောင်ရွက်ကြမည် ထပ်မံပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်သစ်များကို ထုတ်ဖော်တင်ပြခြင်းနှင့် ယင်းနယ်ပယ်များတွင် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက် သင့်ကြောင်း၊ အာဆီယံအဖွဲ့ကြီးသည် စစ်စာချုပ်အဖွဲ့မဟုတ်သည့်အတွက် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု များတွင် စစ်စာချုပ်အဖွဲ့ကဲ့သို့ ဆောင်ရွက်လို့ မရနိုင်ကြောင်း၊ သို့သော်လည်း ဒေသကြီး အတွင်းတွင်ရှိသော နိုင်ငံများတွင် ကျရောက်တက်သည့် သမရိုးကျမဟုတ်သော ကာကွယ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရမည် ဖြစ်ကြောင်း စသည်တို့ကို ပြောကြား ခဲ့သည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment