Friday, March 21, 2014

မဟာရန်ကုန်စီမံကိန်း ဖော်ဆောင်ရန် ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ရှိမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ထား

Photo: မဟာရန်ကုန်စီမံကိန်း ဖော်ဆောင်ရန် ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ရှိမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ထား
Friday, March 21, 2014 

မဟာရန်ကုန်စီမံကိန်း (Greater Yangon) အား အကောင်အထည်ဖော်ရန် ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ကုန်ကျမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားကြောင်း ရန်ကုန်မြို့တွင် ကျင်းပသည့် Myanmar infrastructure summit မှရရှိသော သတင်းများအရ သိရသည်။

“Greater Yangon စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံတကာလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။

စီမံကိန်းကို ၂၀၄၀ target ထားပြီး ဖော်ဆောင်နေတာပါ။ အဓိကအားဖြင့် project ၇၇ ခုရှိပြီး ၂၆ ခုက မြို့ပြဖွံ့ဖြိုးမှုနဲ့ ဆိုင်ပါတယ်။ ကျန်တဲ့ ၅၁ ခုက အခြေခံအဆောက်အအုံပိုင်း ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေယာစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး ဒေါက်တာတိုးအောင်က ဆိုသည်။

ယင်းကဲ့သို့ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများဖြင့် အကောင်အထည်ဖော်နေသည့်အပိုင်း ဖြစ်သော်လည်း မြေဈေးနှုန်းများ ကြီးမြင့်နေခြင်း၊ မြေအသုံးချမှုမူ ၀ါဒမှာ ရေးဆွဲနေဆဲဖြစ်ခြင်းကြောင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးမှုများလည်း ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့  project တွေကို အကောင်အထည်ဖော်တဲ့ကိစ္စ ဘာကြောင့် နောက်ကျရလဲဆိုတော့ အဓိကမြေပြဿနာတွေကြောင့်ပါ။  မြေသိမ်းဆည်းတဲ့ကိစ္စမှာ အရင်တုန်းကရှိခဲ့တဲ့ ၁၈၉၂ မြေသိမ်းဥပဒေ တစ်ခုတည်းပဲ ရှိသေးတဲ့အတွက် အဲဒါကို ပြန်ပြီးသုံးသပ်ပြီးတော့ ပြုပြင်သင့်တာတွေရော မြေသိမ်းဆည်းတဲ့ကိစ္စ၊ လျော်ကြေးပေးတဲ့ ကိစ္စ၊ ဒီမှာနေထိုင်သူတွေကိစ္စ ထည့်သွင်း စဉ်းစားသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် contract farming လုပ်ငန်းများ၊ သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုအပိုင်း၊ အလားတူ ကျောက်ဖြူနှင့် ထားဝယ်စီမံကိန်းများ အကောင်အထည်ဖော်မှုတို့တွင် မြေယာကိစ္စများနှင့် ပတ်သက်၍ ကိုင်တွယ်ရခက်ခဲသည့် အနေအထားများ ရှိခဲ့ကြောင်း သိရသည်။

“စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အကောင်းဆုံးလုပ်ပေမယ့်လည်း တစ်ဖက်မှာ အများပြည်သူကို ထိခိုက်တာတွေလည်း ရှိပြန်တယ်။ ခြုံပြီးတော့ကြည့်ရင်တော့ ဒီစီမံကိန်းတွေက နိုင်ငံတော်အတွက် အကျိုးအမြတ်အများကြီး ရတယ်။ တစ်ဖက်မှာ ကြည့်ပြန်တော့ နေထိုင်တဲ့သူတွေကို ထိခိုက်တာရှိတယ်။ ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြေအသုံးချမူဝါဒကို ခိုင်ခိုင်မာမာ ရေးဆွဲနိုင်ဖို့ လိုပါတယ်။ ပြီးတော့မှ စနစ်တကျ ဆောင်ရွက်သင့်ပါတယ်။ ဒါပေမဲ့ မြေအသုံးချမူဝါဒက မူကြမ်းအဆင့်ပဲ ရှိပါသေးတယ်။ ဘယ်တော့ထွက်လာမလဲ မပြောနိုင်သေးဘူး” ဟု ဒေါက်တာတိုးအောင်က ပြောကြားသည်။

အလားတူ မဟာရန်ကုန်စီမံကိန်းနှင့် ပတ်သက်၍“ကျွန်တော်တို့ Greater Yangon  ဧရိယာကို ဖော်ဆောင်ဖို့အတွက် အများသိအောင် ကြေညာထားပြီးသားပါ။ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေက proposal တင်မယ်ဆိုရင်လည်း သူတို့တင်တဲ့အပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော်တို့က ဆုံးဖြတ်ရမှာပါ။ တချို့နေရာတွေမှာ ယှဉ်ပြိုင်သင့်တဲ့ဟာမျိုး ဆိုရင်တော့ တင်ဒါစနစ်နဲ့ သွားမှာပါ။ အခု ချက်ချင်းမှာတော့ ကျွန်တော်တို့ စမလုပ်နိုင်သေးပါဘူး။ တစ်ဆင့်ချင်း တစ်ဆင့်ချင်းသွားရမယ့် သဘောမျိုးကြောင့်ပါ။  ဒီ ၇၇ ခုထဲမှာ ကဏ္ဍ တော်တော်စုံပါတယ်။ ရေပေးဝေရေးကဏ္ဍလည်း ပါမယ်။ ပို့ဆောင်ရေး ကဏ္ဍလည်း ပါမယ်။ အမှိုက်စွန့်ပစ်ရေးပါမယ်။ ကျွန်တော်တို့နဲ့ဆိုင်တာက ရေစီး ရေလာကိစ္စရှိမယ်။ လမ်းရှိမယ်။ ပို့ဆောင်ရေးမှာ အများပြည်သူပို့ဆောင်ရေးကို ရှေးရှုမယ့် စနစ်တွေပါတယ်။ ဥပမာ-အမြန်ရထားစနစ်တို့၊ ဘတ်စ်ကားစနစ်တို့လည်း ပါလာမယ်။ တစ်ခုချင်းမှာ ဘယ်ဟာကို အကောင်အထည်ဖော်လို့ ရမလဲဆိုတာကို သုံးသပ်ပြီးမှ ဘယ်နှစ်မှာ ဘယ်ဟာကို အကောင်အထည်ဖော်မယ်ဆိုတာမျိုး ဆွဲထားတာပါ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ Greater Yangon အစီအစဉ်အား JICA နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယင်းအနက် အချို့မှာ ဂျပန်အစိုးရ၏ ချေးငွေဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဂျပန်အစိုးရ၏ အထောက်အပံ့နှင့် သွားသည့်ကဏ္ဍများတွင် JICA မှ တိုက်ရိုက် ပါဝင်ပတ်သက်နေကြောင်း၊ အမှိုက်စွန့်ပစ်ရေးနှင့် ရေပေးဝေရေးကဏ္ဍများတွင် ဂျပန်အနေဖြင့် အတိုင်းအတာတစ်ခုအထိ ပါဝင်နေကြောင်း သိရသည်။

“တကယ်တမ်း အကောင်အထည်ဖော်တဲ့အပိုင်းကျတော့ public concern  ဖြစ်နေတဲ့ မြေပြဿနာကို ဖြေရှင်းဖို့လိုလာတယ်။ ဥပမာ- ပို့ဆောင်ရေးတစ်ခုလုပ်မယ်ဆိုကတည်းက  ဒီနေရာမှာ ဘယ်သူတွေ ထိခိုက်နိုင်သလဲဆိုတဲ့ social impact ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ပြီးတော့မှ impact အနည်းဆုံးဟာကို အရင်ဦးစားပေးပြီး လုပ်ကြရမှာပါ။ ကျွန်တော်တို့ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ မနှစ်ကတည်းက seminor တွေလုပ်ပြီးတော့ ကြေညာပြီးသားပါ။ တချို့ နိုင်ငံခြားကုမ္ပဏီတွေ သိတာတွေလည်း ရှိတယ်။ မသိတာတွေလည်း ရှိတယ်။ တချို့ဟာတွေက သူတို့အဆိုပြုလွှာတွေပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ရမှာဖြစ်သလို တချို့ဟာတွေကျတော့ သူတို့အဆိုမပြုခင် ကျွန်တော်တို့ဘက်ကစပြီး တင်ဒါခေါ်ထားတာလည်း ရှိပါတယ်”ဟု ၎င်းကပြောကြားသည်။

“မြန်မာနိုင်ငံမှာ မြေဈေးနှုန်းတွေ ကြီးမြင့်နေတာကို အစိုးရက ဘယ်လိုထိန်းချုပ်ပေးမလဲ ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ အဲဒါတွေက ဈေးကစားမှုတွေကြောင့် ဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့ သိထားပါတယ်။
အစိုးရဌာနတစ်ခုက ပြောတာတော့ မြေဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက zoning committee တွေဖွဲ့ပြီး လုပ်သွားဖို့ရှိတယ်လို့ တော့ ပြောပါတယ်။ အခုချိန်ထိတော့ ဘာမှတိတိကျကျ မသိသေးပါဘူး” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော စင်ကာပူနိုင်ငံမှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

Eleven Media Group

ရန်ကုန်မြို့မြင်ကွင်းတစ်နေရာအားတွေ့ရစဉ်
ရန်ကုန်မြို့မြင်ကွင်းတစ်နေရာအားတွေ့ရစဉ်
မဟာရန်ကုန်စီမံကိန်း (Greater Yangon) အား အကောင်အထည်ဖော်ရန် ခန့်မှန်းကုန်ကျ စရိတ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ကုန်ကျမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားကြောင်း ရန်ကုန်မြို့တွင် ကျင်းပသည့် Myanmar infrastructure summit မှ ရရှိသော သတင်းများအရ သိရသည်။

“Greater Yangon စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံတကာ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။

စီမံကိန်းကို ၂၀၄၀ target ထားပြီး ဖော်ဆောင်နေတာပါ။ အဓိကအားဖြင့် project ၇၇ ခုရှိပြီး ၂၆ ခုက မြို့ပြဖွံ့ဖြိုးမှုနဲ့ ဆိုင်ပါတယ်။ ကျန်တဲ့ ၅၁ ခုက အခြေခံအဆောက်အအုံပိုင်း ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေယာစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး ဒေါက်တာတိုးအောင်က ဆိုသည်။

ယင်းကဲ့သို့ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများဖြင့် အကောင်အထည်ဖော်နေသည့် အပိုင်း ဖြစ်သော်လည်း မြေဈေးနှုန်းများ ကြီးမြင့်နေခြင်း၊ မြေအသုံးချမှုမူ ၀ါဒမှာ ရေးဆွဲနေ ဆဲဖြစ်ခြင်းကြောင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးမှုများလည်း ရှိနေေ ကြာ င်း သိရသည်။

“ကျွန်တော်တို့  project တွေကို အကောင်အထည်ဖော်တဲ့ကိစ္စ ဘာကြောင့် နောက်ကျရလဲ ဆိုတော့ အဓိကမြေပြဿနာတွေကြောင့်ပါ။  မြေသိမ်းဆည်းတဲ့ကိစ္စမှာ အရင်တုန်းကရှိခဲ့တဲ့ ၁၈၉၂ မြေသိမ်းဥပဒေ တစ်ခုတည်းပဲ ရှိသေးတဲ့အတွက် အဲဒါကို ပြန်ပြီးသုံးသပ်ပြီးတော့ ပြုပြင်သင့်တာတွေရော မြေသိမ်းဆည်းတဲ့ကိစ္စ၊ လျော်ကြေးပေးတဲ့ ကိစ္စ၊ ဒီမှာနေထိုင်သူတွေ ကိစ္စ ထည့်သွင်း စဉ်းစားသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် contract farming လုပ်ငန်းများ၊ သီလ၀ါ အထူးစီးပွားရေးဇုန် အကောင် အထည်ဖော်မှုအပိုင်း၊ အလားတူ ကျောက်ဖြူနှင့် ထားဝယ်စီမံကိန်းများ အကောင်အထည်ဖော် မှု တို့တွင် မြေယာကိစ္စများနှင့် ပတ်သက်၍ ကိုင်တွယ်ရခက်ခဲသည့် အနေအထားများ ရှိခဲ့ကြောင်း သိရသည်။

“စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အကောင်းဆုံးလုပ်ပေမယ့်လည်း တစ်ဖက် မှာ အများပြည်သူကို ထိခိုက်တာတွေလည်း ရှိပြန်တယ်။ ခြုံပြီးတော့ကြည့်ရင်တော့ ဒီစီမံ ကိန်းတွေက နိုင်ငံတော်အတွက် အကျိုးအမြတ်အများကြီး ရတယ်။ တစ်ဖက်မှာ ကြည့်ပြန်တော့ နေထိုင်တဲ့သူတွေကို ထိခိုက်တာရှိတယ်။ ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြေအသုံးချမူ ၀ါဒကို ခိုင်ခိုင်မာမာ ရေးဆွဲနိုင်ဖို့ လိုပါတယ်။ ပြီးတော့မှ စနစ်တကျ ဆောင်ရွက် သင့်ပါတယ်။ ဒါပေမဲ့ မြေအသုံးချမူဝါဒက မူကြမ်းအဆင့်ပဲ ရှိပါသေးတယ်။ ဘယ်တော့ထွက် လာမလဲ မပြောနိုင်သေးဘူး” ဟု ဒေါက်တာတိုးအောင်က ပြောကြားသည်။

အလားတူ မဟာရန်ကုန်စီမံကိန်းနှင့် ပတ်သက်၍“ကျွန်တော်တို့ Greater Yangon  ဧရိယာ ကို ဖော်ဆောင်ဖို့အတွက် အများသိအောင် ကြေညာထားပြီးသားပါ။ နိုင်ငံခြားရင်းနှီး မြှုပ်နှံ သူတွေက proposal တင်မယ်ဆိုရင်လည်း သူတို့တင်တဲ့အပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော် တို့က ဆုံးဖြတ်ရမှာပါ။ တချို့နေရာတွေမှာ ယှဉ်ပြိုင်သင့်တဲ့ဟာမျိုး ဆိုရင်တော့ တင်ဒါစနစ်နဲ့ သွားမှာပါ။ အခု ချက်ချင်းမှာတော့ ကျွန်တော်တို့ စမလုပ်နိုင်သေးပါဘူး။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားရမယ့် သဘောမျိုးကြောင့်ပါ။  ဒီ ၇၇ ခုထဲမှာ ကဏ္ဍ တော်တော်စုံပါတယ်။ ရေပေးဝေရေးကဏ္ဍလည်း ပါမယ်။ ပို့ဆောင်ရေး ကဏ္ဍလည်း ပါမယ်။ အမှိုက်စွန့်ပစ်ရေး ပါမယ်။ ကျွန်တော်တို့နဲ့ဆိုင်တာက ရေစီး ရေလာကိစ္စရှိမယ်။ လမ်းရှိမယ်။ ပို့ဆောင်ရေးမှာ အများပြည်သူပို့ဆောင်ရေးကို ရှေးရှုမယ့် စနစ်တွေပါတယ်။ ဥပမာ-အမြန်ရထားစနစ်တို့၊ ဘတ်စ်ကားစနစ်တို့လည်း ပါလာမယ်။ တစ်ခုချင်းမှာ ဘယ်ဟာကို အကောင်အထည်ဖော်လို့ ရမလဲဆိုတာကို သုံးသပ်ပြီးမှ ဘယ်နှစ်မှာ ဘယ်ဟာကို အကောင်အထည်ဖော်မယ်ဆိုတာမျိုး ဆွဲထားတာပါ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ Greater Yangon အစီအစဉ်အား JICA နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယင်းအနက် အချို့မှာ ဂျပန်အစိုးရ၏ ချေးငွေဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဂျပန်အစိုးရ၏ အထောက်အပံ့နှင့် သွားသည့်ကဏ္ဍများတွင် JICA မှ တိုက်ရိုက် ပါဝင်ပတ် သက်နေကြောင်း၊ အမှိုက်စွန့်ပစ်ရေးနှင့် ရေပေးဝေရေးကဏ္ဍများတွင် ဂျပန်အနေဖြင့် အတိုင်းအတာ တစ်ခုအထိ ပါဝင်နေကြောင်း သိရသည်။

“တကယ်တမ်း အကောင်အထည်ဖော်တဲ့အပိုင်းကျတော့ public concern  ဖြစ်နေတဲ့ မြေပြဿနာကို ဖြေရှင်းဖို့လိုလာတယ်။ ဥပမာ- ပို့ဆောင်ရေးတစ်ခုလုပ်မယ်ဆိုကတည်းက  ဒီနေရာ မှာ ဘယ်သူတွေ ထိခိုက်နိုင်သလဲဆိုတဲ့ social impact ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ပြီးတော့မှ impact အနည်းဆုံးဟာကို အရင်ဦးစားပေးပြီး လုပ်ကြရမှာပါ။ ကျွန်တော်တို့ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ မနှစ်ကတည်းက seminor တွေလုပ်ပြီးတော့ ကြေညာ ပြီးသားပါ။ တချို့ နိုင်ငံခြားကုမ္ပဏီတွေ သိတာတွေလည်း ရှိတယ်။ မသိတာတွေ လည်း ရှိတယ်။ တချို့ဟာတွေက သူတို့အဆိုပြုလွှာတွေပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ရမှာဖြစ်သလို တချို့ဟာတွေကျတော့ သူတို့အဆိုမပြုခင် ကျွန်တော်တို့ဘက်ကစပြီး တင်ဒါခေါ်ထားတာလည်း ရှိပါတယ်”ဟု ၎င်းကပြောကြားသည်။

“မြန်မာနိုင်ငံမှာ မြေဈေးနှုန်းတွေ ကြီးမြင့်နေတာကို အစိုးရက ဘယ်လိုထိန်းချုပ်ပေးမလဲ ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ အဲဒါတွေက ဈေးကစားမှုတွေကြောင့် ဖြစ်တယ် ဆိုတာတော့ ကျွန်တော်တို့ သိထားပါတယ်။

အစိုးရဌာနတစ်ခုက ပြောတာတော့ မြေဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနတွေက zoning committee တွေဖွဲ့ပြီး လုပ်သွားဖို့ရှိတယ်လို့ တော့ ပြောပါတယ်။ အခုချိန် ထိတော့ ဘာမှတိတိကျကျ မသိသေးပါဘူး” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာေ သာ စင်ကာပူနိုင်ငံမှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment