Friday, March 21, 2014

၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲရှိလင့်ကစား ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်မကုန်မီ ပြုလုပ်မည်ဟု ဆို

Photo: ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲရှိလင့်ကစား ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်မကုန်မီ ပြုလုပ်မည်ဟု ဆို
Friday, March 21, 2014 

လစ်လပ်နေသော မဲဆန္ဒနယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည်ဖြစ်ကြောင်းနှင့် ပြုလုပ်မည့် ရက်ကို အနည်းဆုံး သုံးလကြိုတင်၍ အကြောင်းကြားပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ် ၂၀ ရက်က ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

လက်ရှိ ပြည်သူ့လွှတ်တော်တွင် ၁၃ နေရာ၊ အမျိုးသားလွှတ်တော်တွင် ခြောက်နေရာ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ၁၁ နေရာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေကြောင်း သိရသည်။

“ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန်အတွက် အချိန်ကာလအားဖြင့် သုံးလခန့် လိုအပ်ပါတယ်။ နောက်သုံးလဟာလည်း မိုးတွင်းကာလ ကျရောက်နေပါသဖြင့် ရာသီဥတုသာယာချိန်မှ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ်ထားပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

လစ်လပ်မဲဆန္ဒနယ်များ လစ်လပ်နေသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်သေးခြင်းမှာ လက်ရှိ သန်းခေါင်စာရင်းကောက်ခံရမည့်ကာလ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေရသည့် အချိန်ဖြစ်သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှာ ဆွေးနွေးပွဲများ၊ လက်ခံတွေ့ဆုံခြင်းများ ပြုလုပ်နေရသဖြင့် ၀န်ပိနေသည့် ကာလလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲဖြင့် ၀န်မပိစေရန် ဆိုင်းငံ့ထားခြင်းသာဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ပြုလုပ်ရန် လျာထားသောကြောင့် ယခုကြားဖြတ်ရွေးကောက်ပွဲကိုလည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာ နှင့် ဒီဇင်ဘာလအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးတင်အေးက သတင်းထောက်များ ကိုပြောကြားသည်။

ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက နိုင်ငံရေးပါတီအများစုမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အင်အားကြီးပါတီ နှစ်ခုဖြစ်သော ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီတို့မှာ လစ်လပ်မဲဆန္ဒနယ် အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

“လစ်လပ်တဲ့နေရာ အကုန်ပြိုင်မှာပဲ။ လုပ်မယ့်ရက်က မသေချာသေးဘူး။ ကိုယ်စားလှယ်လောင်းကတော့ လုပ်မယ့်ရက် ကြေညာမှရွေးမှာပါ။ သုံးလဆိုတာ ရွေးလို့ရပါတယ်။ အဲဒီတော့မှ မဲဆန္ဒနယ်ကို ဆင်းပြီးရွေးလိုက်မှာပါ။ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာကတော့ လစ်လပ်မဲဆန္ဒနယ်ရှိရင် လုပ်ရမှာပဲ။ ရွေးကောက်ပွဲနည်းဥပဒေမှာကိုက ပြဋ္ဌာန်းပြီးသားပဲလေ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက“ကျွန်တော်တို့ ပါတီကတော့ နေရာတိုင်း ၀င်ပြိုင်မှာပဲ။ နေရာတိုင်း ၀င်ပြိုင်နိုင်အောင် ကြိုးစားမယ်။ ပြိုင်ဖြစ် မပြိုင်ဖြစ်ကတော့ မသိဘူး။ ပြိုင်ဖို့တော့ များတယ်”ဟု ပြောကြားသည်။

ယခုပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် အားစမ်းမှုတစ်ခု ဖြစ်နိုင်သည်ဟုလည်း  နိုင်ငံရေးပါတီခေါင်းဆောင်အချို့က သုံးသပ်ပြောကြားသည်။

“၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက တို့ပါတီကတည်ထောင်ခါစ။ သုံးနေရာမ၀င်ရင် ပါတီဖျက်သိမ်းမယ်ဆိုတဲ့အတွက် အဲဒီတုန်းက ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ခဲ့ တာ။ အခုကြားဖြတ်ရွေးကောက်ပွဲကျရင်တော့ ပါတီတည်တံ့ရေးအတွက် မဟုတ်ဘူး။ နိုင်ငံရေးအခြေအနေတစ်ခုကို စမ်းသပ်ဖို့အတွက် ၀င်ချင်ဝင်မယ်။ သေချာပေါက် ပြောနိုင်တာကတော့ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်နိုင်မယ့်သူ တစ်ယောက်ကို လွှတ်တော်ထဲ ပို့နိုင်ဖို့အတွက် အဓိကထားပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲကိစ္စ ဆက်လုပ်သွားမယ်။ ပါတီကြီးတွေအတွက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် စမ်းသပ်မှုလို့ ပြောလို့ရတယ်။ သူတို့ အင်အားတွေ ဘယ်လောက်ရှိတယ်ဆိုတာ စမ်းသပ်ခိုင်းတဲ့ ပွဲပဲလေ။ သို့သော် အခြားပါတီတွေအတွက်ကတော့ ပြည်သူလူထုကြားမှာ မူဝါဒတွေပေး။ မစားရ၀ခမန်းတွေ ပြောတဲ့သူတွေကိုပဲ ရွေးမလား၊ ပြည်သူအတွက် တကယ်အလုပ် လုပ်တဲ့သူတွေကိုပဲ ရွေးမလားဆိုတာ လူထုရဲ့ နိုင်ငံရေး ရင့်ကျက်မှုကို စမ်းသပ်ရတဲ့ပွဲလို့လည်း ပြောလို့ရတယ်”ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောကြားသည်။

အလားတူ ဒေါ်ဒွဲဘူက “ကျွန်မတို့ ကချင်ပြည်နယ်မှာ ပြည်သူ့လွှတ်တော် သုံးနေရာနဲ့ ပြည်နယ်လွှတ်တော် သုံးနေရာ ရှိနေပါတယ်။ အဲဒီဒေသတွေအားလုံးကို ရွေးကောက်ပွဲကျင်းပမလားဆိုတာ မသိရသေးပါဘူး။ ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ကတော့ ပါတီမှာ ဆွေးနွေးဆုံးဖြတ်သွားရမှာပါ”ဟု ပြောကြားသည်။

ထို့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ စသည့် ပါတီများမှလည်း ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီခေါင်းဆောင်များက ပြောကြားသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်က ပြုလုပ်ခဲ့ပြီး ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် တွင် ပြုလုပ်ခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိသည့် အနက် ၄၅ နေရာအား ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၄၃ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ တစ်နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တစ်နေရာတို့ အနိုင်ရရှိခဲ့သည်။

ယခုပြုလုပ်မည့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ငြိမ်းချမ်းမှုမ ရသေးသည့်ဒေသများတွင် ငြိမ်းချမ်းရေးရပြီးမှသာ ရွေးကောက်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ဝေသော ပြည်ထောင်စု နေ့စဉ်သတင်းစာတွင် ကော်မရှင်ဥက္ကဋ္ဌက ဖြေကြားထားသည်။

Eleven Media Group

၂၀၁၂ ခုနှစ် ဧပြီ ၁ရက်ကပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲနေ့၌ မဲဆန္ဒရှင်များ၏ ဆန္ဒမဲများကို ရေတွက်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်
၂၀၁၂ ခုနှစ် ဧပြီ ၁ရက်ကပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲနေ့၌ မဲဆန္ဒရှင်များ၏ ဆန္ဒမဲများကို ရေတွက် ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်
လစ်လပ်နေသော မဲဆန္ဒနယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည်ဖြစ်ကြောင်းနှင့် ပြုလုပ်မည့် ရက်ကို အနည်းဆုံး သုံးလကြိုတင်၍ အကြောင်း ကြားပေး မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ် ၂၀ ရက်က ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

လက်ရှိ ပြည်သူ့လွှတ်တော်တွင် ၁၃ နေရာ၊ အမျိုးသားလွှတ်တော်တွင် ခြောက်နေရာ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ၁၁ နေရာ လွှတ်တော်ကိုယ်စားလှယ် လစ် လပ်နေကြောင်း သိရသည်။

“ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန်အတွက် အချိန် ကာလ အားဖြင့် သုံးလခန့် လိုအပ်ပါတယ်။ နောက်သုံးလဟာလည်း မိုးတွင်းကာလ ကျရောက်နေ ပါသဖြင့် ရာသီဥတုသာယာချိန်မှ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ် ထားပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြား သည်။

လစ်လပ်မဲဆန္ဒနယ်များ လစ်လပ်နေသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်သေးခြင်း မှာ လက်ရှိ သန်းခေါင်စာရင်းကောက်ခံရမည့်ကာလ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေရသည့် အချိန်ဖြစ်သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှာ ဆွေးနွေးပွဲများ၊ လက်ခံတွေ့ဆုံခြင်းများ ပြုလုပ်နေရသဖြင့် ၀န်ပိနေသည့် ကာလလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲဖြင့် ၀န်မပိစေရန် ဆိုင်းငံ့ ထားခြင်း သာဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ပြုလုပ်ရန် လျာ ထားသောကြောင့် ယခုကြားဖြတ်ရွေးကောက်ပွဲကိုလည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာ နှင့် ဒီဇင်ဘာလ အတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးတင်အေးက သတင်းထောက်များ ကိုပြောကြားသည်။

ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက နိုင်ငံရေးပါတီအများစုမှာ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အင်အားကြီးပါတီ နှစ်ခုဖြစ်သော ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီတို့မှာ လစ်လပ်မဲဆန္ဒနယ် အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

“လစ်လပ်တဲ့နေရာ အကုန်ပြိုင်မှာပဲ။ လုပ်မယ့်ရက်က မသေချာသေးဘူး။ ကိုယ်စား လှယ်လောင်း ကတော့ လုပ်မယ့်ရက် ကြေညာမှရွေးမှာပါ။ သုံးလဆိုတာ ရွေးလို့ရပါတယ်။ အဲဒီတော့မှ မဲဆန္ဒနယ်ကို ဆင်းပြီးရွေးလိုက်မှာပါ။ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာကတော့ လစ်လပ်မဲဆန္ဒနယ်ရှိရင် လုပ်ရမှာပဲ။ ရွေးကောက်ပွဲနည်းဥပဒေမှာကိုက ပြဋ္ဌာန်းပြီးသား ပဲလေ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက“ကျွန်တော်တို့ ပါတီ ကတော့ နေရာတိုင်း ၀င်ပြိုင်မှာပဲ။ နေရာတိုင်း ၀င်ပြိုင်နိုင်အောင် ကြိုးစားမယ်။ ပြိုင်ဖြစ် မပြိုင်ဖြစ် ကတော့ မသိဘူး။ ပြိုင်ဖို့တော့ များတယ်”ဟု ပြောကြားသည်။

ယခုပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက် အားစမ်းမှုတစ်ခု ဖြစ်နိုင်သည်ဟုလည်း  နိုင်ငံရေးပါတီခေါင်းဆောင်အချို့က သုံးသပ်ပြော ကြားသည်။

“၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက တို့ပါတီကတည်ထောင်ခါစ။ သုံးနေရာမ၀င်ရင် ပါတီဖျက်သိမ်းမယ်ဆိုတဲ့အတွက် အဲဒီတုန်းက ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ခဲ့တာ။ အခုကြားဖြတ်ရွေးကောက်ပွဲကျရင်တော့ ပါတီတည်တံ့ရေးအတွက် မဟုတ်ဘူး။ နိုင်ငံရေး အခြေ အနေတစ်ခုကို စမ်းသပ်ဖို့အတွက် ၀င်ချင်ဝင်မယ်။ သေချာပေါက် ပြောနိုင်တာကတော့ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်နိုင်မယ့်သူ တစ်ယောက်ကို လွှတ်တော်ထဲ ပို့နိုင်ဖို့ အတွက် အဓိကထားပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲကိစ္စ ဆက်လုပ်သွားမယ်။ ပါတီကြီးတွေ အတွက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် စမ်းသပ်မှုလို့ ပြောလို့ရတယ်။ သူတို့ အင် အားတွေ ဘယ်လောက်ရှိတယ်ဆိုတာ စမ်းသပ်ခိုင်းတဲ့ ပွဲပဲလေ။ သို့သော် အခြားပါတီတွေ အတွက်ကတော့ ပြည်သူလူထုကြားမှာ မူဝါဒတွေပေး။ မစားရ၀ခမန်းတွေ ပြောတဲ့သူတွေကိုပဲ ရွေးမလား၊ ပြည်သူအတွက် တကယ်အလုပ် လုပ်တဲ့သူတွေကိုပဲ ရွေးမလားဆိုတာ လူထုရဲ့ နိုင်ငံရေး ရင့်ကျက်မှုကို စမ်းသပ်ရတဲ့ပွဲလို့လည်း ပြောလို့ရတယ်”ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောကြားသည်။

အလားတူ ဒေါ်ဒွဲဘူက “ကျွန်မတို့ ကချင်ပြည်နယ်မှာ ပြည်သူ့လွှတ်တော် သုံးနေရာနဲ့ ပြည်နယ် လွှတ်တော် သုံးနေရာ ရှိနေပါတယ်။ အဲဒီဒေသတွေအားလုံးကို ရွေးကောက်ပွဲကျင်းပမလား ဆိုတာ မသိရသေးပါဘူး။ ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ကတော့ ပါတီမှာ ဆွေးနွေးဆုံးဖြတ်သွား ရမှာပါ”ဟု ပြောကြားသည်။

ထို့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ စသည့် ပါတီ များမှ လည်း ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီခေါင်းဆောင်များက ပြောကြား သည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်က ပြုလုပ်ခဲ့ပြီး ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် တွင် ပြုလုပ်ခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိသည့် အနက် ၄၅ နေရာအား ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၄၃ နေရာ၊ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ တစ်နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တစ်နေရာတို့ အနိုင်ရရှိခဲ့သည်။

ယခုပြုလုပ်မည့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ငြိမ်းချမ်းမှုမ ရသေးသည့်ဒေသများ တွင် ငြိမ်းချမ်းရေးရပြီးမှသာ ရွေးကောက်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ဝေသော ပြည်ထောင်စု နေ့စဉ်သတင်းစာတွင် ကော်မရှင်ဥက္ကဋ္ဌက ဖြေကြားထားသည်။

Eleven Media Group

No comments:

Post a Comment