ကမ္ဘာကြီး ပူနွေးလာမှုကို တောင့်ခံထားသည့် ဂရင်းလန်းကျွန်းမှ နောက်ဆုံး
ရေခဲပြင်ကြီးမှာ စတင်အရည် ပျော်လျက်ရှိနေပြီး မြင့်တက်နေသော ပင်လယ်ရေ
မျက်နှာပြင်တွင်းသို့ တန်ချိန် သောင်းနှင့်ချီကာစီးဝင်လျက် ရှိသည်ဟု
သိပ္ပံပညာရှင်များအား ကိုးကားကာ အေအက်ဖ်ပီသတင်း တစ်ရပ်၌ ဖော်ပြထားသည်။ ၂၀၁၃ ခုနှစ် နောက်ပိုင်းမှစတင်ကာ အပူချိန် မြင့်တက်လာခြင်းက ဂရင်းလန်းကျွန်း အရှေ့မြောက်ပိုင်း ကမ်း ခြေသို့ စီးဆင်းသည့် ရေခဲမြစ် အရည်ပျော်လာစေရန် လွယ်ကူစေခဲ့သည်ဟု Nature Climate Change ဂျာ နယ်တွင် သိပ္ပံပညာရှင်များက ရေးသားဖော်ပြထားသည်။
ရေခဲစမ်းချောင်းဟု လူသိများသည့် ယင်းရေခဲမြစ်မှာ အလွန်ကြီးမားလှသော ချိုင့်ဝှမ်းကြီးအတွင်းမှ ရေခဲတုံး ကြီးများကို ပင်လယ်ထဲသို့ သယ်ဆောင်သွားသည်။ ယခင်အချိန်များ၌ ယခုကဲ့သို့ ရေခဲတုံးများ မျောပါစီးဆင်း မှုကို ပင်လယ်ဝရှိ ရေခဲတုံးကြီးများက အတိုင်းအတာတစ်ခုအထိ ဟန့်တားထားနိုင်ခဲ့သည်။
သို့ရာတွင် လွန်ခဲ့သည့် သုံးနှစ်အတွင်း အပူချိန် သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့် ပုလင်းဖုံးနှင့်တူသော အဆိုပါ ရေခဲတုံးကြီးများ ပျောက်ကွယ်ခဲ့ရပြီး ရေခဲမြစ်စီးဆင်းမှုကို အရှိန်တိုးမြင့်စေခဲ့သည်ဟု သုတေသန ပညာရှင်များက ၎င်းတို့၏စာတမ်းတွင် ထည့်သွင်း ဖော်ပြထားသည်။
Credit : News in Burmese
No comments:
Post a Comment