Wednesday, March 19, 2014

မြန်မာတစ်ဦးက ဆိုဂျူးပုလင်းကွဲဖြင့် ထိုးလိုက်သည်ဟု ကိုရီးယားနိုင်ငံသားက အမှုဖွင့်တိုင်


မြန်မာအမျိုးသားတစ်ဦးက ဆိုဂျူး ပုလင်းကိုရိုက်ခွဲပြီး ပုလင်းကွဲဖြင့် ထိုးခဲ့သည်ဟု ကိုရီးယားလူမျိုးတစ်ဦး၏ အမှုဖွင့် တိုင်တန်းမှုကို တာမွေရဲစခန်းက မတ် ၁၇ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်။
အမှုကို လှိုင်သာယာမြို့နယ် န၀ဒေး ရှော့ဟောက်၊ အမှတ် (၈၂)ဘီနေ ကားဝယ်ရောင်း လုပ်ကိုင်သည့် ကိုရီးယားလူမျိုး Mr.Jang Weol Sang က အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။
၎င်းသည် ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီက ကိုရီးယားလူမျိုး သူငယ်ချင်း သုံးဦး နှင့်အတူ တာမွေမြို့နယ်၊ ဂရင်းလိဒ်ဟိုတယ်၊ မြေညီထပ် စားသောက်ခန်းတွင် စားသောက်ခဲ့ကြသည်ဟု ဆိုထားသည်။ ထို့အချိန်မှ
ဂရင်းလိဒ်ဟိုတယ်တွင် အလုပ်လုပ်ကိုင်သူ ကိုမြင့်စိုး (စုံစမ်းဆဲ)ဆိုသူနှင့် အခြားကိုရီးယားလူမျိုး နှစ်ဦးတို့ သည် စကားကျယ်လောင်စွာ ပြောဆိုနေသဖြင့် အသံကျယ်လောင်စွာ မပြောဆိုရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။
ယင်းကြောင့် ကိုမြင့်စိုးက ဆိုဂျူးအရက်ပုလင်းကို ရိုက်ခွဲပြီး ထိုးရာ တရားလိုတွင် ၀ဲမျက်လုံးအောက်၊ ပါး အထက်တို့တွင် ပြတ်ရှဒဏ်ရာရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် တက်ရောက်ကုသခဲ့ရ သည်ဟု ဆိုသည်။
ထို့နောက် ကိုမြင့်စိုးနှင့်အတူ ထိုင်နေသည့် ကိုရီးယားလူမျိုးများက ရဲစခန်း မတိုင်ရန်နှင့် ဆေးဝါး စရိတ်ကို ပေးအပ်ကာ တောင်းပန်မည်ပြောသဖြင့် စောင့်ဆိုင်းခဲ့ရာ ယနေ့အထိ လာရောက်တောင်းပန်ခြင်း မရှိ သဖြင့် အမှုဖွင့်တိုင်တန်းခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၁၃၈/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူကို စုံစမ်းရှာဖွေနေ ကာ အမှန်တကယ် ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိလာပါက ပုဒ်မ ၃၂၄ ဖြင့် တရားစွဲတင်ပေးသွားမည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment