Friday, March 21, 2014

မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်မှု ပြီးစီးပါက ကုန်တင် လေယာဉ်ကြီးများ ဆင်းသက်မည်

Photo: မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်မှု ပြီးစီးပါက ကုန်တင် လေယာဉ်ကြီးများ ဆင်းသက်မည်
Friday, March 21, 2014

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင်တင်ခြင်းများ လုပ်ဆောင်မှု ပြီးစီးပါက နိုင်ငံတကာမှ ကုန်တင်လေယာဉ်ကြီးများကို ဦးစားပေး ဆင်းသက်စေမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လက်ရှိတွင် အဆိုပါ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်အပြင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကိုပါ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ပြီး အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ခံ Pioneer Aerodrome Service ကုမ္ပဏီ ကို ရွေးချယ်ခဲ့ကြောင်း၊ ကုမ္ပဏီနှင့် လေဆိပ် တည်ဆောက်ရေး အတွက် သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရန် ညှိ့နှိုင်းဆွေးနွေးလျက် ရှိကြောင်း သိရသည်။

ထို့အပြင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာနိုင်ငံ၏ လေကြောင်း ကုန်စည် ထောက်ပံ့ ပို့ဆောင်ရေး လေဆိပ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန် အမှတ်ပေး တင်ဒါစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး ဂျပန်နိုင်ငံက Mitsubishi-Jalux Accociation With SPA (Japan)ကုမ္ပဏီမှ တည်ဆောက်ခွင့် ရရှိခဲ့သည်။

လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်ရန် ညှိ့နှိုင်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းအဆင့် မြှင့်တင် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ နှစ်ခုနှင့် မြန်မာနိုင်ငံ အကြား သဘောတု စာချုပ် ချုပ်ဆိုရန် စာချုပ်မူကြမ်းကို ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း သိရသည်။

ယင်း သဘောတူညီမှု စာချုပ် ချုပ်ဆိုပြီးပါက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အရ လက်ရှိခရီးသည် ၂ ဒဿမ ၇ သန်း လက်ခံနိုင်စွမ်း ရှိသည်ထက် ခရီးသွား ၆ သန်းအထိ တိုး၍ လက်ခံနိုင်စွမ်း ရှိရန် တည်ဆောက်ပေးရမည် ဖြစ်သည်။အလားတူ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို နိုင်ငံတကာမှ ကုန်တင်လေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သော လေဆိပ် အဖြစ် အဆင့်မြှင့်တင် ပြီးပါက ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းအတွက် အဓိက အချက်အခြာ ကျသော မြို့ကြီး ဖြစ်လာရန် မျှော်မှန်းထားကြောင်း သိရသည်။

မြ၀တီ
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင်တင်ခြင်းများ လုပ်ဆောင်မှု ပြီးစီးပါက နိုင်ငံ တကာမှ ကုန်တင်လေယာဉ်ကြီးများကို ဦးစားပေး ဆင်းသက်စေမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လက်ရှိတွင် အဆိုပါ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အပြင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကိုပါ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ပြီး အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ခံ Pioneer Aerodrome Service ကုမ္ပဏီ ကို ရွေးချယ်ခဲ့ကြောင်း၊ ကုမ္ပဏီနှင့် လေဆိပ် တည်ဆောက်ရေး အတွက် သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရန် ညှိ့နှိုင်းဆွေးနွေးလျက် ရှိကြောင်း သိရသည်။

ထို့အပြင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာနိုင်ငံ၏ လေကြောင်း ကုန်စည် ထောက်ပံ့ပို့ဆောင်ရေး လေဆိပ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန် အမှတ်ပေး တင်ဒါ စနစ်ဖြင့် ရွေးချယ်ခဲ့ပြီး ဂျပန်နိုင်ငံက Mitsubishi-Jalux Accociation With SPA (Japan) ကုမ္ပဏီမှ တည်ဆောက်ခွင့် ရရှိခဲ့သည်။

လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်ရန် ညှိ့နှိုင်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းအဆင့် မြှင့်တင် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ နှစ်ခုနှင့် မြန်မာနိုင်ငံ အကြား သဘောတု စာချုပ် ချုပ်ဆိုရန် စာချုပ် မူကြမ်း ကို ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း သိရသည်။

ယင်း သဘောတူညီမှု စာချုပ် ချုပ်ဆိုပြီးပါက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုး တိုး တက်ရေး စီမံကိန်း အရ လက်ရှိခရီးသည် ၂ ဒဿမ ၇ သန်း လက်ခံနိုင်စွမ်း ရှိသည်ထက် ခရီးသွား ၆ သန်းအထိ တိုး၍ လက်ခံနိုင်စွမ်း ရှိရန် တည်ဆောက်ပေးရမည် ဖြစ်သည်။အလား တူ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို နိုင်ငံတကာမှ ကုန်တင်လေယာဉ်ကြီးများ ဆိုက် ကပ်နိုင်သော လေဆိပ် အဖြစ် အဆင့်မြှင့်တင် ပြီးပါက ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း အတွက် အဓိက အချက်အခြာ ကျသော မြို့ကြီး ဖြစ်လာရန် မျှော်မှန်းထားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment