Friday, March 21, 2014

ရှမ်းပြည်နယ်တွင် ဒေသတွင်း ဧည့်လမ်းညွှန်ဝင်ခွင့်လျှောက်လွှာခေါ်

ရှမ်းပြည်နယ်တွင် ဒေသတွင်း ဧည့်လမ်းညွှန် အခြေခံသင်တန်းဝင်ခွင့်အတွက် လျှောက်လွာများ စတင်ခေါ် ယူလျက်ရှိသည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်သူက မတ်၂၀ ရက်တွင် မဇ်္ဈိမကို ပြောသည်။

မတ် ၁၇ ရက်တွင် စတင် လျှောက်လွှာခေါ်ယူခဲ့ခြင်းဖြစ်ပြီး မတ် ၂၈ ရက်ထိ လျှောက်ထားနိုင်ကာ အနိမ့်ဆုံး ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက် ၁၈ နှစ်မှ အသက် ၄၅ နှစ်အကြားအထိ လာရောက်လျှောက်ထားနိုင်သည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ချက်အရ သိရသည်။
“ဒေသတွင်းမှာရှိတဲ့ လူငယ်လူရွယ်တွေ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာဖို့နဲ့ နိုင်ငံခြားသား ဧည့် သည်တွေကို လိုအပ်တဲ့ ဧည့်လမ်းညွှန်ဝန်ဆောင်မှု စနစ်တကျပေးနိုင်ဖို့ ရည်ရွယ်ပြီး လျှောက်လွှာခေါ်ယူ ခြင်းဖြစ်တယ်”ဟု ဦးအောင်ကျော်သူက ပြောသည်။
ယခုနှစ် ခေါ်ယူသည့် ဒေသတွင်း ဧည့်လမ်းညွှန် အခြေခံသင်တန်း လျှောက်လွှာသည် ဒုတိယအကြိမ် မြောက်ဖြစ်ပြီး ယခင်နှစ်ကလည်း သင်တန်းသား ၁၅၀ ခန့် ရွေးချယ်ပြီး သင်တန်းပေးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

No comments:

Post a Comment