Monday, March 24, 2014

၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရသူများ လက်ရှိအချိန်ထိတရားဝင် လွှတ်တော် ကိုယ်စားလှယ်များဖြစ်ဟု ဦးခွန်ထွန်းဦးပြော

၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ သည် လက်ရှိအချိန်ထိ နိုင်ငံတော်အစိုးရ က ပြန်တမ်းစာရင်းတွင် ထုတ်ပယ်ထားခြင်း မရှိသောကြောင့် တရားဝင်လွှတ်တော်ကိုယ် စားလှယ်များ ဖြစ်နေဆဲဖြစ်ကြောင်း ရှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန် ထွန်းဦးက ၁၉၉ဝ ပြည့်နှစ် အနိုင်ရပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအ ကြိမ် ပြန်လည်တွေ့ဆုံ ပွဲတွင် ပြောခဲ့သည်။

အဆိုပါ ၁၉၉ဝ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို မတ် ၂၂ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့သည်။

''၁၉၉ဝ ပြည့်နှစ်က အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အစိုးရ ပြန်တမ်းစာမှာ ထုတ်ပယ် ထားခြင်းမရှိသေး ပါဘူး။ ဒါကြောင့် တရားဝင်ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်တွေဖြစ်နေဆဲ ပါပဲ''ဟု ဦးခွန်ထွန်းဦးက ပြောသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် ပါတီ ပေါင်း ၂၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၃၉၂ ဦး၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၃ ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၂ ဦး နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါ တီမှ ၁ဝ ဦး ရွေးကောက်ခဲ့ပြီး နိုင်ငံတော် အစိုးရပြန်တမ်းစာရင်းတွင် တရားဝင်ထည့် သွင်းကြေညာခဲ့သည်။

အဆိုပါ ၁၉၉ဝ ပြည့်နှစ် အနိုင် ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့အစည်းအနေဖြင့်လည်း ပါတီထူထောင် ၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည်မဟုတ်ဘဲ လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ၁၉၉ဝ ပြည့်နှစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ၉ဝ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ် ၁ဝဝ ကျော် တက် ရောက်ခဲ့ကြပြီး၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရန် တောင်းဆိုခဲ့ကြသည်။

၁၉၉ဝ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ဦးဖြစ်သည့် ဦးဒေးဗစ်လှမြင့် က ''အခြေမခိုင်သော အိမ်တစ်လုံးကို ကျား ကန်ထောက်ပြီး အပေါ်ယံစာမျက်နှာများ ကို မွမ်းမံပြင်ဆင်နေရုံမျှဖြင့် ငြိမ်းချမ်းစွာ နေနိုင်မည် မဟုတ်ပါ။ အခြေတိုင်မှ ဖြိုချပြီး ယူသုံးလို့ရသမျှ ပြန်ယူသုံးကာ အိမ်ကောင်း ဖြစ်အောင် ပြန်လည်ပြင်ဆင် ဆောင်ရွက် သင့်ပါတယ်''ဟု ပြောသည်။

တွေ့ဆုံပွဲသို့ ကယန်းပြည်သစ် ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ငြိမ်း ချမ်းရေးကွန်ရက်၊ အမျိုးသားဒီမိုကရေစီ ကွန်ရက်၊ ဝါရင့်နိုင်ငံရေးသမားများအဖွဲ့၊ DKBA ၊ NLDLA (ဗဟို)၊ UNFC ၊ UNLD ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအဖွဲ့ အစရှိသည့်အဖွဲ့များက သဝဏ်လွှာများ ပေးပို့ခဲ့ကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment