Monday, March 24, 2014

ချယ်လ်ဆီးနှင့်ပွဲ အရှုံးအတွက် အဖြေရှာရ ခက်နေဆဲဟု ဝင်းဂါးညည်းညူ

ချယ်လ်ဆီးကို ဂိုးဒါဇင်ဝက်ဖြင့် အရေးနိမ့်သွားသည့် ပွဲစဉ်နှင့် ပတ်သက်ပြီး မိမိအနေဖြင့် အဖြေရှာရန် ခက်ခဲနေဆဲဟု အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ညည်းညူ ပြောကြားခဲ့သည်။

အာဆင်နယ်ကို ဝင်းဂါးကိုင်တွယ်သည့် ပွဲ(၁၀၀၀)ပြည့် အထိမ်းအမှတ်တွင် စတမ်းဖို့ဒ်ဘရစ်ဂ်ျ၌ ချယ်လ်ဆီး၏ (၆-၀)ဖြင့် ဂိုးပြတ် အနိုင်ယူခြင်းကို ခံခဲ့ရသည်။ အာဆင်နယ်သည် ယခုရာသီ ချန်ပီယံလုဘက် အသင်းကြီးများကို အဝေးကွင်း၌ ဂိုးပြတ်ရှုံးလေ့ရှိပြီး ယင်းမှတ်တမ်းဆိုးသည် ယခုပွဲတွင်လည်း ဆက်လက်တည်တံ့ခဲ့သည်။ အာဆင်နယ် အနေဖြင့် အစ်တီဟတ်တွင် မန်ချက်စတာစီးတီးကို (၆-၃)၊ အန်းဖီးလ်တွင် လီဗာပူးလ်ကို (၅-၁)တို့ဖြင့် ရှုံးနိမ့်ခဲ့သလို ယခုပွဲတွင်လည်း မိနစ်(၂၀)ကတည်းက (၄)ဂိုးပြတ် နောက်ကောက်ကျနေခဲ့ရသည်။

ဝင်းဂါးက “ကျွန်တော်တို့ အနေနဲ့ ဒီပွဲစဉ်အတွက် အထူးပြု ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် ခုလို ဖြစ်သွားတဲ့အပေါ် တွေဝေ စိတ်ရှုပ်နေရတုန်းပဲ”ဟု ဆိုသည်။ ၎င်းက “ပွဲချိန် မိနစ်(၂၀)မှာ ကတည်းက ပွဲက ပြီးနေပြီ။ အဲဒီနောက်ပိုင်း ကာလတွေကတော့ ကျွန်တော်တို့အတွက် ရှည်လျားပြီး ထိတ်လန့်ပူပန်ရတဲ့ ကြေကွဲညနေခင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ စိတ်ပျက်စရာ အကောင်းဆုံး အချက်က ကိုယ့်အသင်းဘက်က စူးစိုက်မှု အပြည့်အဝ ပြင်ဆင်ထားလျှက်နဲ့ ဒီရာသီရဲ့ အဓိကပွဲစဉ်မှာ အစီအစဉ်တကျ မကစားနိုင်ခဲ့တာပါပဲ။ တကယ့်ကို စိတ်ရှုပ်စရာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အနေနဲ့ ဘာအခွင့်အရေးမှ မရှိနိုင်ဘူးဆိုတဲ့ ခံစားချက်မျိုးကြီးနဲ့ ရှုံးနိမ့်ခဲ့တာလေ”ဟုလည်း ပြောကြားခဲ့သည်။

ဝင်းဂါးက “အသင်းဟာ ကြံ့ခိုင်မှု ပြည့်ဝနေသလို စိတ်ပိုင်းဆိုင်ရာ ထက်သန်အားကောင်းနေခဲ့တာပါ။ ဒါပေမဲ့ ချယ်လ်ဆီးနဲ့ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေအတွက် ကျွန်တော်တို့ အလေးအနက် ပြန်စဉ်းစားရပါတော့မယ်။ ဒါဟာ ပထမဆုံး ကြုံရတဲ့ကိစ္စလည်း မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အင်္ဂါနေ့ ကြားရက်ပွဲစဉ်မှာ ကျွန်တော်တို့ ပိုပြီး အလေးထား အာရုံစိုက် နိုးထလာဖို့ လိုအပ်နေပါပြီ”ဟု ဖွင့်ဟသွားသည်။ 

Ref: skysport
Soccer Myanmar ချယ်လ်ဆီးကို ဂိုးဒါဇင်ဝက်ဖြင့် အရေးနိမ့်သွားသည့် ပွဲစဉ်နှင့် ပတ်သက်ပြီး မိမိအနေဖြင့် အဖြေရှာရန် ခက်ခဲနေဆဲဟု အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ညည်းညူ ပြောကြားခဲ့သည်။
အာဆင်နယ်ကို ဝင်းဂါးကိုင်တွယ်သည့် ပွဲ(၁၀၀၀)ပြည့် အထိမ်းအမှတ်တွင် စတမ်းဖို့ဒ်ဘရစ်ဂ်ျ၌ ချယ်လ်ဆီး၏ (၆-၀)ဖြင့် ဂိုးပြတ် အနိုင်ယူခြင်းကို ခံခဲ့ရသည်။ အာဆင်နယ်သည် ယခုရာသီ ချန်ပီယံလုဘက် အသင်းကြီးများကို အဝေးကွင်း၌ ဂိုးပြတ်ရှုံးလေ့ရှိပြီး ယင်းမှတ်တမ်းဆိုးသည် ယခုပွဲတွင်လည်း ဆက်လက်တည်တံ့ခဲ့သည်။ အာဆင်နယ် အနေဖြင့် အစ်တီဟတ်တွင် မန်ချက်စတာစီးတီးကို (၆-၃)၊ အန်းဖီးလ်တွင် လီဗာပူးလ်ကို (၅-၁)တို့ဖြင့် ရှုံးနိမ့်ခဲ့သလို ယခုပွဲတွင်လည်း မိနစ်(၂၀)ကတည်းက (၄)ဂိုးပြတ် နောက်ကောက်ကျနေခဲ့ရသည်။

ဝင်းဂါးက “ကျွန်တော်တို့ အနေနဲ့ ဒီပွဲစဉ်အတွက် အထူးပြု ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် ခုလို ဖြစ်သွားတဲ့အပေါ် တွေဝေ စိတ်ရှုပ်နေရတုန်းပဲ”ဟု ဆိုသည်။ ၎င်းက “ပွဲချိန် မိနစ်(၂၀)မှာ ကတည်းက ပွဲက ပြီးနေပြီ။ အဲဒီနောက်ပိုင်း ကာလတွေကတော့ ကျွန်တော်တို့အတွက် ရှည်လျားပြီး ထိတ်လန့်ပူပန်ရတဲ့ ကြေကွဲညနေခင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ စိတ်ပျက်စရာ အကောင်းဆုံး အချက်က ကိုယ့်အသင်းဘက်က စူးစိုက်မှု အပြည့်အဝ ပြင်ဆင်ထားလျှက်နဲ့ ဒီရာသီရဲ့ အဓိကပွဲစဉ်မှာ အစီအစဉ်တကျ မကစားနိုင်ခဲ့တာပါပဲ။ တကယ့်ကို စိတ်ရှုပ်စရာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အနေနဲ့ ဘာအခွင့်အရေးမှ မရှိနိုင်ဘူးဆိုတဲ့ ခံစားချက်မျိုးကြီးနဲ့ ရှုံးနိမ့်ခဲ့တာလေ”ဟုလည်း ပြောကြားခဲ့သည်။

ဝင်းဂါးက “အသင်းဟာ ကြံ့ခိုင်မှု ပြည့်ဝနေသလို စိတ်ပိုင်းဆိုင်ရာ ထက်သန်အားကောင်းနေခဲ့တာပါ။ ဒါပေမဲ့ ချယ်လ်ဆီးနဲ့ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေအတွက် ကျွန်တော်တို့ အလေးအနက် ပြန်စဉ်းစားရပါတော့မယ်။ ဒါဟာ ပထမဆုံး ကြုံရတဲ့ကိစ္စလည်း မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အင်္ဂါနေ့ ကြားရက်ပွဲစဉ်မှာ ကျွန်တော်တို့ ပိုပြီး အလေးထား အာရုံစိုက် နိုးထလာဖို့ လိုအပ်နေပါပြီ”ဟု ဖွင့်ဟသွားသည်။

Ref: skysport
Soccer Myanmar

No comments:

Post a Comment