Sunday, March 2, 2014

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည်

Photo: အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် ၌ ဆုံးဖြတ်အတည်ပြုမည်
Sunday, March 2, 2014

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များ ရှိသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေး၍ ပြင်ဆင်ချက်များဖြင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ပြည်သူ့လွှတ်တော်မှလည်း ပြင်ဆင်ချက်များဖြင့် အတည်ပြုကာ အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှ ဒေါ်ခင်ဝိုင်းကြည်နှင့် ညှိနှိုင်းမှုများပြုလုပ်၍ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၏ မူလပြင်ဆင်ချက်များအတိုင်း အချက် ၁၃ ချက်အား ထားရန်နှင့် ကျန်အချက်များအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း ထားရှိရန် ဥပဒေကြမ်းကော်မတီမှ ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ အစီရင်ခံ စာဖတ်ကြား တင်သွင်းခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့သည်။

လွှတ်တော်နှစ်ရပ်အကြား အဓိက သဘောကွဲလွဲချက်မှာ ဥပဒေကြမ်းပါ အရေးအသားများဖြစ်ပြီး အခြားကွဲလွဲချက်မှာ မူလစတင်ရေးဆွဲစဉ်က ပါဝင်သည့် ကော်မရှင်ဖွဲ့စည်းခြင်း ပုဒ်မ ၄ (ဆ) တွင် ပြဋ္ဌာန်းချက်ဖြစ်သော“မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦး”စကားရပ်အား ပြည်သူ့လွှတ်တော်မှ ပယ်ဖျက်ခဲ့ပြီး အမျိုးသားလွှတ်တော်မှ မူလတိုင်းထားရှိ၍ အတည်ပြုခဲ့သည်။

ထို့အပြင် မူလဥပဒေကြမ်းပါ ပုဒ်မ ၂ (ဂ) ပါ“ကော်မရှင်အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ အပါအဝင် အဖွဲ့ဝင်တစ်ဦးဦးကို ဆိုသည်”စကားရပ်အစား ပြည်သူ့လွှတ်တော်မှ“ကော်မရှင်အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်ကိုဆိုသည်”ဟု ပြင်ဆင်အတည်ပြုချက်အား အမျိုးသားလွှတ်တော်က လက်မခံဘဲ မူလအတိုင်း အတည်ပြုခဲ့သဖြင့် ယင်းအချက်၌လည်း သဘောကွဲလွဲခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ်က ပြင်ဆင်အတည်ပြု အပြီးတွင် အခန်း ၉ ခန်း၊ ပုဒ်မ ၆၁ ခုနှင့် ပုဒ်မခွဲ၊ ပုဒ်မခွဲငယ် များပါဝင်ပြီး ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မရှင်၏ ရာထူးသက်တမ်း၊ ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်နေရာအား ခန့်ထားခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ စုံစမ်းစစ်ဆေးခြင်း၊ ငွေကြေးစီမံခန့်ခွဲရေး စသည့်အချက်များလည်း ပါဝင်ကြောင်း သိရသည်။  

Eleven Media Group

ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များ ရှိသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေး၍ ပြင်ဆင်ချက်များဖြင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ပြည်သူ့ လွှတ်တော်မှလည်း ပြင်ဆင်ချက်များဖြင့် အတည်ပြုကာ အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှ ဒေါ်ခင်ဝိုင်းကြည်နှင့် ညှိနှိုင်းမှုများပြုလုပ်၍ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၏ မူလပြင်ဆင်ချက်များအတိုင်း အချက် ၁၃ ချက်အား ထားရန်နှင့် ကျန်အချက်များအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း ထားရှိရန် ဥပဒေကြမ်းကော်မတီမှ ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ အစီရင်ခံ စာဖတ်ကြား တင်သွင်းခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့သည်။

လွှတ်တော်နှစ်ရပ်အကြား အဓိက သဘောကွဲလွဲချက်မှာ ဥပဒေကြမ်းပါ အရေးအသားများဖြစ်ပြီး အခြားကွဲလွဲ ချက်မှာ မူလစတင်ရေးဆွဲစဉ်က ပါဝင်သည့် ကော်မရှင်ဖွဲ့စည်းခြင်း ပုဒ်မ ၄ (ဆ) တွင် ပြဋ္ဌာန်းချက်ဖြစ်ေ သာ“မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦး”စကားရပ်အား ပြည်သူ့လွှတ်တော်မှ ပယ်ဖျက်ခဲ့ပြီး အမျိုးသားလွှတ်တော်မှ မူလတိုင်းထားရှိ၍ အတည်ပြုခဲ့သည်။

ထို့အပြင် မူလဥပဒေကြမ်းပါ ပုဒ်မ ၂ (ဂ) ပါ“ကော်မရှင်အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ အပါအဝင် အဖွဲ့ဝင်တစ်ဦးဦးကို ဆိုသည်”စကားရပ်အစား ပြည်သူ့လွှတ်တော်မှ“ကော်မရှင်အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်ကိုဆိုသည်”ဟု ပြင်ဆင်အတည်ပြုချက်အား အမျိုးသားလွှတ်တော်က လက်မခံဘဲ မူလအတိုင်း အတည်ပြုခဲ့သဖြင့် ယင်းအချက်၌လည်း သဘောကွဲလွဲခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ်က ပြင်ဆင်အတည်ပြု အပြီးတွင် အခန်း ၉ ခန်း၊ ပုဒ်မ ၆၁ ခုနှင့် ပုဒ်မခွဲ၊ ပုဒ်မခွဲငယ် များပါဝင်ပြီး ကော်မရှင် ဖွဲ့စည်းခြင်း၊ ကော်မရှင်၏ ရာထူးသက်တမ်း၊ ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်နေရာ အား ခန့်ထားခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ စုံစမ်းစစ်ဆေးခြင်း၊ ငွေကြေးစီမံခန့်ခွဲရေး စသည့်အချက်များ လည်း ပါဝင်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment