Sunday, March 2, 2014

သန်းခေါင်စာရင်းကောက်ယူမှုသည် နိုင်ငံ့လူဦးရေ၊ နိုင်ငံတည်ရှိမှုနှင့် မျိုးနွယ်စုများပါဝင်ဖွဲ့စည်းမှုတို့ကိုပါ ဖော်ညွှန်းပေးနိုင်သည့်အတွက် အလွန်အရေးကြီးကြောင်း သမ္မတ ပြောကြား

Photo: သန်းခေါင်စာရင်းကောက်ယူမှုသည် နိုင်ငံ့လူဦးရေ၊ နိုင်ငံတည်ရှိမှုနှင့် မျိုးနွယ်စုများပါဝင်ဖွဲ့စည်းမှုတို့ကိုပါ ဖော်ညွှန်းပေးနိုင်သည့်အတွက် အလွန်အရေးကြီးကြောင်း သမ္မတ ပြောကြား
Sunday, March 2, 2014

၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုများကို ပြုလုပ်သွားမည်ဖြစ်ရာ ယင်းအထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ရှိ MICC အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သန်းခေါင်စာရင်း ကောက်ယူမှုသည် နိုင်ငံ၏လူဦးရေ စုစုပေါင်းအရေအတွက်လောက်ကိုသာ ဖော်ထုတ်ရရှိနိုင်သည် မဟုတ်ဘဲ နိုင်ငံ့လူဦးရေ၊ နိုင်ငံတည်ရှိမှုနှင့် မျိုးနွယ်စုများ ပါဝင်ဖွဲ့စည်းထားမှုတို့ကိုပါ ဖော်ညွှန်းနိုင်သည့်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံဟာ အခြားနိုင်ငံများနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ရေမြေတောတောင်သဘာဝအလှများ၊ သဘာဝသယံဇာတများနဲ့ ပေါကြွယ်၊ ပြည့်စုံ၊ တင့်တယ်နေသလို မတူကွဲပြားခြားနားတဲ့ လူမျိုးစုများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဘာသာစကားများနှင့် ညီညွတ်စွာပေါင်းစပ် စုစည်းထားတဲ့ ပြည်ထောင်စုနိုင်ငံတော်ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံလူဦးရေ မည်မျှရှိသည်၊ မည်သူများနှင့် ဖွဲ့စည်းထားသည်၊  အသက်အရွယ် ပညာအရည်အချင်းအလိုက် မည်သို့ပျံ့နှံ့နေထိုင်ကြသည်၊ လူ့စွမ်းအားအရင်းအမြစ် မည်မျှရှိသည်၊ မည်သည့် ဝန်ဆောင်မှုများ လိုအပ်နေသည်၊ လုပ်သားအင်အား မည်မျှရှိသည်၊ အမျိုးသမီးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများ၏ အခန်းကဏ္ဍနှင့် ပံ့ပိုးဖြည့်ဆည်းပေးရမည့်အချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးစသည်တို့အပါအဝင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအချက်အလက်ပေါင်းများစွာကို သန်းခေါင်စာရင်းကနေ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သန်းခေါင်စာရင်းဆိုတာ နိုင်ငံတိုင်းအတွက် လိုအပ်ပါတယ်။ တိုင်းရင်းသားတွေက ကိုယ့်လူမျိုးအမှန်ပဲ ဖြစ်ချင်တာပေါ့။ မှားတယ်ဆိုရင် ပြင်ရမှာပေါ့။ ကယန်းလူမျိုး လေးမျိုးဖြစ်နေတယ်။ တစ်မျိုးပဲ ဖြစ်ချင်တယ်။ သန်းခေါင်စာရင်းထဲမှာ ဖော်ပြတာက လေးမျိုးဖြစ်နေပေမယ့် လူဦးရေနည်းလို့ လေးမျိုးမဖြစ်သင့်ဘူး။ တစ်မျိုးပဲဖြစ်သင့်တယ်” ဟု ကရင်နီလူမျိုး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဦးထွန်းကျော်က ပြောကြားခဲ့သည်။

သန်းခေါင်စာရင်းမှရရှိသည့် ကိန်းဂဏန်းများသည် လက်ရှိအစိုးရလက်ထက်တွင်သာမက နောင်အစိုးရအဆက်ဆက်အထိ လက်ဆင့်ကမ်းပေးရမည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များဟု ဆိုရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့သည်။

“ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေကို မှန်ကန်စွာ ဖော်ထုတ်နိုင်ဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို အခြေခံလိုအပ်တဲ့မေးခွန်းတွေ မေးမြန်းသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးက မေးခွန်းတွေကို မှန်မှန်ကန်ကန်ဖြေဆိုခြင်းဖြင့် မိမိအတွက်၊ မိမိမိသားစုအတွက်၊ မိမိ သားစဉ်မြေးဆက်အတွက်၊ မိမိနိုင်ငံအတွက် အနည်းဆုံး ၁ဝ နှစ်စာ ရင်းနှီးမြှုပ်နှံနိုင်မယ့် မွန်မြတ်တဲ့ လုပ်ငန်းစဉ်တစ်ရပ်လို့ ပြောလိုပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့အနာဂတ်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ လိုအပ်ချက်တွေကို ပုံဖော်ပေးနိုင်ဖို့ အခုဆောင်ရွက်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကြီးမှာ မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် ထပ်လောင်းသတိပေးလိုက်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။

Eleven Media Group

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုအထိမ်းအမှတ်အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုအထိမ်းအမှတ်အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်

၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုများကို ပြုလုပ်သွားမည်ဖြစ်ရာ ယင်းအထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ရှိ MICC အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သန်းခေါင်စာရင်း ကောက်ယူမှုသည် နိုင်ငံ၏လူဦးရေ စုစုပေါင်းအရေအတွက်လောက် ကိုသာ ဖော်ထုတ်ရရှိနိုင်သည် မဟုတ်ဘဲ နိုင်ငံ့လူဦးရေ၊ နိုင်ငံတည်ရှိမှုနှင့် မျိုးနွယ်စုများ ပါဝင်ဖွဲ့စည်း ထားမှုတို့ကိုပါ ဖော်ညွှန်းနိုင်သည့်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံဟာ အခြားနိုင်ငံများနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ရေမြေတောတောင်သဘာဝအလှများ၊ သဘာဝသယံဇာတများနဲ့ ပေါကြွယ်၊ ပြည့်စုံ၊ တင့်တယ်နေသလို မတူကွဲပြားခြားနားတဲ့ လူမျိုးစုများ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဘာသာစကားများနှင့် ညီညွတ်စွာပေါင်းစပ် စုစည်းထားတဲ့ ပြည်ထောင်စုနိုင် ငံတော်ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံလူဦးရေ မည်မျှရှိသည်၊ မည်သူများနှင့် ဖွဲ့စည်းထားသည်၊  အသက်အရွယ် ပညာအရည် အချင်းအလိုက် မည်သို့ပျံ့နှံ့နေထိုင်ကြသည်၊ လူ့စွမ်းအားအရင်းအမြစ် မည်မျှရှိသည်၊ မည်သည့် ဝန်ဆောင် မှုများ လိုအပ်နေသည်၊ လုပ်သားအင်အား မည်မျှရှိသည်၊ အမျိုးသမီးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများ၏ အခန်းကဏ္ဍနှင့် ပံ့ပိုးဖြည့်ဆည်းပေးရမည့်အချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး စသည်တို့အပါအဝင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအချက်အလက်ပေါင်းများစွာကို သန်းခေါင်စာရင်းကနေ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သန်းခေါင်စာရင်းဆိုတာ နိုင်ငံတိုင်းအတွက် လိုအပ်ပါတယ်။ တိုင်းရင်းသားတွေက ကိုယ့်လူမျိုးအမှန်ပဲ ဖြစ်ချင်တာပေါ့။ မှားတယ်ဆိုရင် ပြင်ရမှာပေါ့။ ကယန်းလူမျိုး လေးမျိုးဖြစ်နေတယ်။ တစ်မျိုးပဲ ဖြစ်ချင်တယ်။ သန်းခေါင်စာရင်းထဲမှာ ဖော်ပြတာက လေးမျိုးဖြစ်နေပေမယ့် လူဦးရေနည်းလို့ လေးမျိုးမဖြစ်သင့်ဘူး။ တစ်မျိုး ပဲဖြစ်သင့်တယ်” ဟု ကရင်နီလူမျိုး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဦးထွန်းကျော်က ပြောကြား ခဲ့သည်။

သန်းခေါင်စာရင်းမှရရှိသည့် ကိန်းဂဏန်းများသည် လက်ရှိအစိုးရလက်ထက်တွင်သာမက နောင်အစိုးရ အဆက်ဆက် အထိ လက်ဆင့်ကမ်းပေးရမည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များဟု ဆိုရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့သည်။

“ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေကို မှန်ကန်စွာ ဖော်ထုတ်နိုင်ဖို့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကို အခြေခံလိုအပ်တဲ့မေးခွန်းတွေ မေးမြန်းသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးက မေးခွန်းတွေ ကို မှန်မှန်ကန်ကန်ဖြေဆိုခြင်းဖြင့် မိမိအတွက်၊ မိမိမိသားစုအတွက်၊ မိမိ သားစဉ်မြေးဆက် အတွက်၊ မိမိနိုင်ငံအတွက် အနည်းဆုံး ၁ဝ နှစ်စာ ရင်းနှီးမြှုပ်နှံနိုင်မယ့် မွန်မြတ်တဲ့ လုပ်ငန်းစဉ်တစ်ရပ်လို့ ပြောလိုပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့အနာဂတ်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ လိုအပ်ချက်တွေကို ပုံဖော်ပေးနိုင် ဖို့ အခုဆောင်ရွက်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကြီးမှာ မှန်မှန်ကန် ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် ထပ်လောင်းသတိပေးလိုက်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment