Tuesday, March 11, 2014

လွှတ်တော်ကြီးက ဘာကိုကိုယ်စားပြုသလဲ၊ အထူးအခွင့်အရေးရသူများသာ လုပ်ကိုင်နေသည့် စီးကရက်၊ အရက်အပါအ၀င် ကျန်းမာရေးကို ထိခိုက်စေသော ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်မည့်အဆိုများ လွှတ်တော်၌ ရှုံးနိမ့်

အထူးအခွင့်အရေးရသူများသာ လုပ်ကိုင်ခွင့်ရသည့် စီးကရက်၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား၊ ပေါင်းဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တို့နှင့် အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုး၊ ၀ိုင်အမျိုးမျိုးတို့အား အခွန်နှုန်းထားများ ၂၀၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ပေးရန် ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မတ် ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တင်သွင်းခဲ့သည်။

၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအထူးကုန်စည်ဇယားတွင် စီးကရက် ၁၀၀ ရာခိုင်နှုန်း၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးများ၊ ကွမ်းစားဆေးအမျိုးမျိုး၊ ဘီယာအမျိုးမျိုး၊ အရက်မျိုးမျိုးနှင့် ၀ိုင်အမျိုးမျိုးတို့အတွက် ၅၀ ရာခိုင်နှုန်းတို့ သတ်မှတ်ထားရာ ထိုသို့တိုးမြှင့်ကောက်ခံရန် ပြင်ဆင်ချက် တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်က မူလအခွန်နှုန်းထားအတိုင်း ထားရှိရန်အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မြန်မာနိုင်ငံတွင် အရက်ကို ဈေးပေါစွာဖြင့် အလွယ်တကူဝယ်ယူနိုင်သဖြင့် အရက်သောက်သုံးသူမှာ ပိုမိုများပြားလာကြောင်း၊ အရက်ကြောင့် ရောဂါများ၊ မှုခင်းဖြစ်ပွားမှု တိုးပွားလာကြောင်း၊ စီးကရက်၊ ဆေးရွက်ကြီးတို့ သုံးစွဲမှုကြောင့် ကင်ဆာကဲ့သို့သောရောဂါ များ ဖြစ်ပွားမှုကြောင့် နိုင်ငံတော်အနေဖြင့် ဆေးကုသမှုစရိတ်၊ စောင့်ရှောက်မှုစရိတ်များပါ ကုန်ကျစေကြော င်း ပြောကြားသည်။

"စားသုံးမှုနည်းစေချင်ရင် အခွန်ပိုကောက်ရပါမယ်။ စားသုံးမှုများစေချင်ရင် အခွန်လျှော့ကောက်ရပါမယ်။ နိုင်ငံတော်ရဲ့ အနာဂတ်လူငယ် မျိုးဆက်သစ်များအတွက် ဆေးလိပ်နဲ့အရက်ရဲ့အန္တရာယ်ဟာ အင်မတန်မှ ကြီးမားနေပါတယ်။ ထိုအန္တရာယ်များကင်းဝေးအောင်အတွက် ဆေးလိပ်နဲ့၊ ဆေးရွက်ကြီး၊ အရက်တွေရဲ့အပေါ်မှာ စည်းကြပ်တဲ့ အခွန်နှုန်းထားကို မြင့်မားသတ်မှတ်ပေးသင့်ပါတယ်။ အခွန်နှုန်းကို မြင့်မားစွာကောက်ခံပေးခြင်းအားဖြင့် အမျိုးသားရေးအကျိုးအတွက်ပါ ဆောင်ရွက်တာဖြစ်တဲ့ အတွက်ကြောင့် မို့ ဒီဟာကို ၂၀၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံဖို့ရာအတွက် တင်ပြရခြင်းဖြစ်ပါတယ်"ဟု ပြင်ဆင်ချက် အဆိုတင်သွင်းစဉ် ထည့်သွင်းပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယခုနှုန်းထားသတ်မှတ်ခဲ့ရာတွင် နိုင်ငံ၏ လိုအပ်ချက်၊ နိုင်ငံတကာစံနှုန်းများနှင့် နှိုင်းယှဉ်စဉ်းစား သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အာဆီယံဒေသ တွင်း ကောက်ခံမှုများနှင့် နှိုင်းယှဉ်ပါက မြင့်မားသည့်နှုန်းထားတွင် ပါဝင်ကြောင်း၊ နှုန်းထားများသည့်အတွက် အခွန်ရှောင်သည့်ကိစ္စများ ပေါ်ပေါက်လာနိုင်ကြောင်း ပြောကြားသည်။

အခွန်နှုန်းထားနှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် လွှတ်တော်က မူလအတိုင်း ၁၀၀ ရာခိုင်နှုန်းနှင့် ရာခိုင်နှုန်း ၅၀ အတိုင်း ထားရှိရန် အတည်ပြုခဲ့သည်။

အလားတူ အောင်မြေသာစံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကြီး၏ ပြည်ပမှတင်သွင်းသည့် ဆီအုန်း၊ ဆီကြမ်းများအား ကုန်သွယ်ခွန် ရာခိုင်နှုန်း ၅၀ သို့ တိုးမြှင့်ပေးရန် ပြင်ဆင်ချက်အဆိုမှာလည်း ရှုံးနိမ့်ခဲ့သည်။

မြန်မာနိုင်ငံတွင် အရက်၊ ဘီယာ၊ စီးကရက်လုပ်ငန်းများကို ရွှေသံလွင်၊ IBTC ၊ ပက်ပ်စီဦးသိန်းထွန်းနှင့် ပတ်သက် သည့် ကုမ္ပဏီများက အစိုးရသစ်လက်ထက်တွင် အထူးအခွင့်အရေးရရှိကာ လုပ်ပိုင်ခွင့်များ ရရှိသွားခဲ့သည်။

Eleven Media Group

No comments:

Post a Comment