Tuesday, March 11, 2014

စေတနာ မှန်ကို နား လည်ရင် ၂၀၁၅ ဆိုတာ ဂရုစိုက်စရာ မဟုတ် ဟု ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင် တို့ဆို

Photo: စေတနာမှန်ကို နားလည်ရင် ၂၀၁၅ ဆိုတာ ဂရုစိုက်စရာမဟုတ်
ဟု ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင်တို့ဆို
Tuesday, March 11, 2014

ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ၂ဝ၁၅ရွေးကောက် ပွဲတွင် ရှုံးနိမ့်ခဲ့ပါကလည်း ပြည်သူကို ဂရုမစိုက်စရာ အကြောင်းမရှိဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားလိုက်သည်။

မိမိအနေဖြင့်လည်း ရှုံး နိမ့်သွားသည့် မဲဆန္ဒနယ်များ၌လည်း ပြည်သူ့အကျိုးအတွက် လုပ်ဆောင် သင့်သည်များကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း မတ် ၆ရက်က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ သတင်းမီဒီယာ များနှင့်တွေဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ရှုံးတဲ့အတွက် ပြည်သူ ကို ဂရုမစိုက်ဘဲမလုပ်တော့ဘူးလား။ နိုင်မှပဲလုပ်မှာလား၊ ကျွန်တော့်အ နေနဲ့ ပြောမယ်ဆိုရင် ရှုံးတဲ့နေရာ လဲ ကျွန်တော်လုပ်မယ်''ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုဥက္ကဋ္ဌဦးဌေးဦးကပြောသည်။

၂ဝ၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင်လည်း ¤င်းနေရာ ဖြစ်သော မရမ်းကုန်းမြို့နယ်တွင် ရှုံးနိမ့်သော်လည်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုစဉ်က အချို့မှာ ရှုံးနိမ့်ခဲ့သဖြင့် စိတ်ထိခိုက်ခဲ့ကြသော်လည်း အရေး ကြီးသည်မှာ ပါတီသည် ပြည်သူ့အ တွက်သာဖြစ်သင့်ကြောင်း ¤င်းက ဆက်ပြောသည်။

''ပြည်သူအတွက်အကျိုး ရှိတဲ့လုပ်ငန်းတွေကို ရွေးကောက် ပွဲမှာ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကျွန်တော်တို့လုပ်ရမယ်။ စေတနာ မှန်တယ်ဆိုတာကို ပြည်သူနားလည် လာလို့ရှိရင် ၂ဝ၁၅ဆိုတာ ဂရုစိုက် စရာမလိုဘူး''ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးကပြောသည်။

သို့သော် ရွေးကောက်ပွဲ သည် ယှဉ်ပြိုင်ပွဲတစ်ခုဖြစ်သည့် အတွက် ရွေးကောက်ပွဲနီးလာသော အကြိုကာလတွင် မိမိအားမဲထည့် ရန် လုပ်ဆောင်မည်ဖြစ်သော်လည်း အမြဲတမ်းလုပ်ရမည်မှာ ပြည်သူကို အကျိုးရှိမည့်လုပ်ငန်းများ စဉ်းစား ပြီး လုပ်ရမည်သာဖြစ်ကြောင်းကို လည်း ¤င်းကဆက်ပြောသည်။

အလားတူ မတ် ၆ရက် က ပြည်ထောင်စုလွှတ်တော် နာယက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌသူရဦးရွှေမန်း နှင့်မီဒီယာများ နေပြည်တော်၌တွေ့ ဆုံစဉ်ကလည်း ယခုကဲ့သို့ပြောကြား ထားသည်။

''ရွေးကောက်ပွဲကျလို့ရှိ ရင် သူတို့ကလဲ အနိုင်လုပ်မှာပဲ။ ကိုယ်တို့ကလဲ အနိုင်လုပ်မှာပဲ။ ဒီ လိုလုပ်တဲ့အခါ တရားမျှတတဲ့ သန့် ရှင်းတဲ့ ပြိုင်ဆိုင်မှု ဒီလိုပဲဖြစ်ရမှာ၊ တရားသဖြင့် ဥပဒေနဲ့အညီဆောင် ရွက်ရမယ်၊ ဒါနိုင်ငံရေးပဲ''ဟု သူရ ဦးရွှေမန်းကပြောသည်။

Flower News Journal
ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ၂ဝ၁၅ရွေးကောက် ပွဲတွင် ရှုံးနိမ့်ခဲ့ပါကလည်း ပြည်သူ ကို ဂရုမစိုက်စရာ အကြောင်းမရှိဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားလိုက်သည်။

မိမိအနေဖြင့်လည်း ရှုံး နိမ့်သွားသည့် မဲဆန္ဒနယ်များ၌လည်း ပြည်သူ့အကျိုးအတွက် လုပ်ဆောင် သင့်သည် များ ကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း မတ် ၆ရက်က ဧရာဝတီတိုင်းဒေသကြီး ကန် ကြီးထောင့်မြို့ သတင်းမီဒီယာ များနှင့်တွေဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ရှုံးတဲ့အတွက် ပြည်သူကို ဂရုမစိုက်ဘဲမလုပ်တော့ဘူးလား။ နိုင်မှပဲလုပ်မှာလား၊ ကျွန်တော့်အ နေနဲ့ ပြော မယ် ဆိုရင် ရှုံးတဲ့နေရာ လဲ ကျွန်တော်လုပ်မယ်''ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌဦးဌေးဦးကပြောသည်။

၂ဝ၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင်လည်း ¤င်းနေရာ ဖြစ်သော မရမ်းကုန်းမြို့နယ်တွင် ရှုံးနိမ့်သော်လည်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုစဉ်က အချို့မှာ ရှုံးနိမ့်ခဲ့သဖြင့် စိတ်ထိခိုက် ခဲ့ကြသော်လည်း အရေး ကြီးသည်မှာ ပါတီသည် ပြည်သူ့အ တွက်သာဖြစ်သင့်ကြောင်း ¤င်းက ဆက်ပြော သည်။

''ပြည်သူအတွက်အကျိုး ရှိတဲ့လုပ်ငန်းတွေကို ရွေးကောက် ပွဲမှာ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကျွန်တော် တို့ လုပ် ရမယ်။ စေတနာ မှန်တယ်ဆိုတာကို ပြည်သူနားလည် လာလို့ရှိရင် ၂ဝ၁၅ဆိုတာ ဂရုစိုက် စရာမလို ဘူး''ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးကပြောသည်။

သို့သော် ရွေးကောက်ပွဲ သည် ယှဉ်ပြိုင်ပွဲတစ်ခုဖြစ်သည့် အတွက် ရွေးကောက်ပွဲနီးလာသော အကြိုကာလတွင် မိမိအားမဲထည့် ရန် လုပ်ဆောင်မည်ဖြစ်သော်လည်း အမြဲတမ်းလုပ်ရမည်မှာ ပြည်သူကို အကျိုးရှိမည့်လုပ်ငန်းများ စဉ်းစား ပြီး လုပ်ရမည်သာဖြစ်ကြောင်းကို လည်း ¤င်းကဆက်ပြောသည်။

အလားတူ မတ် ၆ရက် က ပြည်ထောင်စုလွှတ်တော် နာယက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌသူရဦးရွှေမန်း နှင့်မီဒီ ယာ များ နေပြည်တော်၌တွေ့ ဆုံစဉ်ကလည်း ယခုကဲ့သို့ပြောကြား ထားသည်။

''ရွေးကောက်ပွဲကျလို့ရှိ ရင် သူတို့ကလဲ အနိုင်လုပ်မှာပဲ။ ကိုယ်တို့ကလဲ အနိုင်လုပ်မှာပဲ။ ဒီ လိုလုပ်တဲ့အခါ တရားမျှတတဲ့ သန့် ရှင်းတဲ့ ပြိုင်ဆိုင်မှု ဒီလိုပဲဖြစ်ရမှာ၊ တရားသဖြင့် ဥပဒေနဲ့အညီဆောင် ရွက်ရမယ်၊ ဒါနိုင်ငံရေးပဲ''ဟု သူရ ဦးရွှေမန်းကပြောသည်။

Flower News Journal

No comments:

Post a Comment