Sunday, March 16, 2014

မြန်မာနိုင်ငံသူဟု ယူဆရသည့် အမျိုးသမီးအိမ်အကူတစ်ဦး စင်ကာပူနိုင်ငံတွင် သေဆုံးလျက်တွေ့ရှိ

မြန်မာနိုင်ငံသူ အိမ်အကူတစ်ဦးဟု ယူဆရသည့် အမျိုးသမီးတစ်ဦး အလောင်းအား စင်ကာပူနိုင်ငံ ဘီရှန်ရပ်ကွက်၌ မတ် ၁၃ ရက် ညပိုင်း၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း စင်ကာပူနိုင်ငံအခြေစိုက် Channel News Asia သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ရဲတပ်ဖွဲ့ဝင်များက မတ် ၁၃ ရက် ည ၁၁ နာရီခွဲခန့်တွင် ဘီရှန်ရပ်ကွက်၊ လမ်းအမှတ် ၂၂ မှ အကူအညီပေး ရန် အကြောင်းကြားမှုကို ရရှိခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိသည့်အချိန်တွင် လှုပ်ရှားမှုကင်းမဲ့နေ သည့် အသက်၃၀ကျော်အရွယ်ရှိ နိုင်သည့် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ကြရခြင်း ဖြစ်သည်။

ဆေးသူနာပြုများက သူမသေဆုံးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ယခုအခါ ရဲတပ်ဖွဲ့က အဆိုပါမှုခင်းအား ပုံမှန်မဟုတ်သည့် သေမှုသေခင်းနှင့် စစ်ဆေးလျက်ရှိနေပြီ ဖြစ်သည်။ အဆိုပါအမျိုးသမီးကို မြန်မာအမျိုးသမီး အိမ်အကူတစ်ဦးဟု ရဲတပ်ဖွဲ့မှ ကောက်ချက်ဆွဲထားပြီး သတ်ဖြတ်ခံရဖွယ်ရှိသည်ဟုလည်း သိရသည်။

ယခုနှစ်များအတွင်း နိုင်ငံခြားရောက် မြန်မာအမျိုးသမီး အိမ်အကူများအား အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ် ပွား လျက် ရှိနေပြီး နိုင်ငံတကာတွင်လည်း ပြည်ပရောက် အိမ်အကူများအား အိမ်ရှင်များက အကြမ်းဖက်မှု အဖြစ်အပျက်များ ဖြစ်ပွားလျက်ရှိသောကြောင့် အမျိုးသမီးအိမ်အကူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မှုများ ဖြစ်ပွားလျက်ရှိနေသည်။ များမကြာမီအချိန်က ဟောင်ကောင်ရောက် အင်ဒိုနီးရှားအိမ် အကူ တစ်ဦးအား ဟောင်ကောင်အိမ်ရှင် လင်မယားက အလွန်အမင်းနှိပ်စက်ညှဉ်းပန်းမှုကြောင့် အင်ဒိုနီး ရှားနိုင်ငံ က ၎င်း၏အမျိုးသမီး အိမ်အကူတင်ပို့မှုကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ ပြည်ပရောက် အိမ်အကူများ၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်စရာများ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံ အနေဖြင့်မူ ပြည်ပသို့ အိမ်အကူပို့ဆောင်ရေးလုပ်ငန်းများကို ဆက်လက်တွန်းအားပေး လုပ်ဆောင်လျက် ရှိနေပြီး ယခုနှစ်အနည်းငယ်အတွင်း ဟောင်ကောင်သို့ အိမ်အကူထောင်နှင့်ချီ၍ တရားဝင်ပို့ဆောင်ရန်လည်း စီစဉ်လျက်ရှိသည်။

ELeven Media Group

No comments:

Post a Comment