Monday, March 24, 2014

ဘင်္ဂါလီအမည်သာ တွင်စေရမည် တိုင်းရင်းသားများ စိတ်ချမ်းသာကြပါဟု ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းပြောကြား

ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ရာတွင် ဘင်္ဂါလီလူမျိုး များအား ဘင်္ဂါလီအမည်သာ တွင်စေရမည် ဖြစ်ပြီး တိုင်းရင်းသား ၁၃၅ မျိုးတွင် ထည့် သွင်းမည်မဟုတ်ကြောင်း ပြည်ထောင်စုဝန် ကြီးဦးအောင်မင်းက အာဆီယံလူငယ်များ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

''ဘင်္ဂါလီလူမျိုးဟာ ဘင်္ဂါလီလို့ ပဲ အမည်တွင်မှာပါ။ ဒါကြောင့်လဲ ဘင်္ဂါလီ လို့ပဲအမည်တွင်အောင် ဆောင် ရွက်မယ်။ လူ့အခွင့်အရေးအရပဲ ဆောင်ရွက်မယ်။ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ထည့်လို့မရ ပါဘူး။ အဲဒီအတိုင်းပဲ ဆောင်ရွက်မှာ ဖြစ် လို့ တိုင်းရင်းသားများ စိတ်ချမ်းသာအောင် နေကြပါ''ဟု ဦးအောင်မင်းက
မတ် ၂၂ ရက်က Myanmar Peace Center တွင် ပြုလုပ်သော အာဆီယံလူငယ်များနှင့်တွေ့ ဆုံပွဲတွင် ပြောကြားခဲ့သည်။
ယခုအကြိမ် သန်းခေါင်စာရင်း ကောက်ယူခြင်းသည် စီမံကိန်းအရ တိုင်း ပြည်ဖွံ့ဖြိုးရေးကိုသာ အဓိကထား ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင်ပြုလုပ် မည့် ပြည်ထောင်စု စာရင်းကောက်ယူခြင်း နှင့် မှတ်ပုံတင်ပြုလုပ်ခြင်းတို့တွင် အသေး စိတ် ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်း က ပြောကြားခဲ့သည်။

သန်းခေါင်စာရင်း Code No ပေးခြင်းနှင့်ပတ်သက်၍ ဦးအောင်မင်းက ''သန်းခေါင်စာရင်း ကောက်ယူတဲ့ ကိစ္စမှာ ပြည် သူတွေ အရမ်းစိုးရိမ်နေကြတယ်။ Code No ပေးလိုက်တာနဲ့ Code No ဝင်သွား မယ်။ ဥပမာ-ရခိုင်မှာဖြစ်နေတဲ့ ရိုဟင်ဂျာ ကိစ္စဆိုရင် သူတို့ကို ရိုဟင်ဂျာလို့ပဲမှတ်သွား မယ်။ ကွန်ပျူတာထဲမှာ ၁၃၅ မျိုးပဲ ထည့် ထားတဲ့အတွက် သူက Code No ထဲမှာ ဝင် သွားမယ်''ဟု ရှင်းပြပြောဆိုခဲ့သည်။

ပြဿဿ နများ ကို ဖြေရှင်းရာတွင် လည်း နိုင်ငံရေးနည်းအရသာ ဖြေရှင်းသွား မည်ဖြစ်ကြောင်း၊ မည်သည့်ကိစ္စကိုမဆို မှား သည် မှန်သည်ကိုမကြည့်ဘဲ ပြည်သူများ လက်ခံခြင်း လက်မခံခြင်းကသာ အဓိက ဖြစ်ကြောင်းကိုလည်း ဦးအောင်မင်းက ထည့် သွင်းပြောကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment