Monday, March 17, 2014

ယခုဘဏ္ဍာနှစ် ကိုးလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ သန်း ၉၂၀ ကျော် ရရှိထားပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးရငွေထက် သုံးဆကျော်ပိုများ

Photo: ယခုဘဏ္ဍာနှစ် ကိုးလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ သန်း ၉၂၀ ကျော် ရရှိထားပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးရငွေထက် သုံးဆကျော်ပိုများ
Monday, March 17, 2014

ယခုဘဏ္ဍာနှစ် ကိုးလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၉၂၀ ကျော် ရရှိထားပြီး ယခင်ဘဏ္ဍာ နှစ်တစ်နှစ်လုံး ရငွေထက်ပင် သုံးဆကျော်အထိ ပိုမိုရရှိထားခြင်းဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

ကိုးလအတွင်း တင်ပို့မှုဟု ဆိုရာ၌ ၂၀၁၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ တင်ပို့မှုဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှ ရငွေမှာ အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော်သာ ရှိခြင်းကြောင့် သုံးဆကျော်နီးပါးရှိသည့် ဒေါ်လာသန်း ၆၀၀ ကျော်ကို ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ကျောက်စိမ်းတင်ပို့ရာ၌ ဧပြီ၊ မေနှင့် ဇွန်လများတွင် တင်ပို့နိုင်ခဲ့ခြင်း မရှိဘဲ ဇူလိုင်လမှစ၍ ပြန်လည်တင်ပို့ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလအတွင်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၃၆ သန်းကျော် ရရှိခဲ့ပြီး ၀င်ငွေအများဆုံး ရရှိခဲ့သည့် လတစ်လဖြစ်ကြောင်း သိရသည်။

အဓိကအားဖြင့် တရုတ်၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့ထားခြင်းဖြစ်ပြီး ပြည်ပကုန်စည်ပြပွဲများမှတစ်ဆင့် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာများကို ခင်းကျင်းရောင်းချရာတွင်လည်း အဆိုပါနိုင်ငံများမှ စိတ်ဝင်စားဝယ်ယူမှု အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံမှ ၀ယ်ယူမှုများလည်းရှိကြောင်း သိရသည်။

ကျောက်စိမ်းထုတ်လုပ်မှု အနေဖြင့်မူ တန်ချိန်တစ်သောင်းကျော် ထုတ်လုပ်ထားနိုင်ခဲ့ပြီး မေလအတွင်း ထုတ်ယူနိုင်မှု အများဆုံးဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် မတ် ၁၀ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် ယင်းဥပဒေပါ ကုန်သွယ်လုပ်ငန်းခွန် ခေါင်းစဉ်အောက်ရှိ အထူးကုန်စည် အခွန်ရာခိုင်နှုန်းများကို ပြင်ဆင်အတည်ပြုခဲ့ရာ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေး ကဏ္ဍတွင် နိုင်ငံသားလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည့် ပမာဏစုစုပေါင်းမှာ ကျပ်သန်းပေါင်း ၁၃၀၀၇ သန်းကျော်ရှိကြောင်း သိရသည်။

ပြည်ပသို့ ကျောက်စိမ်းတင်ပို့ရာတွင် တရားဝင်တင်ပို့မှုများ ရှိသကဲ့သို့ တရားမ၀င်ခိုးထုတ်မှုများလည်း ရှိနေဆဲဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်မှ မှောင်ခိုသယ်ယူနေခြင်း ဖြစ်သဖြင့် တိုင်းပြည်ဝင်ငွေနှင့် အခွန် ပိုမိုရရှိလာစေရန် မှောင်ခိုကုန်သွယ်နေများကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နေကြောင်း Mobile Team အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။   

Eleven Media Group

ကျောက်စိမ်းပြပွဲသို့ လာရောက်ပြသထားသည့် ကျောက်စိမ်းအား တွေ့ရစဉ်
ကျောက်စိမ်းပြပွဲသို့ လာရောက်ပြသထားသည့် ကျောက်စိမ်းအား တွေ့ရစဉ်

ယခုဘဏ္ဍာနှစ် ကိုးလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၉၂၀ ကျော် ရရှိထားပြီး ယခင်ဘဏ္ဍာ နှစ်တစ်နှစ်လုံး ရငွေထက်ပင် သုံးဆကျော်အထိ ပိုမိုရရှိထားခြင်းဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

ကိုးလအတွင်း တင်ပို့မှုဟု ဆိုရာ၌ ၂၀၁၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ တင်ပို့မှုဖြစ်ပြီး ယခင် ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှ ရငွေမှာ အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော် သာ ရှိခြင်းကြောင့် သုံးဆကျော်နီးပါးရှိသည့် ဒေါ်လာသန်း ၆၀၀ ကျော်ကို ပိုမိုရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ကျောက်စိမ်းတင်ပို့ရာ၌ ဧပြီ၊ မေနှင့် ဇွန်လများတွင် တင်ပို့နိုင်ခဲ့ခြင်း မရှိဘဲ ဇူလိုင်လမှစ၍ ပြန်လည်တင်ပို့ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလအတွင်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၃၆ သန်းကျော် ရရှိခဲ့ပြီး ၀င်ငွေအများဆုံး ရရှိခဲ့သည့် လတစ်လဖြစ်ကြောင်း သိရသည်။

အဓိကအားဖြင့် တရုတ်၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့ထားခြင်းဖြစ်ပြီး ပြည်ပကုန် စည်ပြပွဲများမှ တစ်ဆင့် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာများကို ခင်းကျင်းရောင်းချရာ တွင်လည်း အဆိုပါနိုင်ငံများမှ စိတ်ဝင်စားဝယ်ယူမှု အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံမှ ၀ယ်ယူမှုများလည်း ရှိကြောင်း သိရသည်။

ကျောက်စိမ်းထုတ်လုပ်မှု အနေဖြင့်မူ တန်ချိန်တစ်သောင်းကျော် ထုတ်လုပ်ထားနိုင်ခဲ့ပြီး မေလအတွင်း ထုတ် ယူနိုင်မှု အများဆုံးဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် မတ် ၁၀ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် ယင်းဥပဒေပါ ကုန်သွယ်လုပ်ငန်းခွန် ခေါင်းစဉ်အောက်ရှိ အထူးကုန်စည် အခွန်ရာခိုင်နှုန်းများကို ပြင်ဆင်အတည်ပြုခဲ့ရာ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေး ကဏ္ဍတွင် နိုင်ငံသားလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည့် ပမာဏစုစုပေါင်းမှာ ကျပ်သန်းပေါင်း ၁၃၀၀၇ သန်းကျော်ရှိကြောင်း သိရသည်။

ပြည်ပသို့ ကျောက်စိမ်းတင်ပို့ရာတွင် တရားဝင်တင်ပို့မှုများ ရှိသကဲ့သို့ တရားမ၀င်ခိုးထုတ်မှုများလည်း ရှိနေဆဲဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်မှ မှောင်ခိုသယ်ယူနေခြင်း ဖြစ်သဖြင့် တိုင်းပြည်ဝင်ငွေနှင့် အခွန် ပိုမိုရရှိလာစေရန် မှောင်ခိုကုန်သွယ်နေများကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နေေ ကြာင်း Mobile Team အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။   

Eleven Media Group

No comments:

Post a Comment