Sunday, March 16, 2014

တပေါင်းလပြည့်နေ့ နေပြည်တော်ရှိစေတီပုထိုးများ၌ အထူးစည်ကား

Photo: တပေါင်းလပြည့်နေ့ နေပြည်တော်ရှိစေတီပုထိုးများ၌ အထူးစည်ကား
Sunday , March 16 , 2014

ယနေ့သည်တပေါင်းလပြည့်နေ့အခါသမယဖြစ်သည်နှင့်အညီ နေ ပြည်တော်ရှိဘုရား၊ ပုထိုးစေတီတို့၌ ဗုဒ္ဓပူဇနိယပွဲတော်များကို ကျင်းပ လျက်ရှိရာ ကုသိုလ်ပုညပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်၌ ယနေ့နံနက်ပိုင်း၌ ဆဋ္ဌမအကြိမ် ရွှေကြာသင်္ကန်းတော် ကပ်နှင့် ဗုဒ္ဓါဘိသေကအနေကဇာ တင် မင်္ဂလာအခမ်းအနားကိုစည်ကား သိုက်မြိုက်စွာကျင်းပပြီး ညနေပိုင်း တွင်ဘုရားရှင်အား ရည်မှန်း၍ ဥပ္ပါတ သန္တိစေတီတော်အားဆီမီး ၁ဝဝဝ ဖြင့် ထွန်းညှိပူဇော်ခြင်း၊ နေပြည်တော်ရှိ တပ်ရင်း/တပ်ဖွဲ့များမှဝတ်အသင်း အဖွဲ့များ၊ ဝန်ကြီးဌာနများမှ ဝတ် အသင်းအဖွဲ့များက ဗုဒ္ဓဒေသနာ တော်များရွတ်ဆိုပူဇော်ခြင်း၊ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း ဆက်ကပ် လှူဒါန်း၍ ဒါန သီလ၊ ကုသိုလ်ပြုကြ သူများ၊ ဝိပဿနာဘဝနာပွားများကြ သူများဖြင့် အထူးစည်ကားလျက် ရှိသည်။
အလားတူ ပျဉ်းမနားမြို့ရှိ ဆုတောင်းပြည့်လောကမာရဇိန်စေတီ တော်၌ လည်း ပျဉ်းမနားမြို့ သံလမ်း ကျောင်းတိုက်ဆရာတော်နှင့် ဘုရား ပွဲတော်ကျင်းပရေးနာယကအဖွဲ့ဝင်ဆရာတော်ကြီးများကြီးမှူး၍ (၁၄၁)ကြိမ်မြောက် ဆုတောင်းပြည့်လောက မာရဇိန်ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို မတ် ၈ ရက် မှ ၂၂ ရက်အထိ ကျင်းပလျှက်ရှိရာ ကုသိုလ်ဘာဝနာ ပွားများကြသူများ၊ဘုရားဖူးလာပြည်သူ များဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့အတူ ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ဓာတုဇယ ဓာတ်ပေါင်း စုစေတီတော်နှင့် စေတီ တော်ပရိဝုဏ်အတွင်းရှိ မဟာမုနိရုပ် ရှင်တော်မြတ်ကြီး၊ ပျဉ်းမနားမြို့ရှိ သမိုင်းဝင်ဘုရားကိုးဆူစေတီ၊ ကိုးခန်း ကြီးဘုရားနှင့် စေတီပုထိုးများတွင် သစ်သီး၊ ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီးကပ်လှူသူများ၊ ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ်ပြုကြသူများ၊ မိသားစု ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

(သတင်းစဉ်)
The Mirror Daily
ယနေ့သည်တပေါင်းလပြည့်နေ့အခါသမယဖြစ်သည်နှင့်အညီ နေပြည်တော်ရှိဘုရား၊ ပုထိုးစေတီတို့၌ ဗုဒ္ဓပူ ဇနိယ ပွဲတော်များကို ကျင်းပ လျက်ရှိရာ ကုသိုလ်ပုညပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်၌ ယနေ့နံနက်ပိုင်း၌ ဆဋ္ဌမအကြိမ် ရွှေကြာသင်္ကန်းတော် ကပ်နှင့် ဗုဒ္ဓါဘိသေကအနေကဇာ တင် မင်္ဂလာအခမ်းအနားကိုစည်ကား သိုက်မြိုက်စွာကျင်းပပြီး ညနေပိုင်း တွင်ဘုရားရှင်အား ရည်မှန်း၍ ဥပ္ပါတ သန္တိစေတီတော်အားဆီမီး ၁ဝဝဝ ဖြင့် ထွန်းညှိပူဇော်ခြင်း၊ နေပြည်တော်ရှိ တပ်ရင်း/တပ်ဖွဲ့များမှဝတ်အသင်း အဖွဲ့များ၊ ဝန်ကြီးဌာနများမှ ဝတ် အသင်းအဖွဲ့များက ဗုဒ္ဓဒေသနာ တော်များရွတ်ဆိုပူဇော်ခြင်း၊ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း ဆက်ကပ် လှူဒါန်း၍ ဒါန သီလ၊ ကုသိုလ်ပြုကြ သူများ၊ ဝိပဿနာဘဝနာပွားများကြ သူများဖြင့် အထူးစည်ကားလျက် ရှိသည်။

အလားတူ ပျဉ်းမနားမြို့ရှိ ဆုတောင်းပြည့်လောကမာရဇိန်စေတီ တော်၌ လည်း ပျဉ်းမနားမြို့ သံလမ်း ကျောင်းတိုက်ဆရာတော်နှင့် ဘုရား ပွဲတော်ကျင်းပရေးနာယကအဖွဲ့ဝင်ဆရာတော်ကြီးများကြီးမှူး၍ (၁၄၁)ကြိမ်မြောက် ဆုတောင်းပြည့်လောက မာရဇိန်ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို မတ် ၈ ရက် မှ ၂၂ ရက်အထိ ကျင်းပလျှက်ရှိရာ ကုသိုလ်ဘာဝနာ ပွားများကြသူများ၊ဘုရားဖူးလာပြည်သူ များဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့အတူ ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ဓာတုဇယ ဓာတ်ပေါင်း စုစေတီတော်နှင့် စေတီ တော်ပရိဝုဏ်အတွင်းရှိ မဟာမုနိရုပ် ရှင်တော်မြတ်ကြီး၊ ပျဉ်းမနားမြို့ရှိ သမိုင်းဝင်ဘုရားကိုးဆူစေတီ၊ ကိုးခန်း ကြီးဘုရားနှင့် စေတီပုထိုးများတွင် သစ်သီး၊ ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီးကပ်လှူသူများ၊ ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ်ပြုကြသူများ၊ မိသားစု ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

(သတင်းစဉ်)
The Mirror Daily

No comments:

Post a Comment