Sunday, March 16, 2014

ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ် အချင်းချင်းပြေလည်၍ အမှုဖွင့်ခြင်းမရှိ

လားရှိုးမြို့တွင် ရပ်ကွက်(၃)လမ်းဆုံတစ်ခုတွင် ယာဉ်သုံးစီးဆင့်တိုက်မှု မတ်၁၄ရက်နံနက် ဆယ်နာရီခွဲခန့် တွင်ဖြစ်ခဲ့သည်။

ဖြစ်စဉ်မှာရပ်ကွက်၃သီရိလမ်းအတိုင်း ပန်အုပ်ဘုန်းကြီးကျောင်းဘက်သို့ မောင်းနှင်လာသော သုံးဘီးယာဉ် ငယ် အား ကြနီလမ်းအဆင်းဘက်အတိုင်း မောင်းနှင်လာသော ဟိုင်းလက်(နီညိုရောင်)၃ခ/——–ယာဉ်မှ ၀င်တိုက်မိရာမှ ပန်အုပ်ဘုန်းကြီးကျောင်းဘက်မှ သီရိလမ်းအတိုင်းမောင်းနှင်လာသော ပါဂျဲးရိုး(အဖြူ)၆ဂ/—ယာဉ်အား တိုက်ခံရသော သုံးဘီးယာဉ်ငယ်မှထပ်ဆင့်တိုက်မိခြင်းဖြစ်သည်ဟု မျက်မြင်များကဆိုသည်။

အဆိုပါသုံးဘီးယာဉ်မောင်းမှ “ကျွန်တော်ကဒီသီရိလမ်းအတိုင်းပေါ့နော် ပန်အုပ်ကျောင်းဘက်ကို မောင်းနေ တာပါ ဒီကြာနီလမ်းနဲ့ သီရိလမ်းဆုံရောက်တော့ အဲ့ဒီကြာနီလမ်းကနေပြီးတော့ ဟိုက်လက်ကားက ဆင်းလာပြီးတော့ ကျွန်တော် သုံးဘီးအလယ်ကို ၀င်တိုက်မိတာပါ၊ တော်သေးတယ် ဟိုဖက်ကလာတဲ့ ပါဂျဲးရိုးကားခံနေ လို့ပေါ့ မဟုတ်ရင်ကျွန်တော့် သုံးဘီးအောက်ကို ဆက်လှိမ့်သွားနိုင်ပါတယ်၊ သူကအဆင်း ဆိုတော့ အရှိန်ပါတယ်၊ ဟိုပါဂျဲးရိုကိုကြည့်လိုက်ပါ ဘေးခြမ်း ပိန်နေတာပဲ”ဟု သုံးဘီးအငှားယာဉ်မောင်းက ပြောသည်။

လားရှိုးယာဉ်ထိန်းရုံးမှ “ဖြစ်တာအနည်းငယ်ဆိုပါတော့ သုံးဦးသုံးဖက်ပြေလည်သွားပါတယ်၊ ကျွန်တော်တို့က ငယ်တဲ့အမှုပပျောက်အောင် ဆောင်ရွက်ပေးတာပါ ဟိုကြီးကြီးမားမား လူသေတာတို့၊ ပျက်ဆီးမှုများတာတို့ဆို အမှုဖွင့်အရေးယူဆောင်ရွက်ပါတယ်၊ ယာဉ်တိုက်မှုက များလာတော့ ထိမ်းထိမ်းသိမ်းသိမ်း ဆောင်ရွက်တဲ့ အနေနဲ့ပါ၊ ဒါကလဲအနည်းငယ်ဆိုတော့ သူတို့ အချင်းချင်းပျက်တာကို ပြင်ပေးလိုက်ပြီး ပြေလည်သွားလို့ အမှုမဖွင့်လိုက်ပါဘူး”ဟု ယာဉ်ထိန်းရုံးမှ တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment