Sunday, March 16, 2014

စိတ်ကြွရူးသွပ်ဆေးပြား သိန်းနှစ်ထောင်ကျော်ဖိုး ဖမ်းဆီးရမိ

လားရှိုးမြို့တွင် မူးယစ်တပ်ဖွဲ့စု(၂၄)မှတပ်ဖွဲ့ဝင်များသည် မူးယစ်သတင်းအရ ဟိုပိတ်အေးရှားဝေါလ် တိုးဂိတ် တွင် ယာဉ်အမှတ်DD/—–NISSAN  AD  VAN၏ ကြမ်းခင်းခြေနင်းအတွင်းမှ ကျပ်သိန်းနှစ်ထောင် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများကို မတ်၁၃ရက်တွင် ဖမ်းဆီးရကြောင်း သိရရှိသည်။

ဖြစ်စဉ်မှာမူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ ရဲအုပ်ဇော်လင်းကျော်နှင့် ရဲအုပ်စောခိုင်အဖွဲ့ဝင်များသည် မူးယစ် သတင်း အရ ဟိုပိတ်အေးရှားဝေါလ် တိုးဂိတ်တွင်စောင့်ဆိုင်းနေစဉ် မူဆယ်ဖက်မှ ရန်ကုန်သို့သွားရန် ယာဉ်မောင်း စိုးထွန်းနှင့် နောက်ပါသုံးဦး မောင်းနှင်လာသော NISSAN AD  VAN အမျိုးအစား ယာဉ်အမှတ် DD/——ယာဉ်အား ရပ်တန့်စေပြီး စစ်ဆေးရှာဖွေရာ ရှေ့ခန်းဝဲဘက်ထိုင်ခုံအောက်နှင့် ကြမ်းခင်းခြေနင်း ခွက် အတွင်းမှ WYစာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၂၀၀)ပြားစီပါ(၅၀၀)ထုပ်၊ စုစုပေါ င်းဆေးပြား(၁)သိန်း၊ အလေးချိန်(၉)ကီလို၊ ဖုန်းတစ်လုံးနှင့် ငွေကျပ်နှစ်သိန်းတို့အား သိမ်းဆည်းရမိခဲ့သည်။

၎င်းတို့၏ထွက်ဆိုချက်အရ ဆေးပြားများကို ကျယ်ဂေါင်မှမန္တလေး၊ ရန်ကုန်မြို့များသို့ ပို့ဆောင်သည်မှာ (၃)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ဆေးပြားများအား အခကြေးငွေယူပြီး သယ်ဆောင်သော စိုးထွန်း (ခ)စလင်း(၃၃)နှစ်(ဘ)ဦးလှမောင်၊ အမှတ်(၇၁၁)၊၃၁လမ်း ၊၇၄x၇၅ကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး။ ထွန်းခိုင်(၄၀)နှစ်(ဘ)ဦးညွန့်မောင်၊ ရပ်ကွက်(၉)ဆင်တောင်လမ်း၊ လားရှိုး။ ဇေယျာအောင်၉၂၄)နှစ်(ဘ)ဦးခင်အောင်၊ ရပ်ကွက်(၈)၊ ဘုန်းကြီးကျောင်းလမ်း၊ လားရှိုး။ လှစိန်(၆၀)နှစ် (ဘ)ဦးတင်ရွှေ၊၃၇လမ်း၊၇၆x၇၇ကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး နေသူတို့အား လားရှိုးနယ်မြေရဲစခန်းမှ မယ(ပ)၁၅/၂၀၁၄၊မူး/စိတ်ပုဒ်မ  ၁၅/၁၉(က)/၂၀(က)/၂၁အရ အရေးယူ ဆောင် ရွက် ထားရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

စိုးမင်းနိုင်
မြန်မာ့ခေတ်

No comments:

Post a Comment