Monday, March 31, 2014

မန်း၌ လျှပ်စစ်မီတာခလျှော့ချရေး ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ(၁၈)ဖြင့်အရေးယူ

မန္တလေး၌ လျှပ်စစ် မီတာခ လျှော့ချရေး ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူလေးဦးကို မတ် ၂၈ ရက်တွင် ချမ်း အေးသာဇံ မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ ကြောင်း အမှတ်(၈)ရဲစခန်းရှိ တာဝန်ရှိသူ များထံမှ သိရသည်။
မတ်လ ၂၇ ရက် ညနေပိုင်းက ဖြစ်ပေါ်ခဲ့သည့် လျှပ်စစ်မီတာခလျှော့ချရေး ဆန္ဒထုတ်ဖော်ခဲ့ကြရာ ခွင့်ပြုချက်မရဘဲ ဆန္ဒ ထုတ်ဖော်ခြင်းကြောင့် ယခုကဲ့သို့ အရေးယူ ခံရခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်သူ လေးဦး အား ညတွင်းချင်း အမှတ်(၈) မြို့မရဲစခန်းမှ တာဝန်ရှိသူများက ထိန်းသိမ်းခဲ့ခြင်းဖြစ်သည် ဟုသိရသည်။
''ကျွန်တော်တို့ စခန်းကိုရောက် လာတော့ လေးဦး၊ ကျား(၃)၊ မ(၁) ဖြစ်ပါ တယ်။ ဆန္ဒဖော်ထုတ်သူ လူဦးရေကိုတော့ အတိအကျ မသိရသေးပါဘူ''ဟု အမှတ် (၈)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ဆန္ဒထုတ်ဖော်သူလေးဦးကို ချမ်း အေးသာဇံ မြို့နယ်တရားရုံးသို့ မတ်လ၂၈ ရက်က ခေါ်ဆောင်
သွားကြောင်း ယင်းက ဆက်ပြောသည်။
အဆိုပါ မန္တလေးလျှပ်စစ်မီတာခ လျှော့ချရေးအတွက် ခွင့်မတောင်းဘဲ ဆန္ဒ ထုတ်ဖော်သူလေးဦး(ကျား-၃ဦးနှင့် မ-၁ဦး) ကို ပုဒ်မ-၁၈ ဖြင့် အရေးယူခဲ့ခြင်းဖြစ်ပြီး ငွေ ဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ်ခြောက်လ အထိ ကျခံနိုင်သည်ဟု ဥပဒေပညာရှင်အ သိုင်းအဝိုင်းမှ သိရသည်။
''ပုဒ်မ-၁၈နဲ့ အရေးယူခံရမယ် ဆိုရင် ငွေဒဏ်အပြင် အမြင့်ဆုံးထောင်ဒဏ် ခြောက်လအထိ ပြစ်ဒဏ် ကျခံရနိုင်ပါတယ်'' ဟု တရားရုံးချုပ်ရှေ့နေ ဦးအောင်စိုးထွန်း ကပြောသည်။
လျှပ်စစ်မီတာခ လျှော့ချရေး ဆန္ဒ ထုတ်ဖော်ပွဲကို မတ်လ၂၆ ရက် ညပိုင်းက ရန်ကုန်၌ လူအင်အား ၃ဝ မှလည်း ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း မီဒီယာများမှတစ်ဆင့် သိရှိရသည်။ ဧပြီ ၁ ရက်မှစတင်၍ တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်မီတာသုံးစွဲခများမှာ အိမ်သုံး တစ်ယူနစ်မှ ယူနစ် ၁ဝဝ အထိ ၃၅ ကျပ်၊ ၁ဝ၁ ယူနစ်မှ ယူနစ် ၂ဝဝ အထိ ကျပ် ၄ဝ၊ ၂ဝ၁ ယူနစ်နှင့်အထက် ကျပ် ၅ဝ၊ စက်မှု ဇုန်သုံး တစ်ယူနစ်မှ ယူနစ် ၅ဝဝ အထိ ၇၅ ကျပ်၊ ၅ဝ၁ ယူနစ်မှ ယူနစ် ၁ဝဝဝဝ အထိ ကျပ် ၁ဝဝ၊ ၁ဝဝဝ၁ ယူနစ်မှ ယူနစ် ၅ဝဝဝဝ အထိ ၁၂၅ ကျပ်၊ ၅ဝဝဝ၁ ယူနစ်မှ ယူနစ် ၂ဝဝဝဝဝ အထိ ကျပ် ၁၅ဝ၊ ၂ဝဝဝဝ၁ ယူနစ် မှ ယူနစ် ၃ဝဝဝဝဝ အထိ ၁၂၅ ကျပ်၊ ယူနစ် ၃ဝဝဝဝဝ နှင့် အထက်ဆိုလျှင် ကျပ် ၁ဝဝ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ဧပြီ ၁ ရက်မှစ၍ မီတာခများတိုး မြှင့်ကောက်ခံမည်ဟု လျှပ်စစ်စွမ်းအား ဝန် ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည့်အပေါ် တွင် ယခုကဲ့သို့ လျှပ်စစ်မီတာခ လျှော့ချရေး ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment