Monday, March 24, 2014

KIA (ကချင်) အဖွဲ့မှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်


ကချင်ပြည်နယ် ၊ မန်စီမြို့ အရှေ့ဘက် ပါတော်ဒေသ တွင် KIA (ကချင်) အဖွဲ့မှ အင်အား ၁၀ ဦးခန့်သည် မတ်လ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ ၅ ဦး ဖြစ်သည့် မန်စီမြို့နယ် မောရ၀တီ ရပ်ကွက်မှ ဦးသိန်းးဌေး ၃၉ နှစ် (ဘ) ဦးအောင်သာ ၊ ဗန်းမော်မြို့ ညောင်ပင်သာ ကျေးရွာမှ ဦးကျော်မြတ်တိုး (ခ) အီတိုး ၃၀ နှစ် (ဘ) ဦးထွန်းစိန် ၊ ဦးကျော်ဇော်ငြိမ်း ၂၇ နှစ် (ဘ) ဦးဝင်းကျော် ၊ ဦးဇော်လင်းဘုန်း ၂၆ နှစ် ၊ ဦးစိုးမင်း ၃၄ နှစ် (ဘ) ဦးဝင်းကျော် တို့ အား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

အဆိုပါ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရသူများ အနက် ဦးကျော်မြတ်တိုး (ခ) အီတိုး ၊ ဦးကျော်ဇော်ငြိမ်း ၊ ဦးဇော်လင်းဘုန်း နှင့် ဦးစိုးမင်း တို့အား မတ်လ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိန်စ ခန့်တွင် လည်းကောင်း ၊ ဦးသိန်းဌေး အား မတ် ၁၉ ရက် နံနက် ၈ နာရီခွဲ တွင်လည်းကောင်း ၄င်းတို့ နေထိုင်ရာ ကျေးရွာများသို့ ပြန်လည် ရောက်ရှိ လာခဲ့ပြီး ဖမ်းဆီး ခေါ်ဆောင် သွားရသည့် အကြောင်းရင်း အား စုံစမ်းလျက် ရှိကြောင်း သိရှိရသည်။
(၁၀၀)
Themyawadydaily

1 comment:

  1. အစိုးရစစ်တပ်လည်း ကလေးပါမကျန် တပ်ထဲသွင်းသေးတာပဲ။

    ReplyDelete