Saturday, March 15, 2014

MH-370 သည် တာမင့်နစ္စတန်နိုင်ငံမှတစ်ဆင့် ဥရောပတိုက်ဘက်သို့မောင်းနှင့်ခဲ့ဖွယ်ရှိ

==== === ==== ===

ယနေ့ နေ့လည်က ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်၏ အဆိုအရ ပျောက်ဆုံးလျက်ရှိသော မလေးရှားလေကြောင်းလိုင်းပိုင် MH - 370 သည် သူ၏ ဦးတည်ရာလမ်းကြောင်းဖြစ်သော ဘေကျင်းသို့သွားရာလမ်းကြောင်းမှ အနောက်ဘက်ယွန်းယွန်းသို့ ပြန်လှည့်သော အခြေနေမျိုးရှိခဲ့ပြီး နာရီပေါင်းများစွာ ပျံသန်းခဲ့သည်ဟု သတင်းအထောက်အထားများရရှိခဲ့သည့် အတွက် လေယာဉ်ရှာဖွေရေးလမ်းကြောင်းမှာ ပိုမိုကျယ်ပျံ့ခဲ့ပြီးဖြစ်သည်။

မတ်လ ၈ ရက်နေ့က မလေးရှားစစ်ဘက်သုံး ရေဒါတစ်ခုမှ ဖမ်းယူရရှိခဲ့သော အတည်မပြုနိုင်သည့် လေယဉ်တစ်စင်းသည် မလေးရှားကျွန်းဆွယ်အနောက်ဘက်ပိုင်းမှတစ်ဆင့် ပျံသန်းခဲ့သည်ဟု ဆိုသည်။ 

ခန့်မှန်းလမ်းကြောင်းအရ လေယာဉ်ကိုထိန်းချုပ်ထားသူက မလေးရှားနိုင်ငံ၏ အနောက်မြောက်စွန်းစွန်း ကုန်းတွင်းပိုင်းဖြစ်သည့် တာမင့်နစ္စတန်နိုင်ငံမှတစ်ဆင့် ဥရောပနိုင်ငံသို့ ၀င်ရောက်နိုင်သည့်လမ်းကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံမှ အနောက်မြောက်ဘက်စွန်းစွန်း တောင်ဘက် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ဟူသည့် လမ်းကြောင်းနှစ်မျိုးဖြင့် မောင်းနှင့်ခဲ့ဖွယ်ရှိသည်ဟု ယနေ့ရရှိလာသော ဂြိုလ်တု သတင်းအချက်အလက်များ၏ အကိုးအကားဖြင့် သိရသည်။ 

“အသစ်ထပ်မံရရှိလာသော သတင်းအချက်အလက်များအရ လက်ရှိအချိန်တွင် လေယာဉ်၏ တည်နေရာအတိအကျကို ဖော်ပြနိုင်ခြင်းမရှိသေးပေမယ့် ရှာဖွေရေးအစီအစဉ်များအတွက် အလွန်အထောက်အကူဖြစ်လာခဲ့ပါတယ်”ဟု ၀န်ကြီးချုပ်နာဂျစ်က ပြောကြားခဲ့သည်။

အောင်ဟိန်းခိုင်

No comments:

Post a Comment