Saturday, March 15, 2014

အောက်ပိုင်းသေသွားသော ရည်းစားဖြစ်သူကို သုံးနှစ်ကျော် စောင့်ရှောက် ခဲ့သည့် မိန်းကလေး မိဘများ၏ ဖိအားပေးမှုနှင့်ကြုံခဲ့ရ

မြန်မာ့သားကောင်း's photo.
၂၃နှစ်အရွယ် ယန်နာဆိုတဲ့ တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူ့ရည်းစားအောက်ပိုင်းသေ သွားတာကြောင့် Suzhou မြို့က သူ့အလုပ်ကိုစွန့်ပြီး မွေးရပ်မြို့ Qionglai ကိုပြန်လာခဲ့ပါတယ်။

ရည်းစားကို ပြုစုမယ့်သူမရဲအစီအစဉ်ကို သဘောမကျတဲ့ သူ့မိဘတွေကတော့ ခေါင်းမာနေတဲ့ သူမနဲ့ သဘောတူညီလုပ်ခဲ့ပါတယ်။ သုံးနှစ်ပြည့်လို့မှ သူ့ရည်းစားကောင်လေး ယန်ဟွန်ဘိုသာ လမ်းပြန် မလျှောက်နိုင်ဘူး ဆိုရင်တော့ မိဘအိမ်ကိုပြန်လာခဲ့ဖို့ပါ။

မြန်မာ့သားကောင်း's photo. 
ခုတော့ သုံးနှစ်ပြည့်သွားခဲ့ပါပြီ။ ယန်ဟွန်ဘို လမ်းပြန်လျှောက်နိုင်ဖို့ဆိုတာ မသေချာမရေရာတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ သူ့မိဘတွေက အိမ်ပြန်လာခဲ့ဖို့ သတိပေးနေပြီဖြစ်ပေမဲ့ ယန်နာကတော့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချထားပါတယ်။
သူဟာ သူ့ကောင်လေးနဲ့ ခြောက်လ ထပ်နေမှာပါ။ ခြောက်လအတွင်း အခြေအနေဟာ ဒီအတိုင်းပဲ မတိုးတက်ဘူးဆိုရင်တော့ မိဘတွေရဲ့စကားကိုနာခံပြီး သူ့ရည်းစားကို ဖြည်းဖြည်းချင်း စွန့်ခွာ သွားတော့မှာပါ။

“သူ မလုပ်နိုင်မှာကို ကျွန်မစိုးရိမ်တယ်။ ဒါကြောင့် သူ့ကိုဖြည်းဖြည်းချင်း ထားသွားမှရမယ်” လို့ ယန်နာက ပြောကြားခဲပြီး “ကျွန်မမှာရွေးစရာမရှိဘူး။ ကျွန်မမိဘတွေကလည်း အိုပြီ။ သူတို့အတွက်လည်း ထည့်စဉ်းစားရမယ်လေ” လို့ ယန်နာ က ဆိုခဲ့ပါတယ်။ အောက်ပိုင်းသေနေတဲ့ ရည်စားဖြစ်သူ ယွန်ဟွန်ဘိုက“အမှန်ပြောရရင် ကျွန်တော်သူ့ကိုနေစေချင်တယ်။ ဒါပေမဲ့ သွားလည်းသွားစေချင်တယ်ဗျာ။ သူ့ကိုပျော်စေချင်တယ်။ ကျွန်တော့်စိတ်ထဲမှာ ပဋိပက္ခတွေဖြစ်နေတယ်ဗျာ” လို့ ပြောကြားခဲ့ပါတယ်။

ယန်နာရဲ့အမေဖြစ်သူကတော့
"ကျွန်မတို့အိမ်က တောဘက်မှာပါ။ မိသားစုကို စောင့်ရှောက်ဖို့၊ လယ်လုပ်ဖို့ ယောကျာ်းတွေဟာ အိမ်ရဲ့ကျောရိုးပဲ။ ဒါပေမဲ့ နာနာ(ယန်နာ)ကတော့ ခု သူနဲ့ အတူရှိတဲ့လူကို ဘယ်လို အားကိုးမလဲ။ ကျွန်မတို့လည်း မကူညီနိုင်ဘူး၊ စိုးပဲစိုးရိမ်နေရမှာ။ သူ့အဖေလည်း ၅၀ရှိသွားပြီ၊ ကောင်းကောင်းလည်း မကျန်းမာဘူး။ အကြောင်းကြောင့် ကျွန်မတို့သေသွားရင် သူတို့ ဘယ်လိုနေမလဲ။ သူ ဒုက္ခရောက်မှာ ကျွန်မစိုးရိမ်တယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း သူ့ ဆီကို ဆန်တွေ၊ ဟင်းချက်ဆီတွေခဏခဏပို့ရတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဖိုးသူတော်phothutaw.com

No comments:

Post a Comment