Wednesday, March 26, 2014

တရုတ်နိုင်ငံ မလေးရှား သံရုံးအား MH370 လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များ ချီတက် ဆန္ဒပြနေ..

Myanmar International News's photo.
တရုတ်နိုင်ငံ ဘေဂျင်းမြို့က မလေးရှား သံရုံးရှေ့မှာ ပျောက်ဆုံးလေယာဉ် MH370 ကြောင့် သေဆုံး သွားခဲ့ပြီလို့ ကြေငြာခံရတဲ့ ခရီးသွားတွေရဲ့ ကျန်ရစ်သူ မိသားစုဝင် လူရာနဲ့ချီပြီး ဆန္ဒပြနေကြောင်းနဲ့ မလေးရှား သံရုံးကို ရဲတပ်ဖွဲ့ဝင်တွေက တန်းစီရပ်တန့်ပြီး ကာကွယ်ပေးနေရတယ်လို့ သိရပါတယ်။
သူတို့ အဓိက ပြောကြားခဲ့တာက “မလေးရှား အစိုးရ နဲ့ လေကြောင်းလိုင်းတို့က လိမ်လည် ခဲ့တယ် “ ဆိုတာပါပဲ… "Malaysian government has cheated us" ဆိုတဲ့ စာတမ်းတွေကို ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဆန္ဒပြသူတွေကို သံရုံး အဆောက်အဦးနား မကပ်အောင် ထိန်းထားခဲ့ပါတယ်။

“ကျွန်တော်တို့ ၁၈ ရက်ကြာအောင် သီးခံစောင့်ဆိုင်းခဲ့တယ်။ ဒီနေ့အထိလည်း စောင့်တုန်းပဲ၊ ကျွန်တော်တို့ ဘယ်လောက်အထိ ဆက်စောင့်ရအုံးမှာလည်း” ဆိုပြီး Zhang ဆိုတဲ့ အမျိုးသမီးကြီးက ရိုက်တာ သတင်းဌါနကို ပြောပါတယ်။
အခြား သတင်းတစ်ရပ်မှာတော့ မလေးရှား လေကြောင်းလိုင်း စီအီးအိုက ဒီလို ကျန်ရစ်သူတွေရဲ့ မိသားစုဝင်တွေ ခံစားနေရတာမြင်ရတာဟာ သူ့အတွက် ရင်နာမဆုံးဖြစ်၇ကြောင်း ဒီလေယာဉ် MH370 နဲ့ ပါတ်သက်ပြီး သူ့မှာ တာဝန်အရှိဆုံးလို့ ယူဆတဲ့ အတွက် တာဝန်ကနေ မိမိဆန္ဒအလျောက် နုတ်ထွက်တော့မယ်လို့ သတင်းစာ ဆရာတွေကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။…
Zaw Lwin Win
မျက်ရည် ငိုသံတွေနဲ့ ပီကင်းမြို့ရှိ မလေးရှားသံရုံးရှေ့ ဆန္ဒပြပွဲ
.....................................................
MH370 လေယာဉ်ပျက်ကျမှု မလေးရှားအစိုးရရဲ့ သတင်းထုတ်ပြန်ချက်အပေါ် မကျေမနပ် ဒေါသဖြစ်နေတဲ့ တရုတ်ခရီးသည်မိသားစုဝင်တွေဟာ ပီကင်းမြို့တော်မှာ ရှိတဲ့ မလေးရှားသံရုံးကို အင်္ဂါနေ့မနက်က ဆန္ဒပြကြပါတယ်။ သံရုံးအသွားလမ်းကို ပိတ်ဆို့စောင့်ကြပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကြားမှာ ရုတ်ရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ "
"ငါတို့တွေ အချိန်တွေကုန် စောင့်ခဲ့ရတာ ၁၈ရက်ရှိပြီ။ ငါတို့ ဘာကိုထပ်စောင့်ရမလဲ၊ အဲဒီ့မလေးရှား လူကြီးတွေနဲ့ တွေ့ချင်တယ်၊ အခု ငါတို့စောင့်စားခဲ့ရတာ ဘာအဓိပ္ဗါယ်ရှိတော့မလဲ" လို့ လေယာဉ်ပေါ်ပါပျောက် ဆုံးနေတဲ့ ခရီးသည်တွေအတွက် ဆန္ဒပြသူတဦးက အော်ဟစ်ငိုယိုပြောဆိုပြီး တားဆီးတဲ့ ရဲသားတွေကို တိုးထွက်သွားပါတယ်။
ဆန္ဒပြအမျိုးသမီးတစ်ဦးက "ငါမင်းအတွက်စိန်လက်စွပ်ဝယ်ထားပြီ၊ မင်းရဲ့လက်မှာစွပ်ပေးချင်တယ်" လို့ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပါတယ်။ ဆန္ဒပြသူအများစုဟာ "ကံကောင်းပါစေ MH370 အိမ်ကိုအမြန်ပြန်လာပါ" လို့စာတန်းပါ တီရှပ်တွေကို ၀တ်ဆင်ကြပါတယ်။
ပျောက်ဆုံးလေယာဉ် MH370 မှာပါသွားတဲ့ ခရီးသည် ၃ပုံ၂ပုံကျော်လောက်ဟာ တရုတ်လူမျိုးတွေဖြစ်ကြပြီး မလေးရှားအစိုးရရဲ့ ရှာဖွေမှု ၂ပတ်ကျော်အကြာမှာ လေယာဉ်ပျက်ကျကြောင်း သတင်းထုတ်ပြန်ချက်ကို တရုတ်မိသားစုဝင်တွေက အခြေအမြစ်မပြနိုင်လို့ လက်သင့်မခံနိုင်ပဲ လိမ်ညာဖုံးကွယ်မှုလို့ စွပ်စွဲပြောဆိုကြ ပါတယ်။
DVB TV News

No comments:

Post a Comment