Tuesday, March 25, 2014

သီတင်းပတ် နှစ်ပတ်ကျော် အကြာ ထူးဆန်းစွာ ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် MH370 လေယာဉ် ရှာတွေ့ပြီ

သီတင်းပတ် နှစ်ပတ်ကျော် အကြာ ထူးဆန်းစွာ ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် MH370 လေယာဉ် ရှာတွေ့ပြီ

သီတင်းပတ် နှစ်ပတ်ကျော် အကြာ ထူးဆန်းစွာ ပျောက်ဆုံးလျက်ရှိ နေခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် MH370 လေယာဉ်အား ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က မတ် ၂၄ရက်တွင် အတည်ပြု ပြောကြား ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံး နေခဲ့သည့် အဆိုပါ လေယာဉ်၏ အပျက်အစီး များအား အိန္ဒိယ သမုဒ္ဒရာ၏ တောင်ဘက်တွင် ဗြိတိန် နိုင်ငံမှ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး ကုမ္ပဏီတစ်ခုက ဆန်းစစ် လေ့လာ ခဲ့ပြီးနောက် ယင်းသို့ အတည်ပြု နိုင်ခဲ့ခြင်းဖြစ်ပြီး  လေယာဉ်ပေါ်တွင်  လိုက်ပါလာ ခဲ့သည့်ခရီးသည်အားလုံးမှာ သေဆုံးသွားခဲ့ ကြောင်း ဝန်ကြီးချုပ် နာဂျစ် က ပြောကြားခဲ့သည်။

လေယာဉ်ပျက်အား တွေ့ရှိခဲ့သည့် နေရာသည် ဝေးလံခေါင်သီသည့် နေရာတစ်ခု ဖြစ်သောကြောင့် ခရီးသည် အားလုံးမှာ သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ယင်းနေရာ အနီး တွင် ပြင်သစ်နှင့် တရုတ် လေယာဉ်များက အပျက်အစီးများကို မတ် ၂၄ရက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းးက ထပ်လောင်း ပြောကြား ခဲ့သည်။

ဗြိတိန် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Inmarsat ကုမ္ပဏီက ဂြိုဟ်တုမှ ဖမ်းယူရရှိခဲ့သည့် ပုံရိပ်နှင့် အချက်အလက်များအား မလေးရှား အစိုးရထံ ပေးပို့ခဲ့ပြီး တွေ့ရှိချက် များအရ မလေးရှား ခရီးသည်တင် လေယာဉ်သည် လူသူ နီးစပ်မှု မရှိသည့် သမုဒ္ဒရာ အတွင်းသို့ ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်းကို အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းနေရာမှာ သြစတြေးလျ နိုင်ငံ ပါ့သ်မြို့၏ အနောက်ဘက် အိန္ဒိယသမုဒ္ဒရာ အတွင်း၌ ဖြစ်သည်။ မလေးရှား လေကြောင်းလိုင်းသည် ယခုအခါ လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သည့် ခရီးသည် များ၏ ဆွေမျိုးသားချင်း များအား အသိပေး အကြောင်းကြားပြီး ဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို မတ် ၂၅ရက်တွင် ကျင်းပမည့် သတင်းစာ ရှင်းလင်းပွဲ၌ ထပ်မံ၍ ပြောကြားသွား မည်ဖြစ်ကြောင်း နာဂျစ်က ပြောကြားခဲ့သည်။
သီတင်းပတ် နှစ်ပတ်ကျော် အကြာ ထူးဆန်းစွာ ပျောက်ဆုံးလျက်ရှိ နေခဲ့သည့် မလေးရှား လေကြောင်း လိုင်းပိုင် ခရီးသည်တင် MH370 လေယာဉ်အား ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က မတ် ၂၄ရက်တွင် အတည်ပြု ပြောကြား ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံး နေခဲ့သည့် အဆိုပါ လေယာဉ်၏ အပျက်အစီး များအား အိန္ဒိယ သမုဒ္ဒရာ၏ တောင်ဘက်တွင် ဗြိတိန် နိုင်ငံမှ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး ကုမ္ပဏီတစ်ခုက ဆန်းစစ် လေ့လာ ခဲ့ပြီးနောက် ယင်းသို့ အတည်ပြု နိုင်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာ ခဲ့သည့်ခရီးသည် အားလုံးမှာ သေဆုံး သွားခဲ့ ကြောင်း ဝန်ကြီးချုပ် နာဂျစ် က ပြောကြားခဲ့သည်။

လေယာဉ်ပျက်အား တွေ့ရှိခဲ့သည့် နေရာသည် ဝေးလံခေါင်သီသည့် နေရာတစ်ခု ဖြစ်သောကြောင့် ခရီးသည် အားလုံးမှာ သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ယင်းနေရာ အနီး တွင် ပြင်သစ်နှင့် တရုတ် လေယာဉ် များက အပျက်အစီးများကို မတ် ၂၄ရက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းးက ထပ်လောင်း ပြောကြား ခဲ့သည်။

ဗြိတိန် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Inmarsat ကုမ္ပဏီက ဂြိုဟ်တုမှ ဖမ်းယူရရှိခဲ့သည့် ပုံရိပ်နှင့် အချက်အလက်များအား မလေးရှား အစိုးရထံ ပေးပို့ခဲ့ပြီး တွေ့ရှိချက် များအရ မလေးရှား ခရီးသည်တင် လေယာဉ်သည် လူသူ နီးစပ်မှု မရှိသည့် သမုဒ္ဒရာ အတွင်းသို့ ဆင်းသက် ခဲ့ခြင်း ဖြစ်ကြောင်းကို အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းနေရာမှာ သြစတြေးလျ နိုင်ငံ ပါ့သ်မြို့၏ အနောက်ဘက် အိန္ဒိယသမုဒ္ဒရာ အတွင်း၌ ဖြစ်သည်။ မလေးရှား လေကြောင်းလိုင်းသည် ယခုအခါ လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သည့် ခရီးသည် များ၏ ဆွေမျိုးသားချင်း များအား အသိပေး အကြောင်းကြားပြီး ဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို မတ် ၂၅ရက်တွင် ကျင်းပမည့် သတင်းစာ ရှင်းလင်းပွဲ၌ ထပ်မံ၍ ပြောကြားသွား မည်ဖြစ်ကြောင်း နာဂျစ်က ပြောကြားခဲ့သည်။
 
မြ၀တီ

No comments:

Post a Comment