Friday, March 28, 2014

MH370 အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထု ၃၀၀ ထိုင်းဂြိုလ်တုက တွေ့ရှိ

လေ့ယာဉ်ရှာဖွေနေတဲ့ ဧရိယာ မြေပုံ (Credit: ABC licensed) 
ပျောက်ဆုံးနေတဲ့ ​မလေးရှားလေယာဉ်ရဲ့ ​အစိတ်အပိုင်းလို့ ​ယူဆရတဲ့ ​ရေထဲမှာ ​မျောနေတဲ့ ​အရာဝတ္ထုပေါင်း ​၃၀၀ ​လောက်ကို ​ဂြိုလ်တု ​ဓာတ်ပုံတွေမှာ ​တွေ့ရှိခဲ့တယ်လို့ ​ထိုင်းအာကာသ ​စူးစမ်းလေ့လာရေး ​အေဂျင်စီက ​ပြောပါတယ်။
အခုဂြိုလ်တုကနေ ​ရရှိထားတဲ့ ​နေရာကတော့ ​သြစတြေးလျ ​အနောက်တောင်ပိုင်း ​မိုင်ပေါင်း ​၁၇၀၀ ​အကွာအဝေးမှာ ​တည်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ​ရက်ပိုင်းကပဲ ​ပြင်သစ်ဂြိုလ်တုကနေ ​အစိတ်အပိုင်း ​၁၂၀ ​ကျော်ကို ​တွေ့ရှိခဲ့ပြီး ​ဒီတွေ့ရှိမှုဟာ ​ဒုတိယအကြိမ်မြောက် ​အစိတ်အပိုင်း ​အများအပြား ​သမုဒ္ဒရာ ​ထဲ ​မှာ ​မျောနေ ​တာကို ​တွေ့ရှိ ခဲ့ရတာ ​ဖြစ် ပါတယ်။
ဒါပေမယ့်လည်း ​ဂြိုလ်တုဓာတ်ပုံတွေကနေ ​တွေ့ရှိရတဲ့ ​အစိတ်အပိုင်းတွေဟာ ​ပျောက် ဆုံးနေတဲ့ ​လေယာဉ် ရဲ့ ​အစိတ်အပိုင်းဆိုတာတွေကိုတော့ ​တထစ်ချ ​ပြောဆိုလို့ ​မရသေးပါဘူး။
ဒါကြောင့်လည်း ​ရှာဖွေရေး ​လုပ်ငန်းတွေကို ​အရှိန်မြင့်လုပ်ဆောင်နေကြပေမယ့် ​ရေခဲနေတဲ့ ​အခြေအနေတွေနဲ့ ​ပြင်းထန်တဲ့ ​လေပြင်းတွေကြောင့် ​ရေပြင်နဲ့ ​ဝေဟင်​ရှာဖွေမှုတွေ ​နှောင့်နှေးနေခဲ့ရ ပါတယ်။
ဒီကနေ့မှာတော့ ​ရာသီဥတုအခြေအနေ ​ပိုမို ​ကောင်းမွန်လာမယ်လို့ ​မျှော်လင့်ရပြီး ​ပျောက်ဆုံးနေတဲ့ ​မလေးရှား ​ခရီးသည်တင် ​လေယာဉ် ​ရှာဖွေရေးလုပ်ငန်းတွေ ​ဒီကနေ့ ​မနက်မှာ ​ပြန်လည်စတင်ဖို့ ​ရှိပါတယ်။

ABC Radio Australia

No comments:

Post a Comment