Sunday, March 30, 2014

NLD ဦးဝင်းတင်ကို ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသ


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ဟာ ဒီကနေ့ မနက်ပိုင်းက ဝိတိုရိယဆေးရုံးကြီးကနေ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင် ( ICU ) သို့ ရွှေ့ပြောင်း ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

ဦးဝင်းတင်သည် အသက်ရှုလမ်းကြောင်းရောဂါ တခုကြောင့် အသက်ရှုခက်ခဲနေပြီး အောက်စီဂျင်ပေးထား ရတယ်လို့လည်း သိရပါတယ်။

ဦးဝင်းတင်နဲ့ နီးစပ်တဲ့ နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ အဆိုအရ စင်ကာပူ ဒါမှ မဟုတ် ထိုင်း နိုင်ငံကို ထွက် ကာ ဆေးကုသမှုခံယူဖို့ ပြင်ဆင်မှုတွေလုပ်ဆောင်နေပြီး နိုင်ငံကူးလက်မှတ် အမြန်ရရေး အားလုံးက ဝိုင်းဝန်း ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ ဆေးကုသခံယူလာတဲ့ ဦးဝင်းတင်၊ ဓာတ်ပုံ- Ko Ko Gyi ( 88 ) 's facebook
အိမ့်သံစဉ်
ဧရာဝတီ

No comments:

Post a Comment