Tuesday, March 18, 2014

RCSS/SSA အဖွဲ့မှ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဒေသခံများအား အတင်းအကြပ် စစ်သင်တန်းတက်ခိုင်း

Photo: RCSS/SSA အဖွဲ့မှ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဒေသခံများအား အတင်းအကြပ် စစ်သင်တန်းတက်ခိုင်း
Tuesday , March 18 , 2014

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ နေထိုင်သော ဒေသခံများအား ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့မှ ၂၀၁၃ ခုနှစ် နှစ်ကုန် ပိုင်းမှစ၍ ရှမ်းနှစ်သစ်ကူးပွဲတော်အား အကြောင်းပြကာ လွယ်တိုင်းလျှံသို့ ခေါ်ဆောင်သွားပြီး စစ်သင်တန်းများ ကို အတင်းအကြပ်တက်ခိုင်းနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ကွန်ဟိန်းမြို့နယ်အတွင်းရှိ ၀မ်လော၊ ဆိုက်ခေါင်၊ ကျိုင်းလွန်း၊ ကျိုင်းခမ်း ကျေးရွာအုပ်စုများမှ ဒေသခံ ရွာသူ ရွာသားတစ်ရာကျော်အား RCSS/SSA အဖွဲ့မှ လွယ်တိုင်းလျှံတွင် ပြုလုပ်မည့် ရှမ်းနှစ်သစ်ကူးပွဲတော်အား တက်ရောက်ရန်ဟု အကြောင်းပြကာ ခေါ်ဆောင်သွားသော်လည်း နှစ်သစ်ကူးပွဲတော်ပြီးသောအခါ ပြန်မလွှတ်ဘဲ အတင်းအကြပ်စစ်သင်တန်း တက်ခိုင်းခဲ့ကြောင်းနှင့် သင်တန်းတက်ပြီးမှသာ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ကြောင်း သိရသည်။

`` စစ်သင်တန်း ၃ လ တက်ရတယ်၊ အဲဒီသင်တန်းတက်ပြီးမှ ပြန်လွှတ်လိုက်တာပါ၊ ကိုယ့်ဘာသာ ပြန်လာရ တာပါ၊ ရှမ်းစစ်တပ်က အသွားတုန်းက လာခေါ်တယ်၊ အပြန်ကျတော့ လိုက်မပို့တော့ဘူး ´´ဟု ပြန်လည် ရောက်ရှိ လာသော ကျိုင်းခမ်းရွာသား ကိုစိုင်းအောင်စိုင်းက ပြောသည်။

လွန်ခဲ့သော တစ်ပတ်ခန့်မှစ၍ ကျေးရွာအသီးသီးသို့ စစ်သင်တန်းတက်ပြီးသော ရွာသူရွာသားများ ပြန်လည်ရောက်ရှိနေကြောင်း၊ တောလမ်းအတိုင်း ပြန်လာရသဖြင့် အစာရေစာပြတ်လပ်ကာ ပင်ပန်းဆင်းရဲခဲ့ကြောင်း၊ သင်တန်းတက်ရောက် စဉ် ကျွေးမွေးသော အစားအသောက်များမှာ မကောင်းသောကြောင့် အဟာရချို့တဲ့စွာ နေခဲ့ရကြောင်း၊ အချို့ ဒေသခံများမှာ အဟာရပြတ်လပ်သည့် ဒဏ်မခံနိုင်သဖြင့် သေဆုံးမှုများရှိကြောင်း၊ ယခု အပြန်ခရီးတွင်လည်း ကျန်းမာရေးဆိုးဝါးသော ရွာသူရွာသားများကို ၀ိုင်းဝန်းဖေးမခေါ်ဆောင်လာခဲ့ရကြောင်း ဆိုက်ခေါင်ရွာသား ခွန်ထွန်းပု က ဆိုသည်။

ကွန်ဟိန်းမြို့ခံဌာနဆိုင်ရာတစ်ဦးက `` ရှမ်းနှစ်သစ်ကူးပွဲတော်အတွက်ဆိုပြီး အကြောင်းပြခေါ်တော့ ရွာသူ ရွာသားတွေက လိုက်တဲ့သူလည်းရှိတယ်၊ မဖြစ်မနေငွေပေးရမှာ မတတ်နိုင်လို့ လိုက်ရတဲ့သူလည်း ရှိတယ်၊ မြို့ခံဌာနဆိုင်ရာတွေက တားပေမယ့် အချို့ရှမ်းတွေက ဘာမှမဖြစ်ဘူးဆိုပြီး လိုက်သွားကြတာ၊ အခု စစ်သင်တန်းတက်ပြီး ပြန်လာတော့မှ လာပြောကြတယ်၊ နောင်နှစ်တွေဆိုရင် လွယ်တိုင်းလျှံမှာ လုပ်မယ့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ဒီမြို့နယ်ထဲက ရွာသူရွာသားတွေ လိုက်ရဲတော့မှာ မဟုတ်ဘူး´´ ဟု ပြောကြားသွား ခဲ့သည်။

Credit To:စိုင်းခမ်းလှိုင်
From : အမေ့အိမ်
ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ နေ ထိုင်သော ဒေသခံများအား ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့မှ ၂၀၁၃ ခုနှစ် နှစ်ကုန် ပိုင်းမှစ၍ ရှမ်းနှစ်သစ်ကူးပွဲတော်အား အကြောင်းပြကာ လွယ်တိုင်းလျှံသို့ ခေါ်ဆောင်သွားပြီး စစ်သင်တန်းများ ကို အတင်းအကြပ်တက်ခိုင်းနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ကွန်ဟိန်းမြို့နယ်အတွင်းရှိ ၀မ်လော၊ ဆိုက်ခေါင်၊ ကျိုင်းလွန်း၊ ကျိုင်းခမ်း ကျေးရွာအုပ်စုများမှ ဒေသခံ ရွာသူ ရွာသားတစ်ရာကျော်အား RCSS/SSA အဖွဲ့မှ လွယ်တိုင်းလျှံတွင် ပြုလုပ်မည့် ရှမ်းနှစ်သစ်ကူးပွဲတော်အား တက်ရောက်ရန်ဟု အကြောင်းပြကာ ခေါ်ဆောင်သွားသော်လည်း နှစ်သစ်ကူးပွဲတော်ပြီးသောအခါ ပြန်မလွှတ်ဘဲ အတင်းအကြပ်စစ်သင်တန်း တက်ခိုင်း ခဲ့ကြောင်းနှင့် သင်တန်း တက်ပြီးမှသာ နေရပ်အသီးသီးသို့ ပြန်လည်စေ လွှတ်ကြောင်း သိရသည်။

`` စစ်သင်တန်း ၃ လ တက်ရတယ်၊ အဲဒီသင်တန်းတက်ပြီးမှ ပြန်လွှတ်လိုက်တာပါ၊ ကိုယ့် ဘာသာ ပြန်လာရ တာပါ၊ ရှမ်းစစ်တပ်က အသွားတုန်းက လာခေါ်တယ်၊ အပြန်ကျတော့ လိုက် မပို့တော့ဘူး ´´ဟု ပြန်လည် ရောက်ရှိ လာသော ကျိုင်းခမ်းရွာသား ကိုစိုင်းအောင်စိုင်းက ပြောသည်။

လွန်ခဲ့သော တစ်ပတ်ခန့်မှစ၍ ကျေးရွာအသီးသီးသို့ စစ်သင်တန်းတက်ပြီးသော ရွာသူရွာ သားများ ပြန်လည်ရောက်ရှိနေကြောင်း၊ တောလမ်းအတိုင်း ပြန်လာရသဖြင့် အစာရေစာပြတ် လပ်ကာ ပင်ပန်းဆင်းရဲခဲ့ကြောင်း၊ သင်တန်းတက်ရောက်စဉ် ကျွေးမွေးသော အစား အသောက် များမှာ မကောင်းသောကြောင့် အဟာရချို့တဲ့စွာ နေခဲ့ရကြောင်း၊ အချို့ ဒေသခံများ မှာ အဟာရပြတ်လပ်သည့် ဒဏ်မခံနိုင်သဖြင့် သေဆုံးမှုများရှိကြောင်း၊ ယခု အပြန်ခရီးတွင် လည်း ကျန်းမာရေးဆိုးဝါးသော ရွာသူရွာသားများကို ၀ိုင်းဝန်းဖေးမခေါ်ဆောင်လာခဲ့ရကြောင်း ဆိုက်ခေါင်ရွာသား ခွန်ထွန်းပု က ဆိုသည်။

ကွန်ဟိန်းမြို့ခံဌာနဆိုင်ရာတစ်ဦးက `` ရှမ်းနှစ်သစ်ကူးပွဲတော်အတွက်ဆိုပြီး အကြောင်းပြခေါ်ေ တာ့ ရွာ သူ ရွာသားတွေ က လိုက်တဲ့သူလည်းရှိတယ်၊ မဖြစ်မနေငွေပေးရမှာ မတတ်နိုင်လို့ လိုက်ရတဲ့သူလည်း ရှိတယ်၊ မြို့ခံဌာနဆိုင်ရာတွေက တားပေမယ့် အချို့ရှမ်းတွေက ဘာမှမဖြစ်ဘူးဆိုပြီး လိုက်သွားကြတာ၊ အခု စစ်သင်တန်းတက်ပြီး ပြန်လာတော့မှ လာပြောကြတယ်၊ နောင်နှစ်တွေဆိုရင် လွယ်တိုင်းလျှံမှာ လုပ်မယ့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ဒီမြို့နယ်ထဲက ရွာသူရွာသားတွေ လိုက်ရဲတော့မှာ မဟုတ်ဘူး´´ ဟု ပြောကြားသွား ခဲ့သည်။

Credit To:စိုင်းခမ်းလှိုင်
From : အမေ့အိမ်

No comments:

Post a Comment