Wednesday, April 9, 2014

သင်္ကြန်ကာလတွင် ရှော့ပင်းမောလ်များရှိ ATM စက်များသာ ပိတ်မည်

သင်္ကြန်ကာလတွင် ရှော့ပင်းမောလ်များရှိ ATM စက်များသာ ပိတ်မည်
Wednesday, April 9, 2014

သင်္ကြန်ကာလအတွင်း Shopping Mall များရှိ ATM စက်များ မှလွဲ၍ အများပြည်သူဧရိယာရှိ ATM စက် တိုင်းတွင် ငွေများထုတ်ယူနိုင်ကြောင်း
ပြည်တွင်းဘဏ်အသိုင်းအဝိုင်းထံမှ သိရသည်။

ATM Card သုံးစွဲသူများ အခက်အခဲမရှိစေရန် ဆောင်ရွက်ပေး ခြင်းဖြစ်ပြီး Card Error ဖြစ်လာခဲ့လျှင်လည်း အမြန်ဆုံးဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။

CB ဘဏ် ဒုတိယအထွေထွေ မန်နေဂျာ ဦးဇေယျာကျော်က ''ကျွန်တော် တို့ဘဏ်က ATM စက်တိုင်းမှာ မော်နီတာ ကိုစောင့်ကြည့်တဲ့ လုံခြုံရေးတွေလဲ ထား မှာပါ။ တချို့ Card Error တွေက တခြား ဘဏ်တွေနဲ့ ဆောင်ရွက်မှရတာဖြစ်လို့ ဒီအ ပိုင်းကျတော့ ရုံးပြန်ဖွင့်တဲ့ ရက်တွေကျမှ သာ ဆောင်ရွက်ပေးသွားနိုင်မှာပါ''ဟု ပြောသည်။

ယင်းဘဏ်အနေဖြင့် သင်္ကြန် ကာလ ရုံးပိတ်ရက်များတွင် ATM တစ် ကတ်လျှင် ကျပ်သိန်း ၃ဝ အထိ ထုတ်ယူ နိုင်မည်ဖြစ်ကြောင်း ယင်းကဆိုသည်။

CB ဘဏ်အနေဖြင့် ယမန်နှစ် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ဗြွှ တစ်ကတ်လျှင် ကျပ်သိန်း ၂ဝ သာ ထုတ်ယူ နိုင်ပြီး ယခုနှစ်တွင် ကျပ် ၁ဝ သိန်း တိုးထုတ် ယူနိုင်ကြောင်း သိရသည်။

ဦးဇေယျာကျော်က'' ရုံးဖွင့်ရက် တွေမှာဆိုရင် ကတ်တစ်ကတ်ကို ကျပ် ၁ဝ သိန်း ထုတ်လို့ရတယ်။ ရုံးပိတ်ရက်မှာတော့ အဲဒီလောက် ထုတ်လို့မရတော့
ဘူး။ အရင် နှစ်တွေကထက် အဆင်ပြေအောင် Customer များအတွက် လုပ်ပေးသွားမှာပါ''ဟု ပြောသည်။

ဘဏ်များအနေဖြင့် သင်္ကြန်ကာ လအတွင်း ဈေးဝယ်စင်တာများသည် ပိတ် ထားသည့်အတွက် လျှပ်စစ်မီးများ မရရှိ ခြင်းကြောင့် အဆိုပါ ATM စက်များတွင် ငွေထုတ်ယူ၍မရနိုင်သော်လည်း လေဆိပ် များ၊ ဟိုတယ်
များတွင်ထားသည့် ဗြွှ စက်များတွင် ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ''ကျွန်မတို့ဘဏ်အနေနဲ့ ပုံမှန် ထုတ်နေကျအတိုင်းပဲ ဒီကာလတွေမှာ ငွေ ထုတ်ယူနိုင်ပါတယ်''ဟု
ပြောသည်။

ATM card သုံးစွဲသူ ကိုနိုင် လင်းက ''သင်္ကြန်မှာ လူတိုင်းနီးပါးက မူး နေတာ။ ရေတွေကလဲစို၊ ပိုက်ဆံတွေဆိုရင်ြ<ွကပ်ြ<ွကပ်အိတ်နဲ့ ထည့်ထားရတာ။ တချို့ဆို ရင် ရေနူးပြီးသုံးမရတော့တာတွေရှိတယ်။ ကတ်ဆိုရင် ဘာမှမဖြစ်
ဘူး။ ကိုယ်လိုတဲ့အ ခါမှ ထုတ်သုံးရုံဆိုတော့ကောင်းပါတယ်'' ဟုပြောသည်။

Yangon Media Group

သင်္ကြန်ကာလအတွင်း Shopping Mall များရှိ ATM စက်များ မှလွဲ၍ အများပြည်သူဧရိယာရှိ ATM စက် တိုင်းတွင် ငွေများထုတ်ယူနိုင်ကြောင်းပြည်တွင်းဘဏ်အသိုင်းအဝိုင်းထံမှ သိရသည်။
ATM Card သုံးစွဲသူများ အခက်အခဲမရှိစေရန် ဆောင်ရွက်ပေး ခြင်းဖြစ်ပြီး Card Error ဖြစ်လာခဲ့လျှင်လည်း အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
CB ဘဏ် ဒုတိယအထွေထွေ မန်နေဂျာ ဦးဇေယျာကျော်က ''ကျွန်တော် တို့ဘဏ်က ATM စက်တိုင်းမှာ မော်နီတာ ကိုစောင့်ကြည့်တဲ့ လုံခြုံရေးတွေလဲ ထား မှာပါ။ တချို့ Card Error တွေက တခြား ဘဏ်တွေနဲ့ ဆောင်ရွက်မှရတာဖြစ်လို့ ဒီအ ပိုင်းကျတော့ ရုံးပြန်ဖွင့်တဲ့ ရက်တွေကျမှ သာ ဆောင်ရွက်ပေး
သွားနိုင်မှာပါ''ဟု ပြောသည်။
ယင်းဘဏ်အနေဖြင့် သင်္ကြန် ကာလ ရုံးပိတ်ရက်များတွင် ATM တစ် ကတ်လျှင် ကျပ်သိန်း ၃ဝ အထိ ထုတ်ယူ နိုင်မည်ဖြစ်ကြောင်း ယင်းကဆိုသည်။
CB ဘဏ်အနေဖြင့် ယမန်နှစ် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ဗြွှ တစ်ကတ်လျှင် ကျပ်သိန်း ၂ဝ သာ ထုတ်ယူ နိုင်ပြီး ယခုနှစ်တွင် ကျပ် ၁ဝ သိန်း တိုးထုတ် ယူနိုင်ကြောင်း သိရသည်။
ဦးဇေယျာကျော်က'' ရုံးဖွင့်ရက် တွေမှာဆိုရင် ကတ်တစ်ကတ်ကို ကျပ် ၁ဝ သိန်း ထုတ်လို့ရတယ်။ ရုံးပိတ်ရက်မှာတော့ အဲဒီလောက် ထုတ်လို့မရတော့ဘူး။ အရင် နှစ်တွေကထက် အဆင်ပြေအောင် Customer များအတွက် လုပ်ပေးသွားမှာပါ''ဟု ပြောသည်။
ဘဏ်များအနေဖြင့် သင်္ကြန်ကာ လအတွင်း ဈေးဝယ်စင်တာများသည် ပိတ် ထားသည့်အတွက် လျှပ်စစ်မီးများ မရရှိ ခြင်းကြောင့် အဆိုပါ ATM စက်များတွင် ငွေထုတ်ယူ၍မရနိုင်သော်လည်း လေဆိပ် များ၊ ဟိုတယ်များတွင်ထားသည့် ဗြွှ စက်များတွင် ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ''ကျွန်မတို့ဘဏ်အနေနဲ့ ပုံမှန် ထုတ်နေကျအတိုင်းပဲ ဒီကာလတွေမှာ ငွေ ထုတ်ယူနိုင်ပါတယ်''ဟုပြောသည်။
ATM card သုံးစွဲသူ ကိုနိုင် လင်းက ''သင်္ကြန်မှာ လူတိုင်းနီးပါးက မူး နေတာ။ ရေတွေကလဲစို၊ ပိုက်ဆံတွေဆိုရင် ကြွပ်ကြွပ်အိတ်နဲ့ ထည့်ထားရတာ။ တချို့ဆို ရင် ရေနူးပြီးသုံးမရတော့တာတွေ ရှိတယ်။ ကတ်ဆိုရင် ဘာမှမဖြစ်ဘူး။ ကိုယ်လိုတဲ့အ ခါမှ ထုတ်သုံးရုံဆိုတော့ကောင်းပါတယ်'' ဟုပြောသည်။
Yangon Media Group

No comments:

Post a Comment