Saturday, April 26, 2014

အကျဉ်းကျ ခံနေရသော သတင်းထောက် ပြန်လွှတ်ပေးရေး ပြည်နှင့် မော်လမြိုင်တွင် ဆန္ဒထုတ်ဖော်

Photo: အကျဉ်းကျ ခံနေရသော သတင်းထောက် ပြန်လွှတ်ပေးရေး ပြည်နှင့် မော်လမြိုင်တွင် ဆန္ဒထုတ်ဖော်
Saturday, April 26, 2014

သတင်းလွတ်လပ်ခွင့် ရရန်နှင့် ဖမ်းဆီးခံ သတင်းထောက်များ လွှတ်ပေးရန် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နှင့် မွန်ပြည်နယ် မော်လမြိုင်တို့တွင် ဧပြီလ ၂၅ ရက်က ဒေသခံ သတင်းထောက်များ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြည်မြို့တွင် ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲ ခွင့်ပြုမိန့်မှာ ငြင်းပယ် ခံခဲ့ရသော်လည်း ပြည်နှင့် အောင်လံမြို့တို့မှ သတင်းသမား ၁၅ ဦးအပြင် တက်ကြွလှုပ်ရှားသူများ ပါဝင်ပြီး ဗိုလ်ချုပ်ကျောက်ရုပ်၊ ရွှေဆံတော်ဘုရား၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးနှင့် ခရိုင်တရားရုံးများ ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ခွင့်ပြုချက် မရသည့်အတွက် တာဝန်ရှိသူများက သုံးကြိမ် တားမြစ်ခဲ့သည်ကို လက်မခံခဲ့ဘဲ ဆန္ဒဖော်ထုတ်သူများသည် ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရား နှောင့်ယှက်မှုများဖြင့် ထောင်ချခံခဲ့သည့် ကိုဇော်ဖေ အပါအဝင် သတင်းထောက်များ လွှတ်ပေးရန်၊ ပြည်သူပိုင် ရုံးများတွင် သတင်းယူခွင့် ရရှိရန်နှင့် မီဒီယာဖိနှိပ်မှု ရပ်ရန် ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နံနက် ၁၀ နာရီတွင် ဆန္ဒထုတ်ဖော်မှု ပြီးဆုံးခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူ သတင်းထောက်များထံမှ သိရသည်။

အလားတူ မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံတောင်ပိုင်း သတင်းထောက်များ ကွန်ရက်က ဦးဆောင်ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ သတင်းသမားများ အပါအဝင် ဒေသခံ လူအင်အား ၁၀၀ ဝန်းကျင် ပါဝင်ကာ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ အမှတ် (၄) တံထားမှ ဘိုကုန်းရပ်ကွက်ရှိ သံလွင်ဈေးနားထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အလားတူ မကွေးမြို့တွင်လည်း ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးခံထားရသည့် သတင်းထောက်များနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

(Living color, Dawei Watch)

The Voice Weekly
သတင်းလွတ်လပ်ခွင့် ရရန်နှင့် ဖမ်းဆီးခံ သတင်းထောက်များ လွှတ်ပေးရန် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နှင့် မွန်ပြည်နယ် မော်လမြိုင်တို့တွင် ဧပြီလ ၂၅ ရက်က ဒေသခံ သတင်းထောက်များ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြည်မြို့တွင် ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲ ခွင့်ပြုမိန့်မှာ ငြင်းပယ် ခံခဲ့ရသော်လည်း ပြည်နှင့် အောင်လံမြို့ တို့မှ သတင်းသမား ၁၅ ဦးအပြင် တက်ကြွလှုပ်ရှားသူများ ပါဝင်ပြီး ဗိုလ်ချုပ်ကျောက်ရုပ်၊ ရွှေဆံတော်ဘုရား၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးနှင့် ခရိုင်တရားရုံးများ ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ခွင့်ပြုချက် မရသည့်အတွက် တာဝန်ရှိသူများက သုံးကြိမ် တားမြစ်ခဲ့သည်ကို လက်မခံခဲ့ဘဲ ဆန္ဒဖော်ထုတ်သူများသည် ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရား နှောင့်ယှက်မှုများဖြင့် ထောင်ချခံခဲ့သည့် ကိုဇော်ဖေ အပါအဝင် သတင်းထောက်များ လွှတ်ပေးရန်၊ ပြည်သူပိုင် ရုံးများတွင် သတင်းယူခွင့် ရရှိရန်နှင့် မီဒီယာဖိနှိပ်မှု ရပ်ရန် ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နံနက် ၁၀ နာရီတွင် ဆန္ဒထုတ်ဖော်မှု ပြီးဆုံးခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူ သတင်းထောက်များထံမှ သိရသည်။

အလားတူ မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံတောင်ပိုင်း သတင်းထောက်များ ကွန်ရက်က ဦးဆောင်ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ သတင်းသမားများ အပါအဝင် ဒေသခံ လူအင်အား ၁၀၀ ဝန်းကျင် ပါဝင်ကာ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ အမှတ် (၄) တံထားမှ ဘိုကုန်းရပ်ကွက်ရှိ သံလွင်ဈေးနားထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အလားတူ မကွေးမြို့တွင်လည်း ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးခံထားရသည့် သတင်းထောက်များနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

(Living color, Dawei Watch)

The Voice Weekly

No comments:

Post a Comment