Saturday, April 26, 2014

လယ်ဝေးမြို့ ဖောင်တော်ချက်မကန်တွင် အပူချိန်မြင့်တက်မှုကြောင့် ကန်အတွင်းရှိငါးများ ထောင်နှင့်ချီသေဆုံး


လယ်ဝေးမြို့ ဖောင်တော်ချက်မကန်တွင် အပူချိန်မြင့်တက်မှုကြောင့် ကန်အတွင်းရှိငါးများ ထောင်နှင့်ချီသေဆုံး

နေပြည်တော်လယ်ဝေးမြို့ရှိ သမိုင်းဝင် ဖောင်တော်ချက်မကန်တွင် အပူချိန်မြင့်တက်မှုကြောင့် ကန်အတွင်းရှိ ငါးအကောင်ရေ ထောင်နှင့်ချီကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ငါးများသေဆုံးရခြင်းမှာ ကန်ပတ်ဝန်းကျင်တွင် အရိပ်ရသစ်ပင်များ မရှိခြင်း၊ ရေကန်အကျယ်အ၀န်းထက် ငါးများပိုများနေခြင်း၊ ငါးစာများကြောင့် ကန်ရေညစ်ညမ်းခြင်းနှင့် ကန်ရေနည်းလာခြင်းကြောင့် ငါးများသေဆုံး ရခြင်းဖြစ်ကြောင်း သိရသည်။

"ငါးတွေသေတာ ကန်တစ်ခုလုံးကို ဖွေးနေတာပဲ။ သေတဲ့ငါးတွေက တီလားပီးယားနဲ့ ငါးကြင်းတွေများတယ်။ တချို့ငါးတွေဆိုရင် အကြီးဆုံး ရှစ်ပိဿာလောက်ရှိတယ်။ ရာသီဥတုကလည်း တော်တော်လေးပူတယ်။ ပြီးတော့ ကန်ရဲ့ရေအနက်ကလည်း နှစ်ပေခွဲလောက်ပဲရှိတယ်။ ဒါကြောင့် အပူချိန်များပြီး ငါးတွေသေကုန်တယ် ထင်ပါတယ်" ဟု ကန်အနီးတွင် နေထိုင်သူ ဦးညွန့်ဝင်းက ပြောကြားသည်။လယ်ဝေးမြို့ဖောင်တော်ချက်မ ဂေါပကဥက္ကဌ ဦးမြင့်လွင်က "ငါးတွေသေတာကို ရုံးစောင့်က ဖုန်းဆက်မှသိတာ။ သွားကြည့်တော့ ငါးတွေသေတာက အများကြီးပဲ။ အရင်နှစ်ကလည်းသေတာပဲ။ အခုသေတာလောက်တော့ မများဘူး။ ငါးသေတွေကို လှေနဲ့လိုက်ဆယ်တယ်။ အနီးနားမှာရှိတဲ့ လူငယ်တွေကလည်း ဆယ်ကြတယ်။ ငါးသေတွေကို စည်ပင်က ကားတွေနဲ့သယ်ပြီး မြို့နဲ့ဝေးတဲ့နေရာမှာ သွားပြီးမြေမြှုပ်လိုက်တယ်။ ပူလို့သေတာပါ။ ရေသစ်ရေဟောင်း လဲဖို့ကလည်း မဖြစ်နိုင်ဘူး။ ငါးလွှတ်တဲ့သူတွေကများတော့ ငါးတွေက သိပ်ကျပ်နေတယ်။ ငါးခူ၊ ငါးရံ့တွေက မသေဘူး။ တီလားပီးယားနဲ့ ငါးကြင်းတွေပဲ သေတာ" ဟုပြောကြားသည်။

ငါးများသေဆုံးပြီးချိန်တွင် ဖောင်တော်ချက်မကန် အတွင်းသို့ သတ်မှတ်ထားသော ရေအနက်သို့ ရောက်အောင်ရေသွင်းခြင်း၊ ငါးများအရိပ်ရစေရန် ဗေဒါပင်များရေထဲသို့ ချပေးခြင်း၊ အောက်ဆီဂျင်ပိုက်များ ရေထဲသို့ လွှတ်ပေးထားခြင်းများ ပြုလုပ်ထားသည်။

လက်ရှိနေပြည်တော် အတွင်းရှိ အပူချိန်များမှာ ဧပြီ ၂၂ ရက်တွင် ၄၁ ဒီဂရီစင်တီဂရိတ်၊ ၂၃ ရက်တွင် ၄၀ ဒီဂရီစင်တီဂရိတ်နှင့် ၂၄ ရက်တွင် ၃၉ ဒသမ ၉ ဒီဂရီစင်တီဂရိတ်ထိ ရှိကြောင်း၊ လက်ရှိအချိန်တွင် သာမန်နှစ်များထက် အပူချိန်တစ်ဒီဂရီစင်တီဂရိတ် ပိုနေကြောင်း၊ ညအပူချိန်များမှာလည်း သာမန်နှစ်များထက် ပိုနေကြောင်း၊ ဧပြီလနောက်ဆုံးပတ်အတွင်း မိုးရွာနိုင်သည်ဟု ခန့်မှန်းထားကြောင်း နေပြည်တော်ပျဉ်းမနား မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးရုံးမှ သိရသည်။     

(လယ်ဝေးမြို့ ဖောင်တော်ချက်မကန်အတွင်း ငါးသေများဆယ်ယူ နေသည်ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ်)
နေပြည်တော်လယ်ဝေးမြို့ရှိ သမိုင်းဝင် ဖောင်တော်ချက်မကန်တွင် အပူချိန်မြင့်တက်မှုကြောင့် ကန်အတွင်းရှိ ငါးအကောင်ရေ ထောင်နှင့်ချီကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ငါးများသေဆုံးရခြင်းမှာ ကန်ပတ်ဝန်းကျင်တွင် အရိပ်ရသစ်ပင်များ မရှိခြင်း၊ ရေကန်အကျယ်အ၀န်းထက် ငါးများပိုများနေခြင်း၊ ငါးစာများကြောင့် ကန်ရေညစ်ညမ်းခြင်းနှင့် ကန်ရေနည်းလာခြင်းကြောင့် ငါးများသေဆုံး ရခြင်းဖြစ်ကြောင်း သိရသည်။
"ငါးတွေသေတာ ကန်တစ်ခုလုံးကို ဖွေးနေတာပဲ။ သေတဲ့ငါးတွေက တီလားပီးယားနဲ့ ငါးကြင်းတွေ များတယ်။ တချို့ငါးတွေဆိုရင် အကြီးဆုံး ရှစ်ပိဿာလောက်ရှိတယ်။ ရာသီဥတုကလည်း တော်တော်လေး
ပူတယ်။ ပြီးတော့ ကန်ရဲ့ရေအနက်ကလည်း နှစ်ပေခွဲလောက်ပဲ ရှိတယ်။ ဒါကြောင့် အပူချိန်များပြီး ငါးတွေသေကုန်တယ် ထင်ပါတယ်" ဟု ကန်အနီးတွင် နေထိုင်သူ ဦးညွန့်ဝင်းက ပြောကြား သည်။ လယ်ဝေးမြို့ဖောင်တော်ချက်မ ဂေါပကဥက္ကဌ ဦးမြင့်လွင်က "ငါးတွေသေတာကို ရုံးစောင့်က ဖုန်းဆက်မှသိတာ။ သွားကြည့်တော့ ငါးတွေသေတာက အများကြီးပဲ။ အရင်နှစ်ကလည်းသေတာပဲ။ အခုသေတာလောက်တော့ မများဘူး။ ငါးသေတွေကို လှေနဲ့လိုက်ဆယ်တယ်။ အနီးနားမှာရှိတဲ့ လူငယ်တွေကလည်း ဆယ်ကြတယ်။ ငါးသေတွေကို စည်ပင်က ကားတွေနဲ့သယ်ပြီး မြို့နဲ့ဝေးတဲ့နေရာမှာ သွားပြီးမြေမြှုပ်လိုက်တယ်။ ပူလို့သေတာပါ။ ရေသစ်ရေဟောင်း လဲဖို့ကလည်း မဖြစ်နိုင်ဘူး။ ငါးလွှတ်တဲ့သူတွေကများတော့ ငါးတွေက သိပ်ကျပ်နေတယ်။ ငါးခူ၊ ငါးရံ့တွေက မသေဘူး။ တီလားပီးယားနဲ့ ငါးကြင်းတွေပဲ သေတာ" ဟုပြောကြားသည်။
ငါးများသေဆုံးပြီးချိန်တွင် ဖောင်တော်ချက်မကန် အတွင်းသို့ သတ်မှတ်ထားသော ရေ အနက်သို့ ရောက်အောင်ရေ သွင်းခြင်း၊ ငါးများအရိပ်ရစေရန် ဗေဒါပင်များရေထဲသို့ ချပေးခြင်း၊ အောက်ဆီဂျင်ပိုက်များ ရေထဲသို့ လွှတ်ပေးထားခြင်းများ ပြုလုပ်ထားသည်။
လက်ရှိနေပြည်တော် အတွင်းရှိ အပူချိန်များမှာ ဧပြီ ၂၂ ရက်တွင် ၄၁ ဒီဂရီစင်တီဂရိတ်၊ ၂၃ ရက်တွင် ၄၀ ဒီဂရီစင်တီဂရိတ်နှင့် ၂၄ ရက်တွင် ၃၉ ဒသမ ၉ ဒီဂရီစင်တီဂရိတ်ထိ ရှိကြောင်း၊ လက်ရှိအချိန်တွင် သာမန်နှစ်များထက် အပူချိန်တစ်ဒီဂရီစင်တီဂရိတ် ပိုနေကြောင်း၊ ညအပူချိန်များမှာလည်း သာမန်နှစ် များထက် ပိုနေကြောင်း၊ ဧပြီလနောက်ဆုံးပတ်အတွင်း မိုးရွာနိုင်သည်ဟု ခန့်မှန်း ထားကြောင်း နေပြည်တော် ပျဉ်းမနား မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးရုံးမှ သိရသည်။
 Eleven Media Group
(လယ်ဝေးမြို့ ဖောင်တော်ချက်မကန်အတွင်း ငါးသေများဆယ်ယူ နေသည်ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ်)

No comments:

Post a Comment