Saturday, April 5, 2014

အမျိုး၊ ဘာသာ၊ သာသနာဆိုတာ ဘာလဲ၊ နေပြည်တော်ကောင်စီ နယ်မြေ အတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသည့် ဘုန်းတော် ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်များ အမှုလာရောက် ရင်မဆိုင်သဖြင့် တရား ခံပြေးအဖြစ် သတ်မှတ်

Photo: အမျိုး၊ ဘာသာ၊ သာသနာဆိုတာ ဘာလဲ၊ နေပြည်တော်ကောင်စီ နယ်မြေ အတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသည့် ဘုန်းတော် ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်များ အမှုလာရောက် ရင်မဆိုင်သဖြင့် တရား ခံပြေးအဖြစ် သတ်မှတ်
Saturday, April 5, 2014

နေပြည်တော်ကောင်စီက ကျူးကျော် ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားသည့် ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းအနက် ရှစ်ကျောင်းမှ သံဃာတော်များသည် ဧပြီ ၄ ရက်တွင် နောက်ဆုံးရုံးချိန်းအဖြစ် ချိန်းဆိုခဲ့သော်လည်း လာရောက်ရင်ဆိုင်ခြင်း မရှိသောကြောင့် တရားခံပြေးအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ကျူးကျော်ကျောင်းဟု သတ်မှတ်ခံထားရသည့် ဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးက "ဦးဇင်း ဒီကျောင်းမှာ သီတင်းသုံးလာတာ ခြောက်နှစ်ရှိသွားပါပြီ။ သက်တော် ၄၀၊ ၀ါတော် ၂၀ ရှိပါပြီ။ ဦးဇင်းအနေနဲ့က အစိုးရ သတင်းစာမှာ ဖော်ပြသလို ဘုန်းကြီးတု၊ ဘုန်းကြီးယောင် မဟုတ်ပါဘူး။ သံဃနာယက အဖွဲ့က အသိအမှတ်ပြုထားတဲ့ သံဃာမှတ်ပုံတင်ကတ်လည်း ရှိပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာကို ပြထားပါတယ်။ ဦးဇင်းတွေအနေနဲ့ တရားရင်ဆိုင်ရင် ထောင်ခြောက်လ ကျမယ်ဆိုတာ သိနေကြတယ်။ အခုဟာက တရားရင်ဆိုင်ရင် ထောင်ကျမယ်။ မရင်ဆိုင်ရင် တရားခံပြေး သတ်မှတ်ခံရမယ်။ ဘယ်လိုဖြစ်ဖြစ် အနာဘက်ကချည်းပဲ။ သွားရောက် ရင်ဆိုင်တဲ့ ဘုန်းကြီးသုံးပါးက ထောင်ကျသွားပြီ။ ကျန်တဲ့ကိုယ်တော်တွေလည်း ရှောင်သွားကြပြီ" ဟု မိန့်ကြားသည်။

ဆက်လက်ပြီး "ဦးဇင်းတို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံပါ။ ဘယ်ခေတ်မှာမှ ဒီလိုမလုပ်ခဲ့ပါဘူး။ စစ်အစိုးရခေတ်တောင် ဒီလိုမလုပ်ခဲ့ဘူး။ ဘုန်းကြီးကျောင်းတွေကို အခြားနေရာမှာ အစားပေးရင်တောင် တော်သေးတယ်။ အခုတော့ အတင်းဖယ်ခိုင်းတယ်။ မဖယ်ရင် ၀ရမ်းကပ်တယ်။ ဦးဇင်းကျောင်းမှာဆိုရင် စာသင်နေတဲ့ကိုယ်တော် ၂၈ ပါးရှိတယ်။ ပြန်ဖို့စရိတ်မရှိလို့ မီးစက်ရောင်းပြီး ပြန်ခိုင်းလိုက်ရတယ်။ ဦးဇင်းရဲ့ ကျောင်းနေရာကို ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရွာက ဒကာတစ်ဦးက လှူခဲ့တာပါ" ဟု မိန့်ကြားသည်။

ဘုန်းကြီးကျောင်းများအား ကျူးကျော်ဆိုပါက စတင်ဆောက်လုပ် ကတည်းက တားသင့်ကြောင်း၊ ဘုန်းကြီးကျောင်းများ အခိုင်အမာ တည်ဆောက်ပြီးမှ လာရောက် တားမြစ်နေခြင်းဖြစ်ကြောင်း၊ ဒကာ၊ ဒကာမ များကလည်း နိုင်ငံတော်ကို ပုန်ကန်နေခြင်း မဟုတ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်နေခြင်းသည် မဖြစ်သင့်ကြောင်း၊ ကိုယ့်ရပ်ရွာသို့ပြန်ကြွရန် ဒကာ၊ ဒကာမများက တိုက်တွန်းကြောင်း အဆိုပါဦးဇင်းက မိန့်ကြားသည်။

ဧပြီ ၁ ရက်ထုတ် နိုင်ငံတော်ပိုင် သတင်းစာများတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း ကျူးကျော်ဆောက်လုပ်ထားသည့် ဘုန်းကြီးကျောင်း ၂၄ ကျောင်းရှိကြောင်း၊ တရားရင်ဆိုင်သည့် ကျောင်းထိုင်ဘုန်းကြီး သုံးပါးအား လူဝတ်လဲစေပြီး ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့ကြောင်း၊ တရားရုံးတွင် တရားရင်ဆိုင်နေသည့် ဘုန်းကြီးကျောင်း ရှစ်ကျောင်းအား စစ်ဆေးလျက်ရှိကြောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေညာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျူးကျော်ကျောင်း ၂၄ ကျောင်းအား သံဃနာယက အဖွဲ့အစည်း အဆင့်ဆင့်နှင့် တာဝန်ရှိသူများ ညှိနှိုင်းခဲ့ကြောင်း၊ ယင်းဘုန်းကြီး ကျောင်းများအား ဘုန်းကြီးကျောင်းများအဖြစ် အသိအမှတ်မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကျူးကျော်ကျောင်း ၂၄ ကျောင်းအား တရားစွဲဆိုနိုင်ရန် ၂၀၁၄ ခုနှစ် မတ် ၁၅ ရက်တွင်စစ်ဆေးရာ ဥတ္တရသီရိမြို့နယ်မှ ၀ိဇ္ဇာသိဒ္ဓိကျောင်း၊ လှေဆွဲမြောင်ကျောင်း၊ ရွှေညောင်ပင်ကျောင်းများမှ သံဃာတော်များသည် ထွက်ခွာသွားကြောင်း သိရသည်။

ကျူးကျော်အဖြစ် သတ်မှတ်ထားသည့် ဥတ္တရသီရိမြို့နယ် အတွင်းရှိ ရွှေဝါမြိုင်ကျောင်း၊ ညောင်နှစ်ပင်ကျောင်း၊ ဓမ္မဓူဝံကျောင်း၊ သပြေညိုကျောင်း၊ ဝေဠုဝန်ကျောင်း၊ နန္ဒာရာမကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊ လှမေတ္တာ ကမ္မဋ္ဌာန်းကျောင်း၊ မဟာမြိုင်ကျောင်း၊ မိတ္တီလာကျောင်းများသည် တရားရုံးတွင် ရင်ဆိုင်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရာမညကျောင်း၊ အဓိဋ္ဌာန်တောရကျောင်း၊ ဇေယျာမြိုင်ကျောင်း၊ ငှက်ပျောတောလျှိုကျောင်း၊ ဝေဠုဝန်ကျောင်း၊ ရတနာသိဒ္ဓိကျောင်း၊ ပဏ္ဍိတရာမကျောင်း၊ နန္ဒာရာမကျောင်းများ တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် တရားရုံး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြစ်မှုဆိုင်ရာ ဥပဒေ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေညာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျူးကျော်ကျောင်းဟု သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းများသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သစ်တောကြိုးဝိုင်း များအတွင်း ရှိနေကြောင်း၊ ယင်းဘုန်းကြီး ကျောင်းများအား နိုင်ငံတော် သံဃနာယက အဖွဲ့ထံမှလည်း ကျူးကျော်ဘုန်းကြီးကျောင်းများ ဖြစ်သည့်အတွက် အသိအမှတ်မပြုရန် ဆုံးဖြတ်ထားသည့်အတွက် နေပြည်တော်ကောင်စီ အနေဖြင့် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းများ၌ ဖမ်းဆီးမိန့်ကပ်ထားသည့် အမိန့်စာတွင် ချိန်းဆိုထားသည့်ရက်တွင် လာရောက်ရန်နှင့် ဤရုံးက အခြားနည်း အမိန့်ချမှတ်ခြင်း မရှိမီအတွင်း လာရောက်မည်ဟု ကိုယ်တိုင်ငွေကျပ်ငါးသိန်း ခံဝန်ပြုလျှင်ဖြစ်စေ၊ ငွေငါးသိန်းတန် ခံဝန်နှစ်ယောက်ကို အာမခံပေးလျှင်ဖြစ်စေ၊ ၎င်းအား လွှတ်ထားခွင့် ရှိသည်ဟု ဖော်ပြထားသည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသည့် ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်များ အမှုရင်မဆိုင်သဖြင့် တရားခံပြေးအဖြစ် သတ်မှတ်မှုအပေါ် အမြင်အချို့

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယ)

အခုလို လုပ်တာမျိုးကတော့ မသင့်လျော်ဘူးလို့ မြင်ပါတယ်။ တစ်ဖက်သတ် ပြင်းပြင်းထန်ထန် အရေးယူတာမျိုးထက် နှစ်ဖက်မျှမျှတတ လုပ်ဆောင်တာ ပိုသင့်လျော်ပါတယ်။ အရင်အာဏာရှင်စနစ် ပုံစံမျိုးတွေ မဖြစ်စေချင်ပါဘူး။ သံဃာတော်တွေကို တရားခံပြေးအဖြစ် သတ်မှတ်တာမျိုးတွေက ပြင်းထန်လွန်းတယ်လို့ ထင်ပါတယ်။ အခုကိစ္စမှာ ဘာကြောင့် အခုလောက်အထိ လုပ်နေရသလဲ၊ နောက်ကွယ်မှာ ဘာတွေရှိနေလို့လဲဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်။

ဆရာတော် ဦးပါမောက္ခ (မကွေးကျောင်းတိုက်ဆရာတော်)

သံဃနာယက,က စာနဲ့ပေနဲ့ခေါ်ရင် သွားရမယ်။ အဲဒီလိုခေါ်လို့ မလာဘူးဆိုရင် တိုင်းသာသနာရေးမှူးကနေပြီး တရားလိုပြုပြီး တရားစွဲလို့ရပါတယ်။ တရားစွဲလို့ရတယ် ဆိုတာကတော့ နိုင်ငံတော် သံဃနာယက,က တစ်ချိန်တုန်းက ထုတ်ပြန်ထားတဲ့ ညွှန်ကြားလွှာတို့ သံဃာဝိနိစ္ဆရလက်စွဲတို့ အဲဒီလိုစာအုပ်တွေကြည့်ပြီးတော့ တရားစွဲလို့ရတယ်။ ဒီအမှုကတော့ တရားစွဲလို့ ရလောက်အောင် မဖြစ်နိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် မိမိတို့ ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ဒီကျောင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားစွဲတာ မဖြစ်သင့်ပါဘူး။

သာသနာ့မြေ ကျပြီးသား ကျောင်းတွေကို ဖျက်တယ်ဆိုရင်တော့ ဓမ္မ၀ိနိယနဲ့ မညီညွတ်ဘူးပေါ့။ သူတို့က တစ်ချိန်တုန်းက န၀တ၊ နအဖ လက်ထက်တုန်းကလိုပဲ လက်နက်ရှိတော့ အာဏာရှိတယ်။ အာဏာရှိတော့ လုပ်ချင်ရာလုပ်တဲ့ သဘောမျိုးပေါ့။ ယခုအချိန်မှာတော့ သံဃမဟာနာယက ကလည်း လက်နက်မဲ့ အာဏာရှင်တွေပဲ ဖြစ်နေခြင်းကြောင့် သူတို့လုပ်ချင်သလိုလုပ်တဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်။

Eleven Media Group 

အခိုင်အမာ တည်ဆောက်ထားပြီး ဖျက်သိမ်းခံရသော ဥတ္တရသီရိမြို့နယ် ရှိ ဝေဠုဝန်ကျောင်းကို ဧပြီ ၄ ရက်က တွေ့ရစဉ် 
အခိုင်အမာ တည်ဆောက်ထားပြီး ဖျက်သိမ်းခံရသော ဥတ္တရသီရိမြို့နယ် ရှိ ဝေဠုဝန်ကျောင်းကို ဧပြီ ၄ ရက်က တွေ့ရစဉ်
နေပြည်တော်ကောင်စီက ကျူးကျော် ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားသည့် ဘုန်းတော် ကြီးကျောင်း ၂၄ ကျောင်းအနက် ရှစ်ကျောင်းမှ သံဃာတော်များသည် ဧပြီ ၄ ရက်တွင် နောက်ဆုံး ရုံးချိန်း အဖြစ် ချိန်းဆိုခဲ့သော်လည်း လာရောက်ရင်ဆိုင်ခြင်း မရှိသောကြောင့် တရားခံပြေးအဖြစ် သတ်မှတ် ခဲ့ကြောင်း သိရသည်။
ကျူးကျော်ကျောင်းဟု သတ်မှတ်ခံထားရသည့် ဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးက "ဦးဇင်း ဒီကျောင်းမှာ သီတင်းသုံးလာတာ ခြောက်နှစ်ရှိသွားပါပြီ။ သက်တော် ၄၀၊ ၀ါတော် ၂၀ ရှိပါပြီ။ ဦးဇင်းအနေနဲ့က အစိုးရ သတင်းစာမှာ ဖော်ပြသလို ဘုန်းကြီးတု၊ ဘုန်းကြီးယောင် မဟုတ်ပါဘူး။ သံဃနာယက အဖွဲ့က အသိအမှတ်ပြုထားတဲ့ သံဃာမှတ်ပုံတင်ကတ်လည်း ရှိပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာ ကို ပြထား ပါတယ်။ ဦးဇင်းတွေအနေနဲ့ တရားရင်ဆိုင်ရင် ထောင်ခြောက်လ ကျမယ်ဆိုတာ သိနေကြတယ်။ အခုဟာက တရားရင်ဆိုင်ရင် ထောင်ကျမယ်။ မရင်ဆိုင်ရင် တရားခံပြေး သတ်မှတ်ခံရမယ်။ ဘယ် လိုဖြစ်ဖြစ် အနာဘက်ကချည်းပဲ။ သွားရောက် ရင်ဆိုင်တဲ့ ဘုန်းကြီးသုံးပါးက ထောင်ကျသွားပြီ။ ကျန်တဲ့ ကိုယ်တော်တွေလည်း ရှောင်သွားကြပြီ" ဟု မိန့်ကြားသည်။

ဆက်လက်ပြီး "ဦးဇင်းတို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံပါ။ ဘယ်ခေတ်မှာမှ ဒီလိုမလုပ်ခဲ့ပါဘူး။ စစ်အစိုးရခေ တ်တောင် ဒီလို မလုပ်ခဲ့ဘူး။ ဘုန်းကြီးကျောင်းတွေကို အခြားနေရာမှာ အစားပေးရင်တောင် တော်သေး တယ်။ အခုတော့ အတင်းဖယ်ခိုင်းတယ်။ မဖယ်ရင် ၀ရမ်းကပ်တယ်။ ဦးဇင်းကျောင်းမှာဆိုရင် စာသင်နေတဲ့ ကိုယ်တော် ၂၈ ပါးရှိတယ်။ ပြန်ဖို့စရိတ်မရှိလို့ မီးစက်ရောင်းပြီး ပြန်ခိုင်းလိုက်ရတယ်။ ဦးဇင်းရဲ့ ကျောင်းနေ ရာ ကို ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရွာက ဒကာတစ်ဦးက လှူခဲ့တာပါ" ဟု မိန့်ကြားသည်။

ဘုန်းကြီးကျောင်းများအား ကျူးကျော်ဆိုပါက စတင်ဆောက်လုပ် ကတည်းက တားသင့်ကြောင်း၊ ဘုန်း ကြီးကျောင်းများ အခိုင်အမာ တည်ဆောက်ပြီးမှ လာရောက် တားမြစ်နေခြင်းဖြစ်ကြောင်း၊ ဒကာ၊ ဒကာမ များကလည်း နိုင်ငံတော်ကို ပုန်ကန်နေခြင်း မဟုတ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်နေခြင်းသည် မဖြစ်သင့်ကြောင်း၊ ကိုယ့်ရပ်ရွာသို့ပြန်ကြွရန် ဒကာ၊ ဒကာမများက တိုက်တွန်းကြောင်း အဆိုပါဦးဇင်းက မိန့်ကြားသည်။

ဧပြီ ၁ ရက်ထုတ် နိုင်ငံတော်ပိုင် သတင်းစာများတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း ကျူးကျော်ဆော က် လုပ် ထားသည့် ဘုန်းကြီးကျောင်း ၂၄ ကျောင်းရှိကြောင်း၊ တရားရင်ဆိုင်သည့် ကျောင်းထိုင်ဘုန်းကြီး သုံးပါးအား လူဝတ်လဲစေပြီး ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့ကြောင်း၊ တရားရုံးတွင် တရားရင်ဆိုင်နေ သည့် ဘုန်းကြီးကျောင်း ရှစ်ကျောင်းအား စစ်ဆေးလျက်ရှိကြောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေညာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျူးကျော်ကျောင်း ၂၄ ကျောင်းအား သံဃနာယက အဖွဲ့အစည်း အဆင့်ဆင့်နှင့် တာဝန်ရှိသူများ ညှိနှိုင်းခဲ့ကြောင်း၊ ယင်းဘုန်းကြီး ကျောင်းများအား ဘုန်းကြီးကျောင်းများ အဖြစ် အသိအမှတ်မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကျူးကျော်ကျောင်း ၂၄ ကျောင်းအား တရားစွဲဆိုနိုင်ရန် ၂၀၁၄ ခုနှစ် မတ် ၁၅ ရက်တွင်စစ်ဆေးရာ ဥတ္တရသီရိမြို့နယ်မှ ၀ိဇ္ဇာသိဒ္ဓိကျောင်း၊ လှေဆွဲမြောင်ကျောင်း၊ ရွှေညောင်ပင်ကျောင်းများမှ သံဃာတော် များသည် ထွက်ခွာသွားကြောင်း သိရသည်။

ကျူးကျော်အဖြစ် သတ်မှတ်ထားသည့် ဥတ္တရသီရိမြို့နယ် အတွင်းရှိ ရွှေဝါမြိုင်ကျောင်း၊ ညောင်နှစ်ပင်ကျောင်း၊ ဓမ္မဓူဝံကျောင်း၊ သပြေညိုကျောင်း၊ ဝေဠုဝန်ကျောင်း၊ နန္ဒာရာမကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊ လှမေတ္တာ ကမ္မဋ္ဌာန်းကျောင်း၊ မဟာမြိုင်ကျောင်း၊ မိတ္တီလာကျောင်းများသည် တရားရုံးတွင် ရင်ဆိုင်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရာမညကျောင်း၊ အဓိဋ္ဌာန်တောရကျောင်း၊ ဇေယျာမြိုင်ကျောင်း၊ ငှက်ပျောတောလျှိုကျောင်း၊ ဝေဠု ၀န်ကျောင်း၊ ရတနာသိဒ္ဓိကျောင်း၊ ပဏ္ဍိတရာမကျောင်း၊ နန္ဒာရာမကျောင်းများ တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် တရားရုံး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြစ်မှုဆိုင်ရာ ဥပဒေ ၅၁၂ အရ တရားခံပြေး အဖြစ် ကြေညာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျူးကျော်ကျောင်းဟု သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းများသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သစ်တောကြိုးဝိုင်း များအတွင်း ရှိနေကြောင်း၊ ယင်းဘုန်းကြီး ကျောင်းများအား နိုင်ငံတော် သံဃနာယက အဖွဲ့ထံမှလည်း ကျူးကျော်ဘုန်းကြီးကျောင်းများ ဖြစ်သည့်အတွက် အသိအမှတ်မပြုရန် ဆုံးဖြတ်ထားသည့်အတွက် နေပြည်တော်ကောင်စီ အနေဖြင့် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းများ၌ ဖမ်းဆီးမိန့်ကပ်ထားသည့် အမိန့်စာတွင် ချိန်းဆိုထားသည့်ရက်တွင် လာရောက် ရန်နှင့် ဤရုံးက အခြားနည်း အမိန့်ချမှတ်ခြင်း မရှိမီအတွင်း လာရောက်မည်ဟု ကိုယ်တိုင်ငွေကျပ်ငါးသိန်း ခံဝန်ပြုလျှင်ဖြစ်စေ၊ ငွေငါးသိန်းတန် ခံဝန်နှစ်ယောက်ကို အာမခံပေးလျှင်ဖြစ်စေ၊ ၎င်းအား လွှတ်ထားခွင့် ရှိသည်ဟု ဖော်ပြထားသည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသည့် ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်များ အမှုရင်မဆိုင်သဖြင့် တရားခံပြေးအဖြစ် သတ်မှတ်မှုအပေါ် အမြင်အချို့

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယ)
အခုလို လုပ်တာမျိုးကတော့ မသင့်လျော်ဘူးလို့ မြင်ပါတယ်။ တစ်ဖက်သတ် ပြင်းပြင်းထန်ထန် အရေးယူ တာမျိုး ထက် နှစ်ဖက်မျှမျှတတ လုပ်ဆောင်တာ ပိုသင့်လျော်ပါတယ်။ အရင်အာဏာရှင်စနစ် ပုံစံမျိုးတွေ မဖြစ်စေချင်ပါဘူး။ သံဃာတော်တွေကို တရားခံပြေးအဖြစ် သတ်မှတ်တာမျိုးတွေက ပြင်းထန်လွန်းတယ်လို့ ထင်ပါတယ်။ အခုကိစ္စမှာ ဘာကြောင့် အခုလောက်အထိ လုပ်နေရသလဲ၊ နောက်ကွယ်မှာ ဘာတွေရှိနေ လို့လဲဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်။

ဆရာတော် ဦးပါမောက္ခ (မကွေးကျောင်းတိုက်ဆရာတော်)
သံဃနာယက,က စာနဲ့ပေနဲ့ခေါ်ရင် သွားရမယ်။ အဲဒီလိုခေါ်လို့ မလာဘူးဆိုရင် တိုင်းသာသနာရေးမှူး ကနေပြီး တရားလိုပြုပြီး တရားစွဲလို့ရပါတယ်။ တရားစွဲလို့ရတယ် ဆိုတာကတော့ နိုင်ငံတော် သံဃ နာယက, က တစ်ချိန်တုန်းက ထုတ်ပြန်ထားတဲ့ ညွှန်ကြားလွှာတို့ သံဃာဝိနိစ္ဆရလက်စွဲတို့ အဲဒီလို စာအုပ်တွေ ကြည့်ပြီးတော့ တရားစွဲလို့ရတယ်။ ဒီအမှုကတော့ တရားစွဲလို့ ရလောက်အောင် မဖြစ်နိုင် ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် မိမိတို့ ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ဒီကျောင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားစွဲတာ မဖြစ်သင့်ပါဘူး။

သာသနာ့မြေ ကျပြီးသား ကျောင်းတွေကို ဖျက်တယ်ဆိုရင်တော့ ဓမ္မ၀ိနိယနဲ့ မညီညွတ်ဘူးပေါ့။ သူတို့က တစ်ချိန်တုန်းက န၀တ၊ နအဖ လက်ထက်တုန်းကလိုပဲ လက်နက်ရှိတော့ အာဏာရှိတယ်။ အာဏာရှိတော့ လုပ်ချင်ရာလုပ်တဲ့ သဘောမျိုးပေါ့။ ယခုအချိန်မှာတော့ သံဃမဟာနာယက ကလည်း လက်နက်မဲ့ အာဏာရှင်တွေပဲ ဖြစ်နေခြင်းကြောင့် သူတို့လုပ်ချင်သလိုလုပ်တဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်။

Eleven Media Group

No comments:

Post a Comment