Wednesday, April 23, 2014

မားစ်ဗိုင်းရပ်စ်ပိုး စောင့်ကြည့် ကာကွယ်ရေး မြန်မာ မစရသေး



အရှေ့အလယ်ပိုင်းနိုင်ငံ များမှ လာရောက်သော ခရီးသွား များနှင့် ထိုနိုင်ငံများမှ ပြန်လာသူ များကို ရန်ကုန်လေဆိပ်တွင် မားစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးမှု မလုပ် သေးကြောင်း သတင်းရရှိသည်။
အရှေ့အလယ်ပိုင်းတွင် ပျံ့နှံ့နေသည့် မားစ်ဗိုင်းရပ်စ်ကူး စက်မှုထိန်းချုပ်ရေးအတွက် အ ရှေ့တောင် အာရှနိုင်ငံ အချို့က စတင်ဆောင်ရွက်လျက်ရှိသည်။
လွန်ခဲ့သည့် သီတင်းပတ်အ တွင်းက ယူအေအီးနိုင်ငံမှ ပြန် လာသည့် ဖိလစ်ပိုင်နိုင်ငံသားတစ် ဦးတွင် အဆိုပါမားစ်ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိရပြီး နောက်ပိုင်း အရှေ့ တောင်
အာရှဒေသတွင် မားစ်ဗိုင်းရပ်စ်ပိုးပျံ့နှံ့လာမည်ကို ထိန်းချုပ်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ ထို့အပြင် ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မလေးရှားနိုင်ငံသားတစ်ဦးတွင်လည်း မားစ်ဗိုင်းရပ်စ် ပိုးကူးစက်ခံခဲ့ရသည်။
အရှေ့အလယ်ပိုင်းနိုင်ငံများ ဖြစ်သည့် ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ဂျော်ဒန်၊ ကူဝိတ်၊ ကာတာ၊ အိုမန်စသည့် နိုင်ငံများ တွင် လူအသေအပျောက်ဖြစ်ပွား သည်အထိ ဖြစ်ပွားခဲ့သည့် အဆို ပါ မားစ်ဗိုင်းရပ်စ်ပိုး အရှေ့တောင် အာရှတွင်ပျံ့နှံ့လာမည်ကို ထိန်း ချုပ်ရန်အတွက် မလေးရှား၊ ဖိ လစ်ပိုင်အပါအ၀င် ဒေသတွင်း နိုင်ငံ တော်တော်များများသည် ရောဂါဖြစ်ပွားရာဒေသများမှ ပြန် လည်ရောက်ရှိ လာသည့် သူများ အား စောင့်ကြည့်စစ်ဆေးလျက် ရှိသည်။
သို့သော်အရှေ့အလယ်ပိုင်းနိုင်ငံများမှ ခရီးသွားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လတ်တလောစစ်ဆေးမှုများပြုလုပ်မှုမတွေ့ရှိ ရသေးကြောင်း လေဆိပ်တာဝန်ကျဝန်ထမ်းများက ပြောသည်။
လက်ရှိအချိန်အထိ မြန်မာ နိုင်ငံတွင် ယင်းရောဂါပိုးကူးစက် ခံရသူ မတွေ့ရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး ဦးစိုးလွင်ငြိမ်းက ပြောသည်။
အရှေ့အလယ်ပိုင်းနိုင်ငံဖြစ် သော ကာတာနိုင်ငံမှ ကာတာ လေကြောင်းလိုင်းကလည်း မြန် မာနိုင်ငံသို့ တိုက်ရိုက်တစ်ပတ် လျှင် သုံးရက်ပြေးဆွဲနေပြီး မြန် မာနိုင်ငံမှ လေကြောင်းလိုင်းများ ကလည်း ဟာဂ်ျ့ဘုရားဖူးကာလ များတွင် စင်းလုံးငှား လေယာဉ် များဖြင့် အရှေ့အလယ်ပိုင်းဒေသ များသို့ သွားရောက်ကြသည်။
အရှေ့အလယ်ပိုင်းဒေသ တွင် ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ အ ခြေအနေ ကိုလည်း လေ့လာစောင့် ကြည့်နေကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၏ အ ထွေထွေအတွင်းရေးမှူး ဦးကျော် ထင်ကျော်က ပြောသည်။
လက်ရှိအခြေအနေတွင်အရှေ့အလယ်ပိုင်း ဒေသတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမား
သုံးထောင်မှ လေးထောင်အတွင်းရှိသည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း ဦးကျော်ထင်ကျော်က ပြော သည်။
မားစ်ဗိုင်းရပ်စ်ပိုးအန္တရာယ် ကို အဆင့် (၁)အဆင့်ဖြင့် သတိ ထားစောင့်ကြည့်ရန် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) က ၂၀၁၃ နှစ်စပိုင်းကတည်းက ထုတ်ပြန်ထားကြောင်း ဒေါက်တာမြင့်ဦး (GP) က ပြောသည်။
အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်သော မားစ် ဗိုင်းရပ်စ်မှာ ဆော်ဒီအာရေးဗီး ယားနိုင်ငံတွင် စတင်ဖြစ်ပွားပြီး ကမ္ဘာတစ်ဝန်းလုံးတွင် မားစ်ဗိုင်း ရပ်စ်ကူးစက်ခံရမှု ၂၄၃ မှုရှိနေ ပြီး ယင်းရောဂါပိုးကြောင့် ၂၀၁၂ စက်တင်ဘာမှစတင်၍ သေဆုံး သူနှင့် ကူးစက်ခံရသူအားလုံးနီး ပါးမှာ ဆော်ဒီ အာရေးဗီးယား နိုင်ငံတွင်ဖြစ်သည်။
ယင်းဗိုင်းရပ်စ်ပိုးအတွက် ကာကွယ်ဆေး (သို့မဟုတ်) ကု သရန် ဆေးမရှိသေးပေ။ ထို့အ ပြင် ယင်းဗိုင်းရပ်စ် ပိုး မည်သို့ ကူး စက်ပျံ့နှံ့သည်ဆိုခြင်းကိုလည်း မသိရသေးပေ။
မားစ်ဗိုင်းရပ်စ်ပိုးကူးစက်ခံ ရသူမှာ ဖျားနာခြင်း၊ အသက်ရှူ လမ်းကြောင်း ပြဿနာဖြစ်ခြင်း၊ နမိုး နီးယားနှင့် ကျောက်ကပ်ထိ ခိုက်ပျက်စီးခြင်းစသည့် ရောဂါ လက္ခဏာများ ပြသလေ့ရှိသည်။
7Day News Journal

No comments:

Post a Comment