Thursday, April 3, 2014

ရိုဟင်ဂျာအမည် သန်းခေါင် စာရင်းထဲ ထည့်ခွင့် မပြုတဲ့ အပေါ် ကုလစိုးရိမ်


ရခိုင်ပြည်နယ် စစ်တွေမြို့မှာတွေ့ရတဲ့ မွတ်စလင်ရိုဟင်ဂျာ ဒုက္ခသည်စခန်း (Credit: AFP) 
မြန်မာနိုင်ငံမှာ ​နှစ်ပေါင်းသုံးဆယ်အတွင်း ​ပထမကြိမ် ​စတင်ကောက်ခံနေတဲ့ ​သန်းခေါင်စာထဲမှာ ​ရိုဟင်ဂျာအဖြစ် ​စာရင်းထည့်သွင်းချင်တဲ့ ​မွတ်စလင်တွေကို ​တားမြစ်ပိတ်ပင်တဲ့အပေါ် ​သန်းခေါင်စာရင်း ​လုပ်ငန်းတွေမှာ ​ထောက်ပံ့ပေးနေတဲ့ ​ကုလသမဂ္ဂ ​လူဦးရေဆိုင်ရာ ​ရံပုံငွေအဖွဲ့အနေနဲ့ ​အရမ်းကို ​စိုးရိမ်မိကြောင်းပြောပါတယ်။
ဒီလို ​ရိုဟင်ဂျာနာမည်ကို ​ထည့်ခွင့်ပိတ်ပင်တာဟာ ​အခြေအနေတင်းမာအောင် ​လှုံ့ဆော်ပေးသလို ​ဖြစ်နေ တယ်လို့လည်း ​UNFPA ​အဖွဲ့က ​သတိပေး ​ပြောကြားလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ​သန်းခေါင် ​စာရင်း ​ကောက်ယူ ​တဲ့အခါ ​နိုင်ငံတကာ ​စံနှုန်းနဲ့အညီ ​ကောက်ခံ ​သွားမှာဖြစ်ပြီး ​ပြည်သူတွေ ​ကိုလည်း ​မိမိတို့ ​အသိအမှတ်ပြု  ​ခေါ်ချင်တဲ့ ​တိုင်းရင်းသား ​အမည်ကို ​ရွေး ချယ်ခွင့် ​ရှိမှာဖြစ်သလို ​အပြည့်အစုံ ​ဖော်ပြခွင့်ပြု ​မယ်ဆိုတဲ့ ​အကြောင်း ​သဘောတူခဲ့ ​တာရှိတယ်လို့ ​UNFPA ​အဖွဲ့ရဲ့ ​ထုတ်ပြန် ​ချက်ထဲမှာ ​ဖော်ပြထားပါတယ်။
ဒါပေမယ့် ​မတ်လ ​၃၀ရက် ​နေ့ကနေ ​ဧပြီလ ​၁၀ရက်နေ့ ​အထိ ​ကောက်ခံသွားမယ့် ​သန်းခေါင် ​စာရင်းထဲမှာ ​ရိုဟင်ဂျာဆိုတဲ့ ​အမည်ကို ​သန်းခေါင် ​စာရင်းကောက်ခံ ​မယ့်သူတွေက ​လက်ခံသွားမှာ ​မဟုတ်တော့ဘူးလို့ ​သန်းခေါင်စာရင်း ​စတင်ကောက်ခံဖို့ ​ရက်ပိုင်းအလိုမှာပဲ ​မြန်မာအစိုးရက ​ကြေညာ ​လိုက်တဲ့အတွက် ​အဆိုပါ ​သဘော ​တူညီမှုကို ​ရုတ်သိမ်းလိုက်ရတာ ​ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ​စစ်တွေမြို့က ​အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အတွက် ​ကနဦးသဘောတူညီမှုကို ​ရုတ်သိမ်းလိုက်ရတာဖြစ်ပါတယ်။
သန်းခေါင်စာရင်းထဲမှာ ​ရိုဟင်ဂျာဆိုတဲ့နာမည် ​ထည့်သွင်းမှာကို ​ကန့်ကွက်တဲ့အနေနဲ့ ​ရခိုင် တိုင်းရင်းသားတွေက ​သူတို့ရဲ့ ​အိမ်တိုင်းမှာ ​သာသနာ့အလံတွေ ​စိုက်ထူခဲ့ကြတာဖြစ်ပြီးတော့ ​အဲဒီစိုက်ထူခဲ့တဲ့အလံတခုကို ​အိုင်အန်ဂျီအို ​၀န်ထမ်း ​နိုင်ငံခြားသူ ​အမျိုးသမီးတဦးက ​ဖြုတ်ချခဲ့တဲ့အတွက် ​အကြမ်းဖက်တိုက်ခိုက်မှုတွေ ​ဖြစ်ပွားခဲ့ပြီး ​အခြေအနေတွေ ​တင်းမာနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံက ​သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့အတွက် ​လိုအပ်တဲ့ ​နည်းစနစ်တွေဖြစ်တဲ့ ​မေးခွန်း ​အချက်အလက်စုဆောင်းမှုအဆင့်အဆင့်နဲ့ ​တိုင်းပြည်အတွင်းက ​မြေပုံတွေကို ​UNFPA ​က ​၁၈ ​လကြာတဲ့ ​ပြင်ဆင်မှုတွေမှာ ​ကူညီပံ့ပိုးပေးခဲ့ပါတယ်။
အခုလို ​သန်းခေါင်စာရင်း ​ကောက်ယူနိုင်ဖို့ ​အတွက် ​သြစတြေးလျ၊ ​ဂျာမနီ၊ ​နော်ဝေနဲ့ ​ဗြိတိန်နိုင်ငံ အပါအ၀င် ​နိုင်ငံပေါင်း ​ကိုးနိုင်ငံက ​ထောက်ပံ့ကြေး ​ဒေါ်လာ ​၄၅သန်းကူညီပေးခဲ့သလို ​UNFPA ​က ​ဒေါ်လာ ​၅သန်းကူညီပေးခဲ့တာ ​ဖြစ်ပါတယ်။

ABC Radio Australia

2 comments:

  1. မျိုးချစ်မြန်မာတို့ လုံးဝအလျော့မပေးကြပါနဲ့
    ခွေးလေခွေးလွင့်တွေကိုဒိုဟင်ဂါ အမည် ခေါ်
    ကြပြီ ဒီကုလားတွေ ရဲ့ ဒိုဟင်ဂျာ အမည်တောင်းနေတာ ကို ကာကွယ်ကြပါစို့

    ReplyDelete
  2. ၇ိုဟင်ဂျာအစား ခွှေးကုလားလို့ ပြောင်း သတ်မှတ်ပေးလိုက်ပါ။

    ReplyDelete