Saturday, April 5, 2014

ယူကရိန်း ထောက်ပံ့ပေးရေး အစီအစဉ်အား အမေရိကန် အတည်ပြု

Photo: ယူကရိန်း ထောက်ပံ့ပေးရေး အစီအစဉ်အား အမေရိကန် အတည်ပြု
Saturday, April 5, 2014

အမေရိကန် ဥပဒေပြု အောက်လွှတ်တော်မှ ယူကရိန်းနိုင်ငံအား စီးပွားရေးဆိုင်ရာ ထောက်ပံ့ပေးမှုများ ပေးအပ်မည့်အစီအစဉ်အား ခွင့်ပြုလိုက်သဖြင့် ခွင့်ပြုမိန့်အား လက်မှတ်ရေးထိုး ပေးနိုင်ရန် အမေရိကန် သမ္မတ အိုဘားမားထံသို့ ပေးပို့တင်ပြထားကြောင်း ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။

မဲခွဲဆုံးဖြတ်ချက်ဖြင့် အတည်ပြု ပေးခဲ့သော အဆိုပါ အစီအစဉ်တွင် ယူကရိန်းအား ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့် ယူကရိန်း အပါအဝင် ပတ်ဝန်းကျင် နိုင်ငံများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅ဝ တန်ဖိုးရှိ အထောက်အပံ့များ ပါဝင်ပြီး ၎င်းအစီအစဉ်အား ပြီးခဲ့သော သီတင်းပတ်အတွင်း အထက်လွှတ်တော် မှ အတည်ပြုပေးခဲ့သည်။ အိုဘားမားက လွှတ်တော်၏ အတည်ပြုမှုအား ကြိုဆိုခဲ့ပြီး အဆိုပါ ဆောင်ရွက်မှုသည် ယူကရိန်းနိုင်ငံ၏ စီးပွားရေးနှင့် ဓနအင်အား ပြန်လည် ဦးမော့လာနိုင်စေရန် ငွေကြေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း၊ ယူကရိန်း ပြည်သူများအား အကျပ်အတည်း ကာလတွင် ထောက်ပံ့မှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် ယူကရိန်း အပါအဝင် အခြားနိုင်ငံများအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ထံမှရရှိနိုင်သော အထောက်အပံ့များ ပိတ်ပင်တားဆီးမှုကို ရပ်တန့်ပေးရန် ရီပတ်ဘလီကန် ပါတီဝင်များအား တိုက်တွန်း သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အမေရိကန် ဥပဒေပြု အောက်လွှတ်တော်မှ ယူကရိန်းနိုင်ငံအား စီးပွားရေးဆိုင်ရာ ထောက်ပံ့ပေးမှု များ ပေး အပ်မည့် အစီအစဉ်အား ခွင့်ပြုလိုက်သဖြင့် ခွင့်ပြုမိန့်အား လက်မှတ်ရေးထိုး ပေးနိုင်ရန် အမေရိကန် သမ္မတ အိုဘားမားထံသို့ ပေးပို့တင်ပြထားကြောင်း ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။
မဲခွဲဆုံးဖြတ်ချက်ဖြင့် အတည်ပြု ပေးခဲ့သော အဆိုပါ အစီအစဉ်တွင် ယူကရိန်းအား ချေးငွေ အမေရိ ကန်ဒေါ်လာ ၁ ဘီလီယံနှင့် ယူကရိန်း အပါအဝင် ပတ်ဝန်းကျင် နိုင်ငံများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅ဝ တန်ဖိုးရှိ အထောက်အပံ့များ ပါဝင်ပြီး ၎င်းအစီအစဉ်အား ပြီးခဲ့သော သီတင်းပတ်အတွင်း အထက် လွှတ်တော် မှ အတည်ပြုပေးခဲ့သည်။ အိုဘားမားက လွှတ်တော်၏ အတည်ပြုမှုအား ကြိုဆိုခဲ့ပြီး အဆိုပါ ဆောင်ရွက်မှုသည် ယူကရိန်းနိုင်ငံ၏ စီးပွားရေးနှင့် ဓနအင်အား ပြန်လည် ဦးမော့လာနိုင်စေ ရန် ငွေကြေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း၊ ယူကရိန်း ပြည်သူများအား အကျပ် အတည်း ကာလတွင် ထောက်ပံ့မှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် ယူကရိန်း အပါ အဝင် အခြားနိုင်ငံများအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ထံမှရရှိနိုင်သော အထောက်အပံ့ များ ပိတ်ပင်တားဆီးမှုကို ရပ်တန့်ပေးရန် ရီပတ်ဘလီကန် ပါတီဝင်များအား တိုက်တွန်း သွားမည်ဖြစ်ကြော င်း သိ ရသည်။

မြ၀တီ

No comments:

Post a Comment