Saturday, April 5, 2014

လေးပွင့်ဆိုင် တွေ့ဆုံရန်နှင့် ဖွဲ့စည်းပုံပြင်ရန် ရေနံချောင်းမြို့တွင် ဆန္ဒဖော်ထုတ်

Photo: လေးပွင့်ဆိုင် တွေ့ဆုံရန်နှင့် ဖွဲ့စည်းပုံပြင်ရန် ရေနံချောင်းမြို့တွင် ဆန္ဒဖော်ထုတ်
Saturday, April 5, 2014

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သော လေးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ လုပ်ဆောင်ရန် ရေနံချောင်း ဒေသခံ လေးရာကျော်ခန့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများက ပြောကြားသည်။

မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်တိုင်းတွင် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခြင်းကို ငြင်းပယ်ခဲ့သော်လည်း ရေနံချောင်းမြို့နယ်ရှိ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများကမူ ဆန္ဒ ဖော်ထုတ်ခွင့် ပြုခဲ့ကြောင်း၊ ယခု ဆန္ဒဖော်ထုတ်ဖွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ခြင်း ဖြစ်ပြီး အခြားသော အဖွဲ့အစည်းများနှင့် ပါတီဝင် မဟုတ်သည့် ပြည်သူများလည်း ပါဝင်ကြောင်း ရေနံချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးသာချိုက ပြောဆိုသည်။

“ကျွန်တော်တို့က တင်ရုံတင် တင်လိုက်တာပဲ။ ကျွန်တော်တို့ ရေနံချောင်းရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ကိုယ်တိုင်က ကျွန်တော်တို့ကို ယုံကြည် စိတ်ချစွာနဲ့ ခွင့်ပြုချက် ပေးလိုက်တာပါ” ဟု ဦးသာချိုက ရှင်းပြသည်။

ဆန္ဒဖော်ထုတ်ခွင့်တင်စဉ်က ရေနံချောင်း မြို့မဈေးလမ်း၊ ဈေးတွင်းလမ်း၊ ချောင်းနိမ့်လမ်း တို့မှတစ်ဆင့် သခင်ဖိုးလှကြီး လမ်းခွဲအထိ ချီတက်ကာ ယင်းလမ်းခွဲမှ ပြန်ကွေ့ပြီး စုရပ်တွင် ဆန္ဒဖော်ထုတ်ခြင်းကို အဆုံးသတ်မည်ဟု တင်ပြခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတို့က ရပ်ကွက်တွင်း လမ်းကြောင်းများတွင်သာ ချီတက် ဆန္ဒဖော်ထုတ်ရန် လမ်းကြောင်း ပြောင်းလဲ သတ်မှတ်ပေးခဲ့ကြောင်း ယင်းပါတီ အတွင်းရေးမှူး ဦးဇော်က ပြောကြားသည်။

ဆန္ဒဖော်ထုတ်သူများကမူ ခွင့်ပြုချက် တင်စဉ်က ပါရှိသည့် နဂိုမူရင်း လမ်းကြောင်းအတိုင်း ချီတက် ဆန္ဒဖော်ထုတ်ခဲ့ရာ ဆန္ဒဖော်ထုတ်သူများ အနေနှင့် သတ်မှတ် လမ်းကြောင်းမှ သွေဖည်နေကြောင်း ရဲအရာရှိတစ်ဦးက ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူများကို နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့သည်။
“သူတို့ပေးတဲ့ လမ်းကြောင်းအတိုင်း လျှောက်ပါတဲ့။ ကျွန်တော်တို့က မလျှောက်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒီကိစ္စက ရှင်းရှင်းပြောရရင် တပ်လှန့်တာပဲလေ။ တပ်လှန့်တာ ဖြစ်တဲ့အတွက် ဖြည်းဖြည်းဆေးဆေးလေး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သို့သော် ဆူပူမှုကတော့ မဖြစ်စေရဘူးလို့ အာမခံခဲ့တယ်” ဟု ဦးဇော်က ဆိုသည်။

ဆန္ဒဖော်ထုတ်သူ လူအုပ်ကြောင့် အများပြည်သူသွား လမ်းကြောင်းများ ပိတ်ဆို့ခြင်းနှင့် ဈေးအတွင်းတွင် အများပြည်သူ အသွားအလာပြုသည့် လမ်းကြောင်းများ ပိတ်ဆို့ခြင်းတို့ မဖြစ်စေရန် လမ်းကြောင်း ပြောင်းလဲ သတ်မှတ်ကာ ချထားပေးခြင်း ဖြစ်ကြောင်း ရဲအရာရှိက ပြောကြားသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် ပုဒ်မ ၅၉ (ဃ) နှင့် (စ) တို့ကို ဖျက်သိမ်းရန်နှင့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန်ဆိုသော စာသားများပါသည့် ဗီနိုင်း ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသည့် ဆန္ဒဖော်ထုတ်သူများသည် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန်၊ ဖွဲ့စည်းပုံ ပြင်ဆင်ရန်နှင့် တရားဥပဒေ စိုးမိုးရန်ဆိုသော တောင်းဆိုချက်များကို ကြွေးကြော်ခဲ့ကြသည်။ ယင်းဆန္ဒဖော်ထုတ်မှုမှာ ရေနံချောင်းမြို့တွင် ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်မှု ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် ခွင့်ပြုချက် ချထားပေးခံရသော ဆန္ဒဖော်ထုတ်မှုလည်း ဖြစ်သည်။

The Voice Weekly
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှ င့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သော လေး ပွင့် ဆိုင် တွေ့ ဆုံဆွေး နွေးရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ လုပ်ဆောင်ရန် ရေနံချောင်း ဒေသခံ လေးရာကျော် ခန့် ဆန္ဒဖော် ထုတ်ခဲ့ကြကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများက ပြောကြားသည်။
မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်တိုင်းတွင် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခြင်း ကို ငြင်းပယ် ခဲ့သော် လည်း ရေနံချောင်းမြို့နယ်ရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကမူ ဆန္ဒ ဖော် ထုတ်ခွင့် ပြု ခဲ့ကြောင်း၊ ယခု ဆန္ဒဖော်ထုတ်ဖွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ခြင်း ဖြစ်ပြီး အခြားသော အဖွဲ့အစည်းများနှင့် ပါတီဝင် မဟုတ်သည့် ပြည်သူများလည်း ပါဝင်ကြောင်း ရေနံချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးသာချိုက ပြောဆိုသည်။

“ကျွန်တော်တို့က တင်ရုံတင် တင်လိုက်တာပဲ။ ကျွန်တော်တို့ ရေနံချောင်းရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ကိုယ် တိုင် က ကျွန်တော်တို့ကို ယုံကြည် စိတ်ချစွာနဲ့ ခွင့်ပြုချက် ပေးလိုက်တာပါ” ဟု ဦးသာချိုက ရှင်းပြသည်။

ဆန္ဒဖော်ထုတ်ခွင့်တင်စဉ်က ရေနံချောင်း မြို့မဈေးလမ်း၊ ဈေးတွင်းလမ်း၊ ချောင်းနိမ့်လမ်း တို့မှတစ်ဆင့် သခင်ဖိုးလှကြီး လမ်းခွဲအထိ ချီတက်ကာ ယင်းလမ်းခွဲမှ ပြန်ကွေ့ပြီး စုရပ်တွင် ဆန္ဒဖော်ထုတ်ခြင်းကို အဆုံး သတ် မည်ဟု တင်ပြခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတို့က ရပ်ကွက်တွင်း လမ်းကြောင်းများ တွင်သာ ချီတက် ဆန္ဒဖော်ထုတ်ရန် လမ်းကြောင်း ပြောင်းလဲ သတ်မှတ်ပေးခဲ့ကြောင်း ယင်းပါတီ အတွင်းရေး မှူး ဦးဇော်က ပြောကြားသည်။

ဆန္ဒဖော်ထုတ်သူများကမူ ခွင့်ပြုချက် တင်စဉ်က ပါရှိသည့် နဂိုမူရင်း လမ်းကြောင်းအတိုင်း ချီတက် ဆန္ဒဖော် ထုတ်ခဲ့ရာ ဆန္ဒဖော်ထုတ်သူများ အနေနှင့် သတ်မှတ် လမ်းကြောင်းမှ သွေဖည်နေကြောင်း ရဲအရာရှိ တစ်ဦးက ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူများကို နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့သည်။

“သူတို့ပေးတဲ့ လမ်းကြောင်းအတိုင်း လျှောက်ပါတဲ့။ ကျွန်တော်တို့က မလျှောက်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒီကိစ္စက ရှင်းရှင်းပြောရရင် တပ်လှန့်တာပဲလေ။ တပ်လှန့်တာ ဖြစ်တဲ့အတွက် ဖြည်းဖြည်းဆေးဆေးလေး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သို့သော် ဆူပူမှုကတော့ မဖြစ်စေရဘူးလို့ အာမခံခဲ့တယ်” ဟု ဦးဇော်က ဆိုသည်။

ဆန္ဒဖော်ထုတ်သူ လူအုပ်ကြောင့် အများပြည်သူသွား လမ်းကြောင်းများ ပိတ်ဆို့ခြင်းနှင့် ဈေးအတွင်းတွင် အများပြည်သူ အသွားအလာပြုသည့် လမ်းကြောင်းများ ပိတ်ဆို့ခြင်းတို့ မဖြစ်စေရန် လမ်းကြောင်း ပြောင်း လဲ သတ် မှတ် ကာ ချထားပေးခြင်း ဖြစ်ကြောင်း ရဲအရာရှိက ပြောကြားသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် ပုဒ်မ ၅၉ (ဃ) နှင့် (စ) တို့ကို ဖျက်သိမ်းရန်နှင့် ပုဒ်မ ၄၃၆ ကို ပြင်ဆင် ရန် ဆိုသော စာသားများပါသည့် ဗီနိုင်း ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသည့် ဆန္ဒဖော်ထုတ်သူ များ သည် လေး ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန်၊ ဖွဲ့စည်းပုံ ပြင်ဆင်ရန်နှင့် တရားဥပဒေ စိုးမိုးရန် ဆိုေ သာ တောင်း ဆို ချက် များကို ကြွေးကြော်ခဲ့ကြသည်။ ယင်းဆန္ဒဖော်ထုတ်မှုမှာ ရေနံချောင်းမြို့တွင် ပထမ ဆုံး အကြိမ် ဆန္ဒဖော်ထုတ်မှု ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် ခွင့်ပြုချက် ချထားပေး ခံရသော ဆန္ဒဖော်ထုတ်မှုလည်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment