Friday, April 18, 2014

ယခုနှစ်သင်္ကြန်တွင် ရန်ကုန်တိုင်းအတွင်း ယာဉ်မတော်တဆမှု ပိုမိုဖြစ်ပွား

ယခုနှစ်သင်္ကြန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှုသည် ယမန်နှစ်များထက် ပိုဖြစ်ပွားလာပြီး ယာဉ်မတော်တဆမှု နှင့် ယာဉ်တိမ်းမှောက်မှုများကြောင့်သေဆုံးသူဦးရေနှင့် ဒဏ်ရာရရှိသူဦးရေသည် ယမန်နှစ်များကထက်များလာကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ အမှတ် ၂ယာဉ်ထိန်းရုံးမှသိရသည်။
ယမန်နှစ် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် အတွင်း၌ ယာဉ်တိုက်မှု ၄၆ မှုအထိဖြစ်ပွားခဲ့ကာ သေဆုံးသူဦးရေသည်၎ ဦးရှိကာ ဒဏ်ရာရှိသူဦးရေသည် ၉၂
အထိရှိခဲ့ကာ ယခုနှစ်သင်္ကြန်းအတွင်း ယာဉ်မတော်တဆမှုသည် ၆၂ မှုအထိရှိခဲ့ကာ သေဆုံးသူသည် ၁၅ ဦး ဒဏ်ရာရှိသူဦးရေသည်၁၁၁ဦး အထိရှိခဲ့ကြောင်းသိရသည်။
ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုနှင့် ယာဉ်တိမ်းမှောက်မှုအများစုသည် မနက်ပိုင်းတွင်ဖြစ် ပွားခဲ့ခြင်း ဖြစ်ပြီး ညပိုင်းတွင် ဖြစ်ပွားမှုသည်အနည်းငယ်သာရှိခဲ့ကြောင်းရန်ကုန်တိုင်းရဲ တပ်ဖွဲ့ အမှတ် ၂ ယာဉ်ထိမ်းရုံးမှသိရသည်။
ယခုနှစ်သင်္ကြန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှုသည် ယမန်နှစ်များထက်ပိုမိုဖြစ် ပွားခဲ့ သော်လည်း နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်တိုက်မှု သည် ၁ မှုသာရှိခဲ့ကြောင်း သင်္ကြန်းအတွင်း ယာဉ်မတော်တဆမှု ၆၂ မှုမှ ပြစ်မှုကျူးလွန် သူများအား အားအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
နှင်းနွယ်
မြန်မာ့ခေတ်

No comments:

Post a Comment