Thursday, April 10, 2014

ကုမ္ပဏီဒါရိုက်တာ၏ယာဉ်ကို ကုမ္ပဏီမှ ယာဉ်မောင်းကခိုးယူသွားသဖြင့် အရေးယူပေးရန်တိုင်တန်း

၈.၄.၂၀၁၄ရက်နေ့ ၁၂၃၀အချိန်ကမာရွတ်မြို့နယ်နေကုမ္ပဏီဒါရိုက်တာဖြစ်သူဒေါ်အေးအေးမှ ၎င်းသည် ဗဟန်းမြို့နယ်၊ဆရာစံရပ်ကွက်၊ပုလဲကွန်ဒိုမြေညီထပ်ရှိ အလှပြင်ဆိုင်သို့ ၎င်း၏ ယာဉ်အမှတ် ၃ဃ/---- ဆက်စီယာဆလွန်အဖြူရောင်ကိုယ်ပိုင်ယာဉ်ဖြင့် ခေါင်းလျှော်ရန်သွားရောက် ခဲ့ပြီး ယာဉ်ကို ဆိုင်ရှေ့တွင် သော့ခတ်ရပ်ထားခဲ့ကြောင်း၊ ၎င်းဆိုင်တွင်ခေါင်းလျှော်နေစဉ် ယာဉ်၏သော့အား ဆိုင်ရှိမှန်တင်ခုံပေါ်တွင် တင်ထားခဲ့ကြောင်း၊ ခေါင်းလျှော်ပြီး၍ ယာဉ်သော့ အားကြည့်ရာ မတွေ့ရှိတော့ဘဲ ယာဉ်မှာလည်း ပျောက်ဆုံးနေခဲ့ကြောင်း၊ ထိုသို့ယာဉ်ပျောက်ဆုံးနေသဖြင့်စုံစမ်းခဲ့ရာ ၎င်း၏ကုမ္ပဏီမှ
ခွင့်(၁)ရက်ယူထားသည့်ယာဉ်မောင်းဖြစ်သူရန်နိုင်ထွန်း၊(ဘ)ဦးဌေးလွင်၊ စောရန်ပိုင်တောင်ရပ်ကွက်နေသူမှ
ခိုးယူမောင်းနှင်သွားခဲ့သည်ကိုသိရှိခဲ့ရပြီး ယာဉ်မှာသန်လျင်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ကာ ၀ဲဘက်ဘေးခြမ်းပျက်စီးလျက်ရှိနေသည်ကို သိရှိခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ယာဉ်ကိုခိုးယူသွားခဲ့သူ ရန်နိုင်ထွန်းအား အရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။
ထိုသို့တိုင်တန်းချက်အရ ရန်နိုင်ထွန်းအားဗဟန်းမြို့မရဲစခန်း(ပ)၁၂၉/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၈၁ဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
 Yangon Police

No comments:

Post a Comment