Thursday, April 10, 2014

ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ မျက်မှန် တပ်ဆင်သင့်ဟုဆို

ပါဝါမျက်မှန်များကို ဆရာဝန်နှင့် မစမ်းသပ်ဘဲ ပြင်ပမှ အလွယ်တကူဝယ်ယူ တပ်ဆင်ခြင်းမပြုဘဲ ဆရာဝန်နှင့် စစ်ဆေး တိုင်ပင်ပြီးမှသာ တပ်ဆင်သင့်ကြောင်း မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံရှိ မျက်စိအထူးကု ဆရာဝန်ကြီးက ဧပြီလ ၉ ရက်က မဇ္ဈိမကို ပြောသည်။

မျက်မှန်များကို ဆရာဝန်နှင့် မစစ်ဆေးဘဲ ပြင်ပမှလွယ်လင့်တကူ ၀ယ်ယူတပ်ဆင်ခြင်းကြောင့် မျက်စိနှင့်စပ်လျဉ်းသည့် ပြဿနာများ ဖြစ်ပွားလာနိုင်သဖြင့် ယခုကဲ့သို့အ သိပေးခြင်းဖြစ်သည်။

“မျက်စိအားနည်းတယ်ဆိုပြီး ဖြစ်က တတ်ဆန်းတွေ့တဲ့ မျက်မှန်မတပ်သင့်ပါဘူး။ အဲဒီမှာက Cylinder Power တွေ ပါနေတတ်တယ်။ အဲဒါကို တပ်မိတယ်ဆိုရင် မျက်စိကောင်းတဲ့သူတွေဆို မျက်စိမှုန်
တာမျိုးဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး မျက်မှန်မတပ်ဘဲ စာကြည့်မရတာမျိုးတွေ၊ မျက်မှန် မတပ်ရင် ခေါင်းကိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်”ဟု မျက်စိဆရာဝန် တစ်ဦးက ပြောသည်။

လတ်တလော ဇက်ကြောတက်ခြင်း၊ ခေါင်းကိုက်ခြင်းများမှာ သာမန်မျက်စိကိုက်သည့် အခြေအနေ များတွင် ဖြစ်တတ်သော ကိစ္စရပ်များသာဖြစ်သဖြင့် မျက်စိဝေဒနာခံစားရခြင်း ရှိမရှိ စနစ်တကျ စမ်းသပ်စစ်ဆေးခြင်း မရှိဘဲ မျက်မှန် မတပ်သင့်ဟု ဆိုသည်။

မျက်စိကိုက်ခဲမှု သက်သာစေရန် ကွန်ပျူတာအပါအ၀င် အိုင်တီပစ်္စည်းများကို မိနစ် (၂၀) ခန့် အသုံးပြုပြီး ပါက မျက်စိကို ပေ(၂၀)အကွာရှိ အခြားနေရာသို့ စက္ကန့် (၂၀)ကြာ ကြည့်ရမည်ဖြစ်ကြောင်း၊ အဆိုပါ (၂၀၊ ၂၀၊ ၂၀)နည်းလမ်းကို အသုံးပြုသူများသည် မျက်စိဝေဒနာသက်သာလာကြောင်း ထို့ကြောင့် မလိုလား အပ်ဘဲ မျက်မှန်တပ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ကြောင်း မျက်စိဆရာဝန်တစ်ဦးက ပြောဆိုသည်။

Mizzima News

No comments:

Post a Comment