Friday, April 4, 2014

ရခိုင်မှာ ကျန်းမာရေး စောင့်ရှောက်မှု မလုံမလောက်ဖြစ်

Myanmar Rohingya
မြန်မာနိုင်ငံ ​ရခိုင်ပြည်နယ်မှာ ​နိုင်ငံတကာအဖွဲ့အစည်းက ​ကူညီထောက်ပံ့ရေး ​လှုပ်ရှားနိုင်မှု ​နည်းလာတဲ့ အတွက် ​လူအယောက်ပေါင်း ​ရှစ်သိန်းလောက် ​ကျန်းမာရေးစောင့်ရှောက်မှု ​မလုံလောက်မှုတွေ ​ကြုံတွေ့နေရတယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။
မကြာသေးခင်ကပဲ ​ရခိုင်ပြည်နယ်မှာရှိနေတဲ့ ​နိုင်ငံတကာက ​လူသားခြင်းစာနာတဲ့ ​အဖွဲ့အစည်းရဲ့ 
အမှုထမ်းတွေ ​တိုက်ခိုက်ခံရပြီးနောက် ​အမှုထမ်း ​အယောက် ​၁၇၀ ​လောက် ​နေရာပြောင်းရွှေ့မှု ​လုပ်ခဲ့ရတဲ့ အတွက် ​ခုအခါမှာ ​လုပ်ငန်းတွေ ​ဆိုင်းငံ့ထားသလို ​ဖြစ်နေရပါတယ်။
လူသားခြင်း ​စာနာရေး ​အကူအညီပေးရာမှာ ​ရခိုင် ​တိုင်းရင်းသား ​တွေနဲ့ ​ရိုဟင်ဂျာ ​မွတ်စလင်တွေ ​အကြား ​ခွဲခြားဆက်ဆံမှု ​လုပ်တယ်ဆိုပြီး ​ရခိုင် ​တိုင်းရင်းသားတွေက ​မကျေမနပ် ​ဖြစ်ခဲ့ပြီး ​အခြေအနေ ​တင်းမာခဲ့တာ ​ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ ​တုန်းက ​ထုတ်ပြန်တဲ့ ​ကမ္ဘာ့ ​ကျန်းမာရေး ​အဖွဲ့ရဲ့ ​ထုတ်ပြန်ချက်အရ ​နိုင်ငံတကာ ​အဖွဲ့အစည်းတွေ ​ကနေ ​ရခိုင်ပြည်နယ် ​ပဋိပက္ခကြောင့် ​ဒုက္ခရောက်နေသူ ​လူပေါင်း ​တစ်သိန်း ​လေးသောင်းကို ​ကျန်းမာရေး ​စောင့်ရှောက်မှု ​ပေးနေတာဖြစ်ပြီး ​ဒုက္ခသည်စခန်းမှာ ​မနေတဲ့ ​ပြင်ပက ​လူပေါင်း ​ခုနှစ်သိန်းကိုလည်း ​စောင့်ရှောက်မှုပေးနေကြောင်း ​ဖော်ပြထားပါတယ်။
အစာ ​အဟာရ ​ချို့တဲ့မှုဆိုင်ရာ ​ရောဂါခံစားနေရတဲ့ ​ကလေးငယ် ​အယောက် ​၃၀၀ ​လောက်ကိုလည်း ​ကုသမှုတွေ ​မပေးနိုင်တော့ဘူးလို့ ​ဆိုပါတယ်။
ရခိုင်ပြည်နယ် ​အတွင်း ​နိုင်ငံတကာ ​အလုပ်သမားတွေအတွက် ​လုံခြုံစိတ်ချရတဲ့ ​နေရာဖြစ်အောင် ​မဖန်တီးပေးနိုင်ရင် ​ကလေးငယ်တွေအပါအ၀င်နဲ့ ​မိသားစုတွေအနေနဲ့ ​ပိုပြီး ​ဒုက္ခရောက်ရလိမ့်မယ် ​လို့လည်း ​သတိပေးထားပါတယ်။
စစ်တွေမြို့မှာ ​ဖြစ်ခဲ့တဲ့ ​တိုက်ခိုက်မှုဟာ ​နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် ​တိုက်ခိုက်ရုံတင်မက ​လူသားခြင်းစာနာမှု ​ဆိုင်ရာလုပ်ငန်းတွေကို ​တိုက်ခိုက်ရာရောက်တယ်လို့လည်း ​ကုလသမဂ္ဂ အဖွဲ့အစည်းက ​Renata ​Dessallien ​က ​အေအက်ဖ်ပီ ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia

No comments:

Post a Comment