Friday, April 4, 2014

နိုင်ငံတကာ ၀န်ထမ်းတွေကို ရခိုင်မှာ သွားလာခွင့်ပြုဖို့ အမေရိကန် တောင်းဆို

သန်းခေါင်စာရင်း_ရခိုင်_2014325
ရိုဟင်ဂျာ အမည်ကို သန်းခေါင်စာရင်းထဲ မထည့်ဖို့ ကန့်ကွက်တဲ့အနေနဲ့ ရခိုင်တိုင်းရင်းသားတွေက သာသနာ့အလံကို နေအိမ်မှာ လွှင့်ထူထားကြပုံ (Credit: ABC) 
ရခိုင်ပြည်နယ်အတွင်းက ​ဘာသာရေးနဲ့ ​လူမျိုးရေး ​ပဋိပက္ခတွေကြောင့် ​ခရီးသွားခွင့်ပိတ်ပင်ခံထားရတဲ့ ​ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ ​တခြားနိုင်ငံတကာ ​လူသားခြင်းစာနာထောက်ထားမှု ​အဖွဲ့က၀န်ထမ်းတွေကို ​ခရီးသွားခွင့်ပြန်လည်ဖွင့်ပေးဖို့ ​အမေရိကန်အစိုးရက ​မြန်မာအစိုးရကို ​ဗုဒ္ဓဟူးနေ့မှာပဲ ​တောင်းဆိုလိုက် ​ပါတယ်။
ရခိုင်ပြည်နယ်က  ​လူသားခြင်း ​စာနာ ​ထောက်ထားမှု ​ဆိုင်ရာ ​ပြဿနာတွေနဲ့ ​ပတ်သက်ပြီး ​အမေရိကန် ​အစိုးရက ​စိုးရိမ်ကြောင်းနဲ့ ​ ကုလသမဂ္ဂ ​အဖွဲ့အစည်းနဲ့ ​နိုင်ငံတကာ ​လူသားခြင်း ​စာနာ ​ထောက်ထားမှု ​အဖွဲ့တွေ ​တိုက်ခိုက် ​ခံရတာဟာလည်း ​ခက်ခဲနေပြီးသား ​အခြေအနေကို ​ပိုမို ​ဆိုးရွား ​စေတယ်လို့ ​အမေရိကန် ​အစိုးရက ​ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ​အကူအညီလိုအပ်နေတဲ့ ​လူတွေအတွက် ​ကုလသမဂ္ဂ​အဖွဲ့အစည်းနဲ့ ​နိုင်ငံ တကာ ​အကူအညီပေးတဲ့ ​အဖွဲ့တွေက ​၀န်ထမ်းတွေ ​အနေနဲ့ ​လုပ်ငန်းတွေ ​ပြန်လည် ​စတင်နိုင်ဖို့ ​အတွက် ​ခရီးသွားလာခွင့် ​ပိတ်ပင်မှုတွေကို ​ပြန်လည် ​ဖွင့်ပေးဖို့နဲ့ ​ခရီးသွား ​လုံခြုံရေး ​အတွက်လည်း ​လိုအပ်သလို ​တာဝန်ယူပေးဖို့ ​အမေရိကန်အစိုးရက ​မြန်မာ အစိုးရကို ​တောင်းဆို လိုက်တာ ​ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ​တပတ်ကစပြီး ​ရခိုင်ပြည်နယ် ​အတွင်းက ​နိုင်ငံတကာ ​အကူအညီ ​ပေးရေး ​အဖွဲ့တွေရဲ့ ​ရုံးတွေ၊ ​ပစ္စည်း ​သိုလှောင်ရုံတွေနဲ့ ​နေအိမ်တွေကို ​ဗုဒ္ဓဘာသာဝင် ​အုပ်စုတစ်စုက ​၀င်ရောက် ​တိုက်ခိုက်မှုတွေ ​လုပ်ခဲ့တဲ့ ​အတွက် ​အဆိုပါ ​အုပ်စုကို ​ခွဲနိုင်ဖို့ ​ရဲတွေက ​သေနတ်တွေ ​ပစ်ဖေါက်ခဲ့ပြီး ​နိုင်ငံတကာ ​၀န်ထမ်းတွေ ​ကိုလည်း ​ကူညီ ​ကယ်ဆယ် ​ခဲ့ရပါတယ်။
နိုင်ငံတကာ ​အဖွဲ့တခုဖြစ်တဲ့ ​Melteser ​International ​အဖွဲ့က ​နိုင်ငံခြားသူ ​၀န်ထမ်း ​အမျိုးသမီး ​တစ်ဦးဟာ ​ရခိုင် ​တိုင်းရင်းသားတွေ ​သန်းခေါင်စာရင်း ​ကောက်ခံမှုကို ​သပိတ်မှောက်တဲ့ ​အနေနဲ့ ​စိုက်ထူထားတဲ့ ​ဗုဒ္ဓဘာသာ ​သာသနာ့အလံကို ​ဖြုတ်ချ ​ခဲ့တဲ့အတွက် ​အခုလို ​တိုက်ခိုက်မှုတွေ ​ဖြစ်ပေါ်ခဲ့ပြီး ​အခြေအနေတွေ ​တင်းမာနေတာ ​ဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment