Friday, April 25, 2014

ရန်ကုန်မြို့၄၈ လမ်း အစ္စလာမ် ဘာသာရေး စာသင်ကျောင်းနဲ့ ဗလီ မီးလောင်မှု တာဝန်ရှိ ဗလီဆရာနှစ်ဦးအားထောင် (၈) နှစ်ချ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)'s photo.
ပြီခဲ့သည့်နှစ် ဧပြီ လ နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အစ္စလာမ် ဘာသာရေး စာသင်ကျောင်းနဲ့ ဗလီ မီးလောင်ခဲ့တဲ့ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီးတော့ အဲဒီ ဗလီနဲ့ စာသင်ကျောင် မှာတာဝန်ရှိဗလီဆရာနှစ်ဦး ကို ဗိုလ်တစ်ထောင်တရားရုံးက မီးပါ့ဆမှုကြောင့် ထောင်ဒဏ် ၂နှစ်၊ ပုဒ်မ ၃၀၄ (က) လူသေမှု အရ ထောင်ဒဏ် (၆) နှစ် စုစုပေါင်း (၈) နှစ် ချမှတ် လိုက်ကြောင်းသိရသည်။
ယင်း ၄၈လမ်းမီးလောင်မှုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ကိုင်တွယ်ခဲ့ပြီး လောင်မှုနှင့် ပတ်သက်၍ ဒုတိယ အကြိမ်ပြုလုပ်သောသတင်းစာရှင်း လင်းပွဲတွင် မီးလောင်မှုဖြစ်ပွားချိန် မနက် ၃ နာရီမှာ ဗလီ စာသင်ကျောင်းဝင်းအတွင်း ရှိနေတဲ့ စာသင်သား ကလေးငယ်တွေ ဟာ အပြင်ကို ထွက်နိုင်တဲ့
ဝင်ပေါက်မှာသော့တွေ ခတ်ထားတဲ့အတွက် ဘေးလွတ်ရာ မပြေးနိုင်ပဲ ဗလီ စာသင်ကျောင်းမှာ တာဝန်ရှိသူတွေက အချိန်မှီလာရောက် တံခါး မဖွင့်နိုင်တဲ့ အတွက် ကလေး ငယ်တွေ အသက်ဆုံးရှုံးခဲ့တာလို့လည်း ရန်ကုန်တိုင်းဒေသကြီးရဲ့ ၀န်ကြီးချုပ်ဦးမြင့်ဆွေက သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
၄၈ လမ်း အစ္စလာမ် ဘာသာရေး စာသင်ကျောင်းနဲ့ ဗလီ မီးလောင်ခဲ့တဲ့ မီးလောင်ကျွမ်းမှုကျွမ်းမှုကြောင့် ကလေး ၁၃ ဦး သေဆုံးခဲ့သည်။

စောင့်ကြည့်ဂျာနယ်

No comments:

Post a Comment