Saturday, April 12, 2014

သင်္ကြန်ကာလ ကားစင်းလုံးငှားမှု လျော့ကျ

 ပြည်ပက ကားများ တင်သွင်းခွင့်ပြုလိုက်သဖြင့် ၂၀၁၄ခုနှစ် အတာသင်္ကြန်ကာလအတွက် ရန်ကုန်မြို့တွင်း ကားဖြင့် လည်ပတ်ရန် ကားစင်းလုံးငှားရမ်းနှုန်းသည် ယခင်နှစ်ထက် ကျဆင်းသွားပြီး ဘုရားဖူးထွက်ရန် ငှားသူသာ များပြားသည်ဟု ကားငှားရမ်းသည့် လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
“ဒီနှစ်သင်္ကြန်လည်ပတ်ဖို့ ကားကမငှားကြဘူး၊ ဒီနှစ်ကားတွေ အများကြီး ၀င်လာတော့ လူငယ်တွေ ကလည်း သင်္ကြန် လည်ပတ်ဖို့ကို နီးစပ်ရာ ပတ်ဝန်းကျင်က Light Truck ငှားပြီးသွားကြတယ်” ဟု H2O ကားအငှားလုပ်ငန်း ပိုင်ရှင် မလဲ့ရည်ခိုင်က ပြောသည်။

ကြယ်စင်ကားအငှားလုပ်ငန်း ပိုင်ရှင် ဦးကျော်ကြီးကလည်း “အရင်နှစ်ကလောက် သိပ်မငှားရဘူး၊ ခရီးထွက် ဘုရားဖူးထွက်တဲ့ ကားတွပဲငှားရတယ်” ဟု ပြောသည်။

ကားငှားရမ်းခ နှုန်းထားများအနေဖြင့် သင်္ကြန်တွင်းကာလဖြစ်သည့်အတွက် ခရီးစဉ်တွင် လမ်းတံတားကြေး ကို ပုံမှန် ထက် ပိုပေးရမှုများ၊ ယာဉ်မောင်းများကို ပုံမှန်ရက်ထက် နေ့စားခပိုမိုပေးရမှုများကြောင့် ကား ငှားရမ်းခကို ကျပ်ငွေ ငါးသောင်းခန့် ပိုသတ်မှတ်ထားသည်ဟု ကားအငှားလုပ်ငန်း လုပ်သူများက ဆိုသည်။

ထူးသစ်ကား အငှားလုပ်ငန်း ပိုင်ရှင် ဦးကျော်ကျော်က “သင်္ကြန်လည်ဖို့တော့ LIGHT TRUCK ကားလေးတွေငှားရတယ်၊ ၃ ရက် အပြီးစီး လေးသိန်း လောက်ယူတယ်၊ မနှစ်ကလည်းဒီဈေးပဲ" ဟု ပြော သည်။
လက်ရှိတွင် ဓာတ်ဆီဈေးနှုန်းမှာ တစ်ဂါလံ ကျပ် ၄၀၀၀ ဝန်းကျင်နှင့် ဒီဇယ်ဈေးမှာ တစ်ဂါလံ ကျပ် ၄၀၀၀ကျော် ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment