Saturday, April 12, 2014

အနုပညာရှင်တွေကို သင်္ကြန်ကာလအတွင်း ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး တိုက်တွန်းနှိုးဆော်လွှာထုတ်ခဲ့သည့် ရုပ်ရှင်အစည်းအရုံး

မြန်မာနိုင်ငံအစည်းအရုံးက မဟာသင်္ကြန်ကာလ အတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ လွန်ကဲ တဲ့  ၀တ်စား ဆင်ယင်မှုတွေ ကိုရှောင်ကြဉ်ဖို့ တိုက်တွန်းနှိုးဆော်လွှာကို ဧပြီလ(၈)ရက်နေ့မှာ ထု တ်ပြန်ခဲ့ တယ် လို့ ရပါတယ်။အခုလိုအနုပညာရှင်တွေနဲ့ပတ်သက်ပြီး နှိုးဆော်လွှာ ထုတ်ရခြင်းကတော့ အနုပညာ ရှင်တွေ ဟာ ပြည်သူတွေရဲ့ စံပြဖြစ်တာကြောင့် ပြည်သူတွေအနုယူမှုမမှားစေဖို့ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အနုပညာရှင်လောကသားတွေအနေနဲ့ကလည်း အခုနှစ် မဟာသင်္ကြန်မှာ ဖျော်ဖြေ ဖို့ဖြ စ်စေ၊ ရေပက်ခံထွက် သည်ဖြစ်စေ၊ ရေကစားမဏ္ဍပ်မှာ ရေကစားဖို့ပဲဖြစ်စေ၊ ခေတ်နဲ့အညီ ၀တ်စား ဆင် ယင် ရမှာဖြစ်ပေမယ့် မြန်မာ့ယဉ်ကျေးမှုကိုဆန့်ကျင်တဲ့ လွန်ကဲတဲ့ဝတ်စားဆင်ယင်မှုတွေကို မ၀တ် ဆင်ကြ ဖို့ အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တိုက်တွန်းနှိုးဆော်ခဲ့တာပဲ ဖြစ်ပါတယ်။

အနုပညာရှင်များကို အခုတိုက်တွန်းနှိုးဆော်လွှာ ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေနဲ့ အရေး ယူ မှုပြုလုပ်သွားမှာမဟုတ်ဘဲ မေတ္တာရပ်ခံချက်အနေနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ အနု ပညာ ရှင်တွေအနေနဲ့ လွန်ခဲ့တဲ့သင်္ကြန်ကာလတွေမှာ ခေတ်လွန် သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေကို လူမှု ဆက်ဆံရေးကွန်ယက်ဖြစ်တဲ့ Facebook နဲ့ မီဒီယာတွေမှာ ဖော်ပြခံရပြီးနောက်ပိုင်းမှာ သရုပ်ပျက် ၀တ်စား ဆင်ယင်မှုတွေ နည်းပါးသွားတယ်လို့လည်း သိရပါတယ်။

လူမှုဆက်ဆံရေးကွန်ယက်ဖြစ်တဲ့ ဖေ့ဘွတ်စ်မှာလည်း သင်္ကြန်ကာလတွေမှာ သရုပ်ပျက်အ၀တ်အစားတွေ ၀တ်စားဆင်မှုနည်းပါးစေဖို့အတွက် လူငယ်အချင်းချင်း နှိုးဆော်မှုတွေလည်းရှိနေပြီး  မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရအပြည့်ရှိတဲ့ သင်္ကြန်ပြန်လည်ဖြစ်ပေါ်လာစေဖို့ ၀ိုင်းဝန်းဆော်သြမှုတွေ ရှိလာပါတယ်။

MRTV-4

No comments:

Post a Comment