Wednesday, April 23, 2014

အပူဒဏ် မခံနိုင်၍ မန်းသားတို့ လွန်ဆွဲ ကြပြီ


အပူဒဏ် မခံနိုင်၍ မန်းသားတို့ လွန်ဆွဲ ကြပြီ
Wednesday, April 23, 2014

မန္တလေးမြို့တွင် အပူရှိန်လွန်ကဲမှုကြောင့် အပူဒဏ် မခံနိုင်၍ မြန်မာ့ဓလေ့ တစ်ရပ်ဖြစ်သော မိုးခေါ်လွန်ဆွဲပွဲ ကို ယနေ့ ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အကွက် ၂၂ဝ၊ မရမ်းခြံရပ်၊ ကမ်းနားလမ်းပေါ်တွင် ကျင်းပရာ
အမျိုးသား/ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင် ဆွဲကြသည်။''လွန်ဆွဲရာမှာ အမှားအယွင်းရှိလို့ မဖြစ်ပါဘူး။ ပွဲတွေပေးရတယ်။ မိုးခေါင်ကျော်စွာနတ်၊ သာသနာစောင့် နတ်မင်းကြီး လေးပါး၊ စက်ပွဲ၊ ဆိုင်းပွဲ၊ လွန်းကြိုးပွဲတွေ ပေးရပါတယ်။ ဒီနေ့က သုံးချီ သုံးလားဆွဲတာပါ။ မနက်ဖြန် ငါးချီ ငါးလား၊ သန်ဘက်ခါ ခုနစ်ချီ ခုနစ်လား ဆွဲမှာပါ'' ဟု မိုးခေါ်လွန်ဆွဲပွဲ ဖြစ်မြောက်ရေး အလှူရှင် ဦးလွင်က ရှင်းပြသည်။

လွန်ဆွဲပွဲတွင် အမျိုးသား/ အမျိုးသမီးများက သံချပ်များသဖွယ် တိုင်တည်ရွတ်ဆို အားပေးကြပြီး ရပ်ကွက် မီးသတ်ကားများကလည်း လွန်ဆွဲသောသူများ အပူဒဏ်သက်သာမှု ရှိစေရန် ရေလောင်းပက်ဖျန်းပေး ကြ သည်။ မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ဒေသကြီးများ၌ ဧပြီ ၂၁ ရက်တွင် ဖြစ်ပေါ်နိုင်သော ခရမ်းလွန်ရောင် ခြည် အညွှန်းကိန်း အမြင့်ဆုံးတန်ဖိုးများ၌ မန္တလေးတိုင်း ဒေသကြီးသည် UV Index ၁၃ ဒသမ ၁ ရှိကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန် ကြေညာ ထားရှိကြောင်း သိရသည်။

မြ၀တီ
မန္တလေးမြို့တွင် အပူရှိန်လွန်ကဲမှုကြောင့် အပူဒဏ် မခံနိုင်၍ မြန်မာ့ဓလေ့ တစ်ရပ်ဖြစ်သော မိုးခေါ်လွန်ဆွဲပွဲ ကို ယနေ့ ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အကွက် ၂၂ဝ၊ မရမ်းခြံရပ်၊ ကမ်းနားလမ်းပေါ်တွင် ကျင်းပရာ အမျိုးသား/ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင် ဆွဲကြသည်။''လွန်ဆွဲရာမှာ အမှားအယွင်းရှိလို့ မဖြစ်ပါဘူး။ ပွဲတွေပေးရတယ်။ မိုးခေါင်ကျော်စွာနတ်၊ သာသနာစောင့် နတ်မင်းကြီး လေးပါး၊ စက်ပွဲ၊ ဆိုင်းပွဲ၊ လွန်းကြိုးပွဲတွေ ပေးရပါတယ်။ ဒီနေ့က သုံးချီ သုံးလားဆွဲတာပါ။ မနက်ဖြန် ငါးချီ ငါးလား၊ သန်ဘက်ခါ ခုနစ်ချီ ခုနစ်လား ဆွဲမှာပါ'' ဟု မိုးခေါ်လွန်ဆွဲပွဲ ဖြစ်မြောက်ရေး
အလှူရှင် ဦးလွင်က ရှင်းပြသည်။
လွန်ဆွဲပွဲတွင် အမျိုးသား/ အမျိုးသမီးများက သံချပ်များသဖွယ် တိုင်တည်ရွတ်ဆို အားပေးကြပြီး ရပ်ကွက် မီးသတ်ကားများကလည်း လွန်ဆွဲသောသူများ အပူဒဏ်သက်သာမှု ရှိစေရန် ရေလောင်းပက်ဖျန်းပေး ကြ သည်။ မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ဒေသကြီးများ၌ ဧပြီ ၂၁ ရက်တွင် ဖြစ်ပေါ်နိုင်သော ခရမ်းလွန်ရောင် ခြည် အညွှန်းကိန်း အမြင့်ဆုံးတန်ဖိုးများ၌ မန္တလေးတိုင်း ဒေသကြီးသည် UV Index ၁၃ ဒသမ ၁ ရှိကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန် ကြေညာ ထားရှိကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment