Sunday, April 13, 2014

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂ မဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိ သုဓမ္မ ဦးသိန်းစိန် နိုင်ငံ တစ်ဝန်းလုံး သို့ ပြောကြား သည့် အတာ သင်္ကြန် နှစ်သစ်ကူး နှုတ်ခွန်း ဆက်လွှာ



Sunday, April 13, 2014

မိဘပြည်သူ များ ခင်ဗျား -
မြန်မာ တို့ရဲ့ ရိုးရာ အစဉ်အလာ ဖြစ်တဲ့ နှစ်သစ် ကူး သင်္ကြန် အခါ သမယ မှာ မိဘ ပြည်သူများ အားလုံး ကိုယ် ၏ ကျန်းမာ ခြင်း၊ စိတ်၏ ချမ်းသာ ခြင်းနဲ့ ပြည့်စုံ ကြပါစေ၊ သင်္ကြန် နှစ်သစ် ကူး ရုံး ပိတ်ရက် အားလပ်ရက် များကို ပျော်ရွင် စွာ ဖြတ်သန်း နိုင်ပြီး နှစ်ဟောင်း က ပင်ပန်း သမျှ အနားရ လို့် နှစ်သစ် မှာ အားသစ် ခွန်သစ် နဲ့ မိမိ အတွက် မိသားစု အတွက် နိုင်ငံ အတွက် စိတ်သစ် လူသစ်နဲ့ ကြိုးစား အလုပ်လုပ် နိုင်မယ့် နှစ်သစ် ကူး အခါ သမယ ဖြစ်ပါစေ လို့ ဦးစွာ ပထမ ဆုတောင်း နှုတ်ခွန်း ဆက်သ လိုက် ပါတယ်။

ယခုလို နှစ်သစ် ကူး ကာလ မှာ နှစ်ဟောင်းက အညစ် အကြေး များကို ဆေးကြော သန့်စင် ပြီး နှစ်သစ် မှာ စိတ်သစ် လူသစ် နဲ့ မင်္ဂလာ ရှိရှိ အစပြု လေ့ ရှိတာဟာ ကျွန်တော် တို့ လူ့ အဖွဲ့အစည်း ရဲ့ ရိုးရာ ဓလေ့ ဖြစ်ပါတယ်။ ကျွန်တော် တို့ ပြည်ထောင်စု ဟာ လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံ ငြိမ်းချမ်း စွာ အတူ ယှဉ်တွဲ နေထိုင် နိုင်တဲ့ သမိုင်း အစဉ် အလာ ရှိတဲ့ ပြည်ထောင်စု ဖြစ်ပါ တယ်။ နှစ်ထောင် ချီ သမိုင်း အစဉ်အလာ ရှိပြီး ယဉ်ကျေး တဲ့ လူမျိုး တွေ စုဝေး နေထိုင် ကြတဲ့ နိုင်ငံ တစ် နိုင်ငံ အဖြစ် ကမ္ဘာ့ မိသားစု ကြီး ထဲမှာ ဂုဏ်ရှိန် ဝင့်ထည် ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ သင်္ကြန် ပွဲတော် ဟာလည်း လူမျိုး ပေါင်းစုံ ဘာသာ ပေါင်းစုံ ပါဝင် ဆင်နွှဲ ကြတဲ့ ရိုးရာ ပွဲတော်ကြီး ဖြစ်ပါတယ်။


ဒီ အစဉ် အလာတွေ ကို မပျောက် မပျက် အောင် ထိန်းသိမ်း ကြဖို့ ကျွန်တော် တို့ အားလုံးမှာ တာဝန် ရှိ ပါတယ်။ ကျွန်တော် တို့ လူ့ အဖွဲ့ အစည်း အနေနဲ့ အတာ သင်္ကြန် ရက်များ ကို တည်ငြိမ် အေးချမ်း ပျော်ရွှင် ချမ်းမြေ့စွာ ဖြတ်သန်း နိုင်ကြ ဖို့ အတွက် အမျိုးသား စည်းလုံး ညီညွတ် မှု ကို အခြေခံ တဲ့ စာနာ မူများ၊ ထိန်းညှိမှု များ၊ ညှိနှိုင်းမှု များနဲ့ တစ်ဦး ပေါ် တစ်ဦး ညီရင်း အစ်ကို မောင်ရင်း နှမ သဖွယ် ဆက်ဆံ လေ့ ရှိကြ တဲ့ မြန်မာ တို့ရဲ့ ရိုးရာ ဓလေ့ စရိုက် ကောင်းများ ကို ယခုနှစ် အတာ သင်္ကြန် မှာ ပိုမို ပီပြင်စွာ ထုတ်ဖော် ပြသ ကြဖို့ နဲ့ လူမျိုးရေး အစွဲ၊ ဘာသာ ရေး အစွဲတွေ ကို အခြေခံ တဲ့ မငြိမ် မသက် ဖြစ်မှု တွေ လှုံ့ဆော် ဆူပူမှု တွေကို တာဝန် သိတဲ့ သိက္ခာ ရှိတဲ့ နိုင်ငံ သား တိုင်း က အား မပေး ဘဲ ဝင်ရောက် ထိန်းသိမ်း ကြဖို့ လက်မခံ ကြဖို့ မိဘ ပြည်သူ များကို အလေး အနက် မေတ္တာ ရပ်ခံ တိုက်တွန်း ပြောကြား လိုပါတယ်။

အလားတူ တစ် နိုင်ငံ လုံး တစ်မျိုး သားလုံး မျှော်လင့် စောင့်စား နေကြ တဲ့ အတာ သင်္ကြန် နေ့ထူး ရက်မြတ် အခါ သမယ များ မှာ ပြည်သူ လူထု အများစု ရဲ့ အေးချမ်းစွာ ပျော်ရွှင် ကြည်နူးမှု ကို အနှောင့် အယှက် ဖြစ်စေမယ့် အပြု အမူ အပြော အဆို များ ရှောင်ကြဉ် ကြရန် လည်း တိုက်တွန်း ပြောကြား လိုပါ တယ်။ ၁၃၇၅ ခု ကနေ ၁၃၇၆ ခု ကို ကူးပြောင်း တဲ့ အတာ သင်္ကြန် ကာလ တွေမှာ ရုံးဝန်ထမ်း တွေ ပုဂ္ဂလိ က ဝန်ထမ်း တွေ က စလို့ ဘိုးဘွား မိဘ တွေ ကလေး သူငယ် တွေ အပါ အဝင် ပျော်ရွှင်စွာ နှစ်သစ်ကူး နိုင်ကြ ပါစေ။ နှစ်သစ် ဖြစ်တဲ့ ၁၃၇၆ ခုနှစ် ဟာ မြန်မာ နိုင်ငံ အဖို့ ငြိမ်းချမ်း ရေး ကို ဆောင်ကြဉ်း ပေးလာ မယ့် နှစ်သစ် ဖြစ်ပါစေ၊ တရား မျှတ ခြင်း၊ လွတ်လပ် ခြင်း၊ ညီမျှခြင်း တည်း ဟူသော လောက ပါလ တရားများ ပိုမို ထွန်းကား သည့် ပြည်ထောင်စု ကြီး ဖြစ်ပါစေ ဟု ဆန္ဒ ပြုရင်း နိဂုံး ချုပ် အပ်ပါတယ်။

၁၃၇၆ ခုနှစ်သို့ ကူးပြောင်း သော အတာ သင်္ကြန် သည် ငြိမ်းချမ်း ရေး သင်္ကြန် ဖြစ်ပါစေ၊ မိဘ ပြည်သူ များ ကိုယ်၏ ကျန်းမာ ခြင်း စိတ်၏ ချမ်းသာ ခြင်း နဲ့ ပြည့်စုံ ကြပါစေ။

Golden Land Myanmar

No comments:

Post a Comment